What day is today?

သထုံ လေ့ကျင့်ရေး ၉ တပ်မှ တပ်သားသစ် ၉ ဦး လက်နက်နှင့်အတူ ထွက် ပြေးမှု ၆ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးပြီး မသေမရှင်ဖြစ်နေစဉ် မီးရှို့ အလောင်းဖျောက်၊ ၁ ဦးအရှင်ဖမ်းမိပြီး ၂ ဦးလွတ်မြောက်နေဆဲ

ဇန်နဝါရီ ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် အမှတ် ၉ လေ့ကျင့်ရေးတပ်မှ တပ်သား သစ် ၉ ဦးသည် လက်နက်နှင့်အတူ ထွက်ပြေးကြရာ စစ်တပ်က စစ်သား ၆ ဦးကို ပစ်ခတ် ပြန်လည် ဖမ်းဆီးရရှိပြီး သေဆုံးသူများနှင့်ဒဏ်ရာရရှိသူများကို မီးရှို့အလောင်းဖျောက်ဖျက်မှုများ လုပ်ဆောင်ကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် သထုံမြို့နယ် အမှတ် ၉ လေ့ကျင့်ရေးတပ် မှ တပ်သားသစ် ၉ ဦးသည် လက်နက်နှင့်အတူ ထွက်ပြေးကြကြောင်း၊ စစ် တပ်က အဆိုပါ တပ်သားသစ် ၉ ဦးကို လိုက်လံ ဖမ်းဆီးရာ ယမန်နေ့ နေ့လယ် ပိုင်းတွင်

တပ်သားသစ် ၂ ဦးကို ပစ်ခတ်လိုက်သဖြင့် အသေဖမ်းဆီးရရှိကြောင်း၊ ယမန်နေ့ ညနေပိုင်းတွင် တပ်သားသစ် ၄ ဦးကို စစ်တပ်က ထပ်မံ ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် သေဆုံးသူများနှင့်ဒဏ်ရာရရှိသူများကို သထုံ မြို့ နယ်၊ ကတိုက်ကြီးကျေးရွာ လယ်ကွင်းတွင် မီးရှို့ အလောင်းဖျောက် ဖျက် ကြောင်း သိရှိရသည်။

“မနေ့မနက်ပိုင်း သထုံ လေ့ကျင့်ရေး ၉ တပ်မှ တပ်သား ၉ ဦး လက်နက်နဲ့အတူ ထွက်ပြေးကြတာ။ အောက်ကွင်းဇုန်သို့ ထွက်ပြေးကြတယ်။ အဲဒါ နယ်မြေ မကျွမ်း ကျင်တော့ လယ်ကွင်းထဲ ထွက်ပြေးကြတယ်။ အဲဒီမှာ ၂ ဦးကို ပစ်ခတ် ဖမ်းတာ ပွဲချင်းပြီးသေတယ်။

ညနေပိုင်းမှာ ၄ ဦးကို ထပ်ပြီး ပစ်ခတ်ဖမ်းတယ်။ အဲဒီမှာ စစ်သား ၄ ဦးမှာ ၁ ဦးက ဝမ်းဗိုက်ကျည်ထိထားတယ်။ ၂ ဦးက ရင်ဘတ် ကို ကျည်ထိတယ်။ ၁ ဦးက ခေါင်းကိုထိထားတယ်။

အဲဒါ သေဆုံးသူ ၂ ဦးရော၊ မသေမရှင်ဒဏ်ရာရသူတွေကိုပါ တစ်ခါတည်း ရောပြီး မီးရှို့လိုက်တယ်။ ကတိုက်ကြီးကျေးရွာ လယ်ကွင်းထဲမှာ ရှို့တာ” ဟု တပ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

သထုံမြို့နယ်၊ လေ့ကျင့်ရေး ၉ တပ်မှ ထွက်ပြေးကြသည့် တပ်သားသစ် ၉ ဦး သည် ပဲခူးနှင့်ဧရာ၀တီတိုင်းမှ ဖြစ်ပြီး ပေါ်တာဆွဲခံရပြီး စစ်တပ်ထဲ ရောက်ရှိ လာ သည့် တပ်သားသစ်များဖြစ်ကြောင်း၊ အသက် ၂၀ ဝန်းကျင်သာရှိပြီး နယ်မြေ မကျွမ်းကျင်ချိန်

ထွက်ပြေးကြရာမှ စစ်တပ်က ပြန်လည် ဖမ်းဆီးရ ရှိခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၁ ဦး အရှင်ဖမ်းမိသွားပြီး ကျန် ၂ ဦးမှာ လွတ် မြောက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

သထုံ ေလ့က်င့္ေရး ၉ တပ္မွ တပ္သားသစ္ ၉ ဦး လက္နက္ႏွင့္အတူ ထြက္ ေျပးမႈ ၆ ဦးကို စစ္တပ္က ပစ္ခတ္ဖမ္းဆီးၿပီး မေသမရွင္ျဖစ္ေနစဥ္ မီးရွို႔ အေလာင္းေဖ်ာက္၊ ၁ ဦးအရွင္ဖမ္းမိၿပီး ၂ ဦးလြတ္ေျမာက္ေနဆဲ

ဇန္နဝါရီ ၂၁

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္အေျခစိုက္ အမွတ္ ၉ ေလ့က်င့္ေရးတပ္မွ တပ္သား သစ္ ၉ ဦးသည္ လက္နက္ႏွင့္အတူ ထြက္ေျပးၾကရာ စစ္တပ္က စစ္သား ၆ ဦးကို ပစ္ခတ္ ျပန္လည္ ဖမ္းဆီးရရွိၿပီး ေသဆုံးသူမ်ားႏွင့္ဒဏ္ရာရရွိသူမ်ားကို မီးရွို႔အေလာင္းေဖ်ာက္ဖ်က္မႈမ်ား လုပ္ေဆာင္ေၾကာင္း တပ္သတင္းရင္းျမစ္က ေျပာဆိုသည္။

ဇန္နဝါရီ ၂၀ ရက္ေန႔ နံနက္ပိုင္းတြင္ သထုံၿမိဳ႕နယ္ အမွတ္ ၉ ေလ့က်င့္ေရးတပ္ မွ တပ္သားသစ္ ၉ ဦးသည္ လက္နက္ႏွင့္အတူ ထြက္ေျပးၾကေၾကာင္း၊ စစ္ တပ္က အဆိုပါ တပ္သားသစ္ ၉ ဦးကို လိုက္လံ ဖမ္းဆီးရာ ယမန္ေန႔ ေန႔လယ္ ပိုင္းတြင္

တပ္သားသစ္ ၂ ဦးကို ပစ္ခတ္လိုက္သျဖင့္ အေသဖမ္းဆီးရရွိေၾကာင္း၊ ယမန္ေန႔ ညေနပိုင္းတြင္ တပ္သားသစ္ ၄ ဦးကို စစ္တပ္က ထပ္မံ ပစ္ခတ္ ဖမ္းဆီးခဲ့ေၾကာင္း၊ ယင္းေနာက္ ေသဆုံးသူမ်ားႏွင့္ဒဏ္ရာရရွိသူမ်ားကို သထုံ ၿမိဳ႕ နယ္၊ ကတိုက္ႀကီးေက်းရြာ လယ္ကြင္းတြင္ မီးရွို႔ အေလာင္းေဖ်ာက္ ဖ်က္ ေၾကာင္း သိရွိရသည္။

“မေန႔မနက္ပိုင္း သထုံ ေလ့က်င့္ေရး ၉ တပ္မွ တပ္သား ၉ ဦး လက္နက္နဲ႔အတူ ထြက္ေျပးၾကတာ။ ေအာက္ကြင္းဇုန္သို႔ ထြက္ေျပးၾကတယ္။ အဲဒါ နယ္ေၿမ မကၽြမ္း က်င္ေတာ့ လယ္ကြင္းထဲ ထြက္ေျပးၾကတယ္။ အဲဒီမွာ ၂ ဦးကို ပစ္ခတ္ ဖမ္းတာ ပြဲခ်င္းၿပီးေသတယ္။

ညေနပိုင္းမွာ ၄ ဦးကို ထပ္ၿပီး ပစ္ခတ္ဖမ္းတယ္။ အဲဒီမွာ စစ္သား ၄ ဦးမွာ ၁ ဦးက ဝမ္းဗိုက္က်ည္ထိထားတယ္။ ၂ ဦးက ရင္ဘတ္ ကို က်ည္ထိတယ္။ ၁ ဦးက ေခါင္းကိုထိထားတယ္။

အဲဒါ ေသဆုံးသူ ၂ ဦးေရာ၊ မေသမရွင္ဒဏ္ရာရသူေတြကိုပါ တစ္ခါတည္း ေရာၿပီး မီးရွို႔လိုက္တယ္။ ကတိုက္ႀကီးေက်းရြာ လယ္ကြင္းထဲမွာ ရွို႔တာ” ဟု တပ္ဘက္သတင္းရင္းျမစ္က ေျပာဆိုသည္။

သထုံၿမိဳ႕နယ္၊ ေလ့က်င့္ေရး ၉ တပ္မွ ထြက္ေျပးၾကသည့္ တပ္သားသစ္ ၉ ဦး သည္ ပဲခူးႏွင့္ဧရာ၀တီတိုင္းမွ ျဖစ္ၿပီး ေပၚတာဆြဲခံရၿပီး စစ္တပ္ထဲ ေရာက္ရွိ လာ သည့္ တပ္သားသစ္မ်ားျဖစ္ေၾကာင္း၊ အသက္ ၂၀ ဝန္းက်င္သာရွိၿပီး နယ္ေၿမ မကၽြမ္းက်င္ခ်ိန္

ထြက္ေျပးၾကရာမွ စစ္တပ္က ျပန္လည္ ဖမ္းဆီးရ ရွိျခင္းျဖစ္ေၾကာင္း၊ လက္ရွိတြင္ ၁ ဦး အရွင္ဖမ္းမိသြားၿပီး က်န္ ၂ ဦးမွာ လြတ္ ေျမာက္ေနဆဲျဖစ္ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *