တလှိုင်းပြီးတလှိုင်းလာမယ်….. 👏👏👏 အယ်ဘသားတွေ မနဲမနော အလင်းဝင်ကုန်ပြီ

မန်ဝိန်းကြီးတိုက်ပွဲ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀နီးပါး လက်နက်ချ ဟုစစ်​ရေးသတင်းရင်းမြစ်​ပြော
▪︎လက်နက်ကြီး၊ငယ်မျိုးစုံ အလက် ၂၀၀ ကျော်သိမ်းရရှိ​

ဆန်အောင်/People’s Spring

ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးစစ်ကောင်စီတပ်စခန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါးလက်နက်ချကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

မန်ဝိန်းကြီး တပ်စခန်းကို ဇန်နဝါရီ ၂၁ရက် မနက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

“မန်ဝိန်းကြီးမှာ စကစ ၂၀၀နီးပါး လက်နက်ချတယ်။ လက် နက်ကြီးငယ် ၂၀၀ကျော်ရထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ရေးသတင်းရင်းမြစ်က ပြသသည့် ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိထားသည့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ချ အညံ့ခံခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရသည်။

အခြားရုပ်သံဖိုင်တစ်ခုတွင် စစ်​ကောင်စီတပ်သား ၃၀ ခန့်တစ်​နေရာတည်းတွင်လက်နက်ချ ​နေသည်ကိုလည်း​တွေ့ရသည်။

KIA ပူးပေါင်းတပ်ဖွဲ့ အနေဖြင့် ယနေ့တွင် ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ မန် ဝိန်းကြီးနှင့် ရှမ်းမြောက် မဘိမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

“KIA တပ်မဟာ(၃)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီမနက် မြို့ နှစ် မြို့ကို သိမ်းလိုက်ပါပြီ။ ၉နာရီခွဲမှာ မဘိမ်းမြို့ကို အလုံးစုံ အပြီး သိမ်းလိုက်ပြီး ၁၀နာရီမှာ မန့်ဝိန်းကြီးမြို့ကို အလုံးစုံ အပီး သိမ်းပိုက်နိုင်ခဲ့ပါပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မဘိမ်းမြို့ သိမ်းပိုက်နိုင်မှုကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

“ မဘိမ်းမြို့ကို ကျနော်တို့ KIA တို့ AA တို့ PDF ၊ KPDF တွေ အားလုံးဝိုင်းပြီးမှ တိုက်တာ ဒီမနက်ကတော့ ရဲစခန်းရော နောက် သူတို့ စစ်တပ်စခန်းတွေရော အကုန်လုံးသိမ်းလို့ရပြီတဲ့။ အဲဒီလောက်ပဲကျနော်တို့ ကြားပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA အနေဖြင့် ယမန်နေ့ကလည်း ဖားကန့်ရှိ ဝှေခါတပ်စခန်းကို စစ်ကောင်စီ လေကြောင်း ပစ်ကူပေး တိုက်ခိုက်နေသည့်ကြားမှ သိမ်းပိုက်နိုင်ခဲ့ပြီး ၊ဇန်နဝါရီ ၁၉ရက်ကလည်း မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို သိမ်းနိုင်ခဲ့သည်။ ရှမ်းမြောက်ရှိ မိုးမိတ်တွင်လည်း KIA ပူးပေါင်းတပ်က စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

မန္ဝိန္းႀကီးတိုက္ပြဲ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၂၀၀နီးပါး လက္နက္ခ် ဟုစစ္​ေရးသတင္းရင္းျမစ္​ေျပာ
▪︎လက္နက္ႀကီး၊ငယ္မ်ိဳးစုံ အလက္ ၂၀၀ ေက်ာ္သိမ္းရရွိ​

ဆန္ေအာင္/People’s Spring

ကခ်င္ျပည္နယ္ မံစီၿမိဳ႕နယ္ မန္ဝိန္းႀကီးစစ္ေကာင္စီတပ္စခန္းအား ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA)က တိုက္ခိုက္သိမ္းပိုက္ရာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀၀ နီးပါးလက္နက္ခ်ေၾကာင္း စစ္ေရးသတင္းရင္းျမစ္က ေျပာျပသည္။

မန္ဝိန္းႀကီး တပ္စခန္းကို ဇန္နဝါရီ ၂၁ရက္ မနက္တြင္ သိမ္းနိုင္ခဲ့ျခင္းျဖစ္သည္။

“မန္ဝိန္းႀကီးမွာ စကစ ၂၀၀နီးပါး လက္နက္ခ်တယ္။ လက္ နက္ႀကီးငယ္ ၂၀၀ေက်ာ္ရထားတယ္”ဟု စစ္ေရးသတင္းရင္းျမစ္က ေျပာသည္။

စစ္ေရးသတင္းရင္းျမစ္က ျပသသည့္ ႐ုပ္သံႏွင့္ ဓာတ္ပုံမွတ္တမ္းတြင္ စစ္ေကာင္စီတပ္ထံမွ သိမ္းဆည္းရရွိထားသည့္ လက္နက္ခဲယမ္းမ်ား၊ စစ္အသုံးအေဆာင္ပစၥည္းမ်ား၊ လက္နက္ခ် အညံ့ခံခဲ့ၾကသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ေတြ႕ရသည္။

အျခား႐ုပ္သံဖိုင္တစ္ခုတြင္ စစ္​ေကာင္စီတပ္သား ၃၀ ခန္႔တစ္​ေနရာတည္းတြင္လက္နက္ခ် ​ေနသည္ကိုလည္း​ေတြ႕ရသည္။

KIA ပူးေပါင္းတပ္ဖြဲ႕ အေနျဖင့္ ယေန႔တြင္ ကခ်င္ႏွင့္ ရွမ္းေျမာက္ရွိ စစ္ေကာင္စီတပ္စခန္းမ်ားကို တိုက္ခိုက္ခဲ့ရာ မန္ ဝိန္းႀကီးႏွင့္ ရွမ္းေျမာက္ မဘိမ္းၿမိဳ႕ကို သိမ္းပိုက္နိုင္ခဲ့သည္။

“KIA တပ္မဟာ(၃)နဲ႔ ပူးေပါင္းတပ္ဖြဲ႕ေတြက ဒီမနက္ ၿမိဳ႕ ႏွစ္ ၿမိဳ႕ကို သိမ္းလိုက္ပါၿပီ။ ၉နာရီခြဲမွာ မဘိမ္းၿမိဳ႕ကို အလုံးစုံ အၿပီး သိမ္းလိုက္ၿပီး ၁၀နာရီမွာ မန႔္ဝိန္းႀကီးၿမိဳ႕ကို အလုံးစုံ အပီး သိမ္းပိုက္နိုင္ခဲ့ပါၿပီ” ဟု စစ္ေရးသတင္းရင္းျမစ္က ေျပာသည္။

မဘိမ္းၿမိဳ႕ သိမ္းပိုက္နိုင္မႈကို KIA သတင္းျပန္ၾကားေရးဌာန တာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက အတည္ျပဳသည္။

“ မဘိမ္းၿမိဳ႕ကို က်ေနာ္တို႔ KIA တို႔ AA တို႔ PDF ၊ KPDF ေတြ အားလုံးဝိုင္းၿပီးမွ တိုက္တာ ဒီမနက္ကေတာ့ ရဲစခန္းေရာ ေနာက္ သူတို႔ စစ္တပ္စခန္းေတြေရာ အကုန္လုံးသိမ္းလို႔ရၿပီတဲ့။ အဲဒီေလာက္ပဲက်ေနာ္တို႔ ၾကားပါတယ္” ဟု ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာသည္။

KIA အေနျဖင့္ ယမန္ေန႔ကလည္း ဖားကန႔္ရွိ ေဝွခါတပ္စခန္းကို စစ္ေကာင္စီ ေလေၾကာင္း ပစ္ကူေပး တိုက္ခိုက္ေနသည့္ၾကားမွ သိမ္းပိုက္နိုင္ခဲ့ၿပီး ၊ဇန္နဝါရီ ၁၉ရက္ကလည္း မံစီၿမိဳ႕နယ္ရွိ စစ္ေကာင္စီတပ္စခန္း တစ္ခုကို သိမ္းနိုင္ခဲ့သည္။ ရွမ္းေျမာက္ရွိ မိုးမိတ္တြင္လည္း KIA ပူးေပါင္းတပ္က စစ္ေကာင္စီတပ္ကို တိုက္ခိုက္လ်က္ရွိသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *