လေဘဲတွေပြီးတော့ ရေဘဲ မွှင်းခါးတွေလာပြီ အမျိုးတို့

BREAKING NEWS

မင်းပြားမြို့ကို နေဗီမှ စစ်တပ်အင်အား ၁၀၀ ခန့် လာရောက် ချပေး၊ AA မှ ကြား ဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲများ ပြင်းထန်နေ

Western News| ဇန်နဝါရီ ၁၉

တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည် မင်းပြားမြို့အတွင်း စစ်ကောင်စီက နေဗီနှစ်စီးဖြင့် မင်းပြား ကြပ်စင်တံတားအနီးရှိ မြစ်အတွင်း စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော် ယနေ့တွင် လာရောက်ချပေးခဲ့သည့်အတွက် နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်လာနေကြာင်း သိရသည်။

ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းက စစ်တွေ၊ ပေါက်တောဘက်မှ တက်လာသည့် စစ်ကောင်စီနေဗီနှစ်စီးသည် မင်းပြားမြို့အနီး ကြပ်စင်တံတားတွင် စစ်တပ်အင်အား ၁၀၀ကျော် လာရောက်ချပေးခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ များ ပြင်းထန်လျှက်ရှိကြသည်။

AA သတင်းရင်းမြစ်တစ်ဦးက “စစ်တွေ၊ ပေါက်တောဖက်ကလာတဲ့ နေဗီနှစ်စီးက မင်းပြားဖက်ကို ရောက်လာတယ်။ အဲ့ဒီမှာ မင်းပြား ကြပ်စင်တံတားရှိတယ်။ စစ်သား အင်အား ၁၀၀ လောက်ရှိတယ်။ ကြပ်စင်တံတားအနားမှာ ချပေးခဲ့တယ်။

ဒါပေမယ့် ဒီဖက်မှာ AA က တပ်ဖွဲ့တွေအရမ်းများတော့ ရှေ့ကို တက်လာလို့ မရဘူး။ ကြားမှာနှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတယ်။ စစ်ကောင်စီတပ်သားတွေက ကြပ်စင်တံတားနားက ရှေ့မတိုးနိုင်ဘဲ အိုးအိမ်မှာ ပိတ်မိနေတယ်”ဟုပြောသည်။

စစ်ကောင်စီက အင်တာနက်လိုင်း ဖုန်းလိုင်းများကို ဖြတ်တောက်ထားရာ ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေပိုင်းတွင် မင်းပြားမြို့ ဒေသခံတစ်ချို့နှင့် Western News က ဖုန်းအဆက်သွယ်ရရှိခဲ့ခြင်းဖြစ်ပြီး ထိုအခြေအနေအား သိရှိခဲ့ခြင်း ဖြစ်သည်။

အဆက်အသွယ် ရရှိခဲ့သည့် မင်းပြားဒေသခံတစ်ဦးက “စစ်ကောင်စီက မင်းပြားမြို့ကို တိုက်လို့ မနိုင်တော့ လေကြောင်းတွေ၊ ဒရုန်းတွေ တစ်လျှောက်သုံးလာတယ်။ မြောက်ဦးဖက်က လက်နက်ကြီး ပစ်ကူမှုတွေ တစ်လျှောက်သုံးတယ်။

ရဟတ်ယာဉ်တွေ တစ်လျှောက် တစ်နေကုန်လာပစ်တယ်။ ဂျက်တိုက်လေယာဉ်တွေပစ်တယ်။ သူတို့ အဓိက ပစ်တာ အရပ်သားတွေ နေထိုင်ရာနေရာတွေကို ပစ်တယ်။ AA ရှိတဲ့ နေရာကို သူတို့ ပစ်တာ မဟုတ်ဘူး။ မင်းပြားကိုလည်း သူတို့ တိုက်မနိုင်တော့ဘူး။ အဲ့ဒါကြောင့် AA မနိုင်တော့ အရပ်သားတွေကိုမဲပြီးတော့ ပစ်တာ”ဟုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းများဖြစ်ကြသည့် ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်းများကို ရက္ခိုင့်တပ်တော် AA က တစ်ပြိုင်းတည် ဝင်ရောက်တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခဲ့ခြင်း ဖြစ်သည်။

မင်းပြားမြို့ မြောင်းဘွေလမ်း၊ အပိုင်း (၁) ဈေးဟောင်းပိုင်း၊ ရွှေပြည်တန်ဆိပ်ကမ်းက နေအိမ်များ၊ ကျွန်းညို၊ ဦးစိုးတင့်၊ မင်းဘာကြီးရပ်ကွက်၊ ပြည်တော်လှ၊ ပြည်တော်အေး၊ ကျီးဖြူရွာက နေအိမ်အများအပြား မီးလောင်းပျက်စီးမှုများရှိနေကြောင်း မင်းပြားဒေသခံများက ပြောသည်။

ယင်းပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ရက်ပိုင်းများက ပြည်သူများသေဆုံး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် အများအပြားလည်း မီးလောင်းဆုံးရှုံးပျက်စီးခဲ့ကြောင်း အရပ်သားသေဆုံးမှုနှင့် ထိခိုက် ဒဏ်ရာ ရရှိမှုကို သီးခြားအတည်ပြု၍ မရရှိသေးပေ။

ယခု ရက်ပိုင်းများမှာ မင်းပြားမြို့နှင့် ရပ်ကွက်အပါအဝင် မြို့နယ်များဖြစ်ကြသည့် သဲတန်း၊ ကျွဲရေပြင်၊ ဘူးပင်၊ မင်းဘာကြီး၊ ခြိုက်တောင်၊ သာဒါ၊ ပိုက်သည်ရွာ၊ ဆင်ကြီးပြင်၊ အိုးသည်ရွာ။ ငပြင်ရင်းတို့ကို စစ်ကောင်စီက လေကြောင်းများ၊ ဒရုန်းများပစ်ခဲ့ကြောင်း မီးလောင်ပျက်စီးမှုများ ရှိခဲ့သည်။

ယခုရက်ပိုင်းတွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ အမ်း၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် ပလက်ဝတို့မှာ တိုက်ပွဲ အပြင်းအထန် ဖြစ်နေကြပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် နေဗီနှင့် တပ်စခန်းများမှလည်း လုပ်ဆောင်လာနေသည်။
Western News-WN

BREAKING NEWS

မင္းျပားၿမိဳ႕ကို ေနဗီမွ စစ္တပ္အင္အား ၁၀၀ ခန႔္ လာေရာက္ ခ်ေပး၊ AA မွ ၾကား ျဖတ္တိုက္ခိုက္ၿပီး တိုက္ပြဲမ်ား ျပင္းထန္ေန

Western News| ဇန္နဝါရီ ၁၉

တိုက္ပြဲမ်ား ျပင္းထန္ေနသည့္ ရခိုင္ျပည္ မင္းျပားၿမိဳ႕အတြင္း စစ္ေကာင္စီက ေနဗီႏွစ္စီးျဖင့္ မင္းျပား ၾကပ္စင္တံတားအနီးရွိ ျမစ္အတြင္း စစ္ေကာင္စီတပ္ အင္အား ၁၀၀ ေက်ာ္ ယေန႔တြင္ လာေရာက္ခ်ေပးခဲ့သည့္အတြက္ ႏွစ္ဖက္တိုက္ပြဲမ်ား ပိုမိုျပင္းထန္လာေနၾကာင္း သိရသည္။

ယေန႔ ဇန္နဝါရီ ၁၉ ရက္ေန႔ နံနက္ပိုင္းက စစ္ေတြ၊ ေပါက္ေတာဘက္မွ တက္လာသည့္ စစ္ေကာင္စီေနဗီႏွစ္စီးသည္ မင္းျပားၿမိဳ႕အနီး ၾကပ္စင္တံတားတြင္ စစ္တပ္အင္အား ၁၀၀ေက်ာ္ လာေရာက္ခ်ေပးခဲ့ၿပီးေနာက္ ႏွစ္ဖက္တိုက္ပြဲ မ်ား ျပင္းထန္လၽွက္ရွိၾကသည္။

AA သတင္းရင္းျမစ္တစ္ဦးက “စစ္ေတြ၊ ေပါက္ေတာဖက္ကလာတဲ့ ေနဗီႏွစ္စီးက မင္းျပားဖက္ကို ေရာက္လာတယ္။ အဲ့ဒီမွာ မင္းျပား ၾကပ္စင္တံတားရွိတယ္။ စစ္သား အင္အား ၁၀၀ ေလာက္ရွိတယ္။ ၾကပ္စင္တံတားအနားမွာ ခ်ေပးခဲ့တယ္။

ဒါေပမယ့္ ဒီဖက္မွာ AA က တပ္ဖြဲ႕ေတြအရမ္းမ်ားေတာ့ ေရွ႕ကို တက္လာလို႔ မရဘူး။ ၾကားမွာႏွစ္ဖက္ တိုက္ပြဲေတြ ျပင္းထန္ေနတယ္။ စစ္ေကာင္စီတပ္သားေတြက ၾကပ္စင္တံတားနားက ေရွ႕မတိုးနိုင္ဘဲ အိုးအိမ္မွာ ပိတ္မိေနတယ္”ဟုေျပာသည္။

စစ္ေကာင္စီက အင္တာနက္လိုင္း ဖုန္းလိုင္းမ်ားကို ျဖတ္ေတာက္ထားရာ ယေန႔ ဇန္နဝါရီ ၁၉ ရက္ေန႔ ညေနပိုင္းတြင္ မင္းျပားၿမိဳ႕ ေဒသခံတစ္ခ်ိဳ႕ႏွင့္ Western News က ဖုန္းအဆက္သြယ္ရရွိခဲ့ျခင္းျဖစ္ၿပီး ထိုအေျခအေနအား သိရွိခဲ့ျခင္း ျဖစ္သည္။

အဆက္အသြယ္ ရရွိခဲ့သည့္ မင္းျပားေဒသခံတစ္ဦးက “စစ္ေကာင္စီက မင္းျပားၿမိဳ႕ကို တိုက္လို႔ မနိုင္ေတာ့ ေလေၾကာင္းေတြ၊ ဒ႐ုန္းေတြ တစ္ေလၽွာက္သုံးလာတယ္။ ေျမာက္ဦးဖက္က လက္နက္ႀကီး ပစ္ကူမႈေတြ တစ္ေလၽွာက္သုံးတယ္။

ရဟတ္ယာဥ္ေတြ တစ္ေလၽွာက္ တစ္ေနကုန္လာပစ္တယ္။ ဂ်က္တိုက္ေလယာဥ္ေတြပစ္တယ္။ သူတို႔ အဓိက ပစ္တာ အရပ္သားေတြ ေနထိုင္ရာေနရာေတြကို ပစ္တယ္။ AA ရွိတဲ့ ေနရာကို သူတို႔ ပစ္တာ မဟုတ္ဘူး။ မင္းျပားကိုလည္း သူတို႔ တိုက္မနိုင္ေတာ့ဘူး။ အဲ့ဒါေၾကာင့္ AA မနိုင္ေတာ့ အရပ္သားေတြကိုမဲၿပီးေတာ့ ပစ္တာ”ဟုေျပာသည္။

ၿပီးခဲ့သည့္ ဇန္နဝါရီ ၁၀ ရက္ေန႔ နံနက္ပိုင္းမွစ၍ မင္းျပားၿမိဳ႕ရွိ စစ္ေကာင္စီတပ္ရင္းမ်ားျဖစ္ၾကသည့္ ၃၇၉၊ ၃၈၀၊ ၅၄၁ တပ္ရင္းမ်ားကို ရကၡိဳင့္တပ္ေတာ္ AA က တစ္ၿပိဳင္းတည္ ဝင္ေရာက္တိုက္ခိုက္မႈေၾကာင့္ ႏွစ္ဖက္တိုက္ပြဲမ်ား ျပင္းထန္ေနခဲ့ျခင္း ျဖစ္သည္။

မင္းျပားၿမိဳ႕ ေျမာင္းေဘြလမ္း၊ အပိုင္း (၁) ေဈးေဟာင္းပိုင္း၊ ေရႊျပည္တန္ဆိပ္ကမ္းက ေနအိမ္မ်ား၊ ကၽြန္းညိဳ၊ ဦးစိုးတင့္၊ မင္းဘာႀကီးရပ္ကြက္၊ ျပည္ေတာ္လွ၊ ျပည္ေတာ္ေအး၊ က်ီးျဖဴရြာက ေနအိမ္အမ်ားအျပား မီးေလာင္းပ်က္စီးမႈမ်ားရွိေနေၾကာင္း မင္းျပားေဒသခံမ်ားက ေျပာသည္။

ယင္းပစ္ခတ္မႈေၾကာင့္ ၿပီးခဲ့သည့္ ရက္ပိုင္းမ်ားက ျပည္သူမ်ားေသဆုံး ဒဏ္ရာရရွိခဲ့ၿပီး ေနအိမ္ အမ်ားအျပားလည္း မီးေလာင္းဆုံးရႈံးပ်က္စီးခဲ့ေၾကာင္း အရပ္သားေသဆုံးမႈႏွင့္ ထိခိုက္ ဒဏ္ရာ ရရွိမႈကို သီးျခားအတည္ျပဳ၍ မရရွိေသးေပ။

ယခု ရက္ပိုင္းမ်ားမွာ မင္းျပားၿမိဳ႕ႏွင့္ ရပ္ကြက္အပါအဝင္ ၿမိဳ႕နယ္မ်ားျဖစ္ၾကသည့္ သဲတန္း၊ ကၽြဲေရျပင္၊ ဘူးပင္၊ မင္းဘာႀကီး၊ ၿခိဳက္ေတာင္၊ သာဒါ၊ ပိုက္သည္ရြာ၊ ဆင္ႀကီးျပင္၊ အိုးသည္ရြာ။ ငျပင္ရင္းတို႔ကို စစ္ေကာင္စီက ေလေၾကာင္းမ်ား၊ ဒ႐ုန္းမ်ားပစ္ခဲ့ေၾကာင္း မီးေလာင္ပ်က္စီးမႈမ်ား ရွိခဲ့သည္။

ယခုရက္ပိုင္းတြင္ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေပါက္ေတာ၊ အမ္း၊ ရမ္းျဗဲ၊ ေက်ာက္ျဖဴ၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာႏွင့္ ပလက္ဝတို႔မွာ တိုက္ပြဲ အျပင္းအထန္ ျဖစ္ေနၾကၿပီး စစ္ေကာင္စီဘက္ကလည္း ေလေၾကာင္းတိုက္ခိုက္မႈအပါအဝင္ ေနဗီႏွင့္ တပ္စခန္းမ်ားမွလည္း လုပ္ေဆာင္လာေနသည္။
Western News-WN

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *