မဘိမ်း၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ sold out မိုးကုတ်ကနေ စောင့်နေပြီ 🤪

ရှမ်းမြောက် မဘိမ်းမြို့ကို KIA နှင့် PDF တို့ သိမ်းပြီ

21 January 2024 – Kachinwaves

ရှမ်းပြည်မြောက်ပိုင်း၊ မဘိမ်းမြို့ကို KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း သိရသည်။

မဘိမ်းမြို့သိမ်းစစ်ဆင်ရေးကို ယမန်နေ့နံနက် ၅ နာရီဝန်းကျင်ကစပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဆင်နွှဲခဲ့ပြီးနောက် ယနေ့နံနက်အစောပိုင်းတွင်း ရရှိခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“မဘိမ်းမြို့မှာက စစ်တပ်စခန်းကုန်းနဲ့ ရဲစခန်းကုန်းပဲရှိတယ်။ မနေ့က စစ်တပ်ကုန်းကိုသိမ်းတယ်။ ရဲစခန်းပဲကျန်တာက ခုရသွားပြီ။ အားလုံးဘေးကင်းရာကို ဆုတ်နေတယ်။ လေယာဉ်လာမှာကြောင့်”

ရဲစခန်းမှာ မဘိမ်းမြို့အတွင်းတွင်ရှိပြီး စစ်တပ်ကုန်းမှာ ကုန်းမခံကျေးရွာထိပ်တွင် တည်ရှိကြောင်းသိရသည်။

အဆိုပါမြို့သိမ်းတိုက်ပွဲတွင် KIA၊ ရွှေကူ PDF နှင့် မိုးကြိုးတပ်ခွဲလည်း ပါဝင်ကြောင်း သိရသည်။

တော်လှန်ရေးတပ်များသိမ်းယူနိုင်ခဲ့သည့် မဘိမ်းမြို့မှာ လက်ရှိမြို့သိမ်းတိုက်ပွဲဖြစ်ပွါးနေသည့် မိုးမိတ်မြို့နယ်နှင့်လည်း ထိစပ်နေသည်။
#မြို့သိမ်း

ရွမ္းေျမာက္ မဘိမ္းၿမိဳ႕ကို KIA ႏွင့္ PDF တို႔ သိမ္းၿပီ

21 January 2024 – Kachinwaves

ရွမ္းျပည္ေျမာက္ပိုင္း၊ မဘိမ္းၿမိဳ႕ကို KIA ႏွင့္ ေတာ္လွန္ေရးပူးေပါင္းတပ္ဖြဲ႕မ်ား ယေန႔နံနက္ပိုင္းတြင္ သိမ္းပိုက္ရရွိလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

မဘိမ္းၿမိဳ႕သိမ္းစစ္ဆင္ေရးကို ယမန္ေန႔နံနက္ ၅ နာရီဝန္းက်င္ကစၿပီး ေတာ္လွန္ေရးပူးေပါင္းတပ္ဖြဲ႕မ်ား တိုက္ပြဲဆင္ႏႊဲခဲ့ၿပီးေနာက္ ယေန႔နံနက္အေစာပိုင္းတြင္း ရရွိခဲ့ေၾကာင္း တိုက္ပြဲတြင္ပါဝင္သည့္ ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္တစ္ဦးက ဆိုသည္။

“မဘိမ္းၿမိဳ႕မွာက စစ္တပ္စခန္းကုန္းနဲ႔ ရဲစခန္းကုန္းပဲရွိတယ္။ မေန႔က စစ္တပ္ကုန္းကိုသိမ္းတယ္။ ရဲစခန္းပဲက်န္တာက ခုရသြားၿပီ။ အားလုံးေဘးကင္းရာကို ဆုတ္ေနတယ္။ ေလယာဥ္လာမွာေၾကာင့္”

ရဲစခန္းမွာ မဘိမ္းၿမိဳ႕အတြင္းတြင္ရွိၿပီး စစ္တပ္ကုန္းမွာ ကုန္းမခံေက်းရြာထိပ္တြင္ တည္ရွိေၾကာင္းသိရသည္။

အဆိုပါၿမိဳ႕သိမ္းတိုက္ပြဲတြင္ KIA၊ ေရႊကူ PDF ႏွင့္ မိုးႀကိဳးတပ္ခြဲလည္း ပါဝင္ေၾကာင္း သိရသည္။

ေတာ္လွန္ေရးတပ္မ်ားသိမ္းယူနိုင္ခဲ့သည့္ မဘိမ္းၿမိဳ႕မွာ လက္ရွိၿမိဳ႕သိမ္းတိုက္ပြဲျဖစ္ပြါးေနသည့္ မိုးမိတ္ၿမိဳ႕နယ္ႏွင့္လည္း ထိစပ္ေနသည္။
#ၿမိဳ႕သိမ္း

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *