မွှင်းခါးနှစ်ပွဲစားထားတဲ့ နံနံသီးကိုရှိုးလိုက်အုံး

ဆားလင်းကြီးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင် ခရိုင်တပ်ရင်း၂၈ ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဆားလင်းကြီးမြို့မှ ထွက်လာသော အင်အား ၁၀၀ ပါ အကြမ်းဖက် စစ်တပ် စစ်​ကြောင်းကို ယင်းမာပင် ခရိုင်တပ်ရင်း ၂၈ ဓားမဆိုင်း တပ်မတော်က မြို့ပြင်လမ်းဆုံ ရောက်ရှိလာချိန်တွင် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်

ဓားမဆိုင်းတပ်မတော် တပ်စိတ်မှူး မိုင်းတာဝန်ခံ ရဲဘော်ကိုငမောင် တိုင်းပြည့်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရှိရသည်။

ဆားလင္းႀကီးၿမိဳ႕နယ္တြင္ စစ္တပ္ စစ္ေၾကာင္းကို မိုင္းဆြဲ တိုက္ခိုက္မႈ စစ္ေကာင္စီ တပ္သား ၂ ဦးေသဆုံး

ဇန္နဝါရီ ၂၁

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္တြင္ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းကို မိုင္းဆြဲ တိုက္ခိုက္ရာ စစ္ေကာင္စီ တပ္သား ၂ ဦးေသဆုံးခဲ့ေၾကာင္း ယင္းမာပင္ ခရိုင္တပ္ရင္း၂၈ ဓားမဆိုင္းတပ္မေတာ္ အထူးတိုက္ခိုက္ေရး တပ္ဖြဲ႕ ေခါင္းေဆာင္ ဗိုလ္ထြဋ္ေခါင္က မီဒီယာသို႔ ေျပာဆိုသည္။

ဇန္နဝါရီလ ၂၀ ရက္ေန႔ နံနက္ ၇ နာရီခန္႔တြင္ ဆားလင္းႀကီးၿမိဳ႕မွ ထြက္လာေသာ အင္အား ၁၀၀ ပါ အၾကမ္းဖက္ စစ္တပ္ စစ္​ေၾကာင္းကို ယင္းမာပင္ ခရိုင္တပ္ရင္း ၂၈ ဓားမဆိုင္း တပ္မေတာ္က ၿမိဳ႕ျပင္လမ္းဆုံ ေရာက္ရွိလာခ်ိန္တြင္ ပေဒသာမိုင္းမ်ားျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ယင္းတိုက္ခိုက္မႈ အတြင္း အၾကမ္းဖက္ စစ္ေကာင္စီတပ္သား ၂ ဦး ေသဆုံးၿပီး အၾကမ္းဖက္ စစ္ေကာင္စီတပ္သားမ်ားက လက္နက္ငယ္မ်ားျဖင့္ ရမ္းသမ္းပစ္ခတ္မႈေၾကာင့္

ဓားမဆိုင္းတပ္မေတာ္ တပ္စိတ္မႉး မိုင္းတာဝန္ခံ ရဲေဘာ္ကိုငေမာင္ တိုင္းျပည့္အတြက္ ျမင့္ျမတ္စြာ အသက္ေပးလႉခဲ့ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *