ရှယ်တီးပြီ အမျိုးတို့ မွှင်းခါးနည်းမှာမဟုတ်ဘူး(ရုပ်/သံ)

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ အနီးတွင် စစ်သားများ လိုက်ပါလာသော FAW ကားနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ(ရုပ်/သံ)

ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ အနီးတွင် စစ်သားများ လိုက်ပါလာသော FAW ကားနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိကြောင်း ဗထူးတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ထက်မြက်က ပြောကြားသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ဘုရားမဲဂိတ်မှ လုံခြုံရေးယူပြီး ပြန်လာသည့် အင်အား ၃၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော FAW ကား ၁ စီးကို ဝိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ

အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုအတွင်း ကားပျက်စီး သွားပြီး ယာဉ်ပေါ်လိုက်ပါလာသူ စစ်ကောင်စီတပ်သားအများအပြား သေဆုံးထိခိုက် ဒဏ်ရာရရှိမှုရှိ ကြောင်း သိရသည်။

“သူတို့က ဇဟာတပ်ရင်းနဲ့ မောင်မယ်ရှောင်ဂိတ်ကို လုံခြုံရေးယူတဲ့ပုံစံနဲ့ အမြဲလိုလို သွားလာလေ့ရှိ တယ်၊ အဲဒါကို စောင့်ကြို တိုက်ခိုက်ခဲ့တာ၊ ပထမ ပစ်မီတာ ၅၀ အကွာလောက်ကနေ ဝိုင်းပစ်တာ၊ တစ်ယောက် နှစ်ယောက်လောက်ပဲ ပြန်ပစ်နိုင်တယ်၊

အကုန်လုံးတော့မသေနိုင်ဘူး၊ ထိခိုက်သေဆုံးမှု ကတော့များမယ်၊ ဇဟာအမြောက်တပ်ရင်းနဲ့ မောင်မယ်ရှောင် စစ်ဆေးရေး ဂိတ်နှစ်ခုကြားမှာ ဆို တော့ လက်နက်ကောက်ဖို့ အချိန်မရခဲ့ဘူး” ဟု ဗထူးတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ထက် မြက်က ပြောကြားသည်။

ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး မောင်မယ်ရှောင်ကျေးရွာအတွင်းရှိ ပြည်သူ များကို ဖမ်းဆီးစစ်မှုပြုလုပ်ပြီး ပြန်ထွက်လာသည့်

စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲကြောင်း သိရသည်

အဆိုပါတိုက်ခိုက်မှုကို ဗထူးတပ်မတော်မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်မတော်သားများအားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေးအရှိန်တိုးမြှင့်ကာ အာဏာသိမ်းစစ်ကောင်စီတပ်သားများကို အမြစ် ပြတ်ချေမှုန်းသွားမည်ဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေး အသိသတိဖြင့် သွားလာနေထိုင် ကြရန် ဗထူးတပ်မတော်က အသိပေး ထုတ်ပြန်ထားသည်။

ထားဝယ္ၿမိဳ႕နယ္၊ ေမာင္မယ္ေရွာင္ရြာ အနီးတြင္ စစ္သားမ်ား လိုက္ပါလာေသာ FAW ကားႏွင့္ စစ္ေၾကာင္းကို တိုက္ခိုက္မႈ စစ္တပ္ဘက္မွ ထိခိုက္ေသဆုံးမႈရွိ(႐ုပ္/သံ)

ဇန္နဝါရီ ၁၉

တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕နယ္၊ ေမာင္မယ္ေရွာင္ရြာ အနီးတြင္ စစ္သားမ်ား လိုက္ပါလာေသာ FAW ကားႏွင့္ စစ္ေၾကာင္းကို တိုက္ခိုက္ရာ စစ္တပ္ဘက္မွ ထိခိုက္ေသဆုံးမႈ အမ်ားအျပားရွိေၾကာင္း ဗထူးတပ္မေတာ္မွ ေျပာေရးဆိုခြင့္ရွိသူ ရဲေဘာ္ ထက္ျမက္က ေျပာၾကားသည္။

ဇန္နဝါရီလ ၁၈ ရက္ေန႔တြင္ ထားဝယ္ၿမိဳ႕နယ္၊ ေမာင္မယ္ေရွာင္ဘုရားမဲဂိတ္မွ လုံျခဳံေရးယူၿပီး ျပန္လာသည့္ အင္အား ၃၀ ခန႔္ပါ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ား လိုက္ပါလာေသာ FAW ကား ၁ စီးကို ဝိုင္းပစ္ခတ္တိုက္ခိုက္ခဲ့ရာ

အျပန္အလွန္ ပစ္ခတ္တိုက္ပြဲ ၁၀ မိနစ္ခန႔္ျဖစ္ပြားခဲ့ေၾကာင္း၊ ယင္းပစ္ခတ္မႈအတြင္း ကားပ်က္စီး သြားၿပီး ယာဥ္ေပၚလိုက္ပါလာသူ စစ္ေကာင္စီတပ္သားအမ်ားအျပား ေသဆုံးထိခိုက္ ဒဏ္ရာရရွိမႈရွိ ေၾကာင္း သိရသည္။

“သူတို႔က ဇဟာတပ္ရင္းနဲ႔ ေမာင္မယ္ေရွာင္ဂိတ္ကို လုံျခဳံေရးယူတဲ့ပုံစံနဲ႔ အျမဲလိုလို သြားလာေလ့ရွိ တယ္၊ အဲဒါကို ေစာင့္ႀကိဳ တိုက္ခိုက္ခဲ့တာ၊ ပထမ ပစ္မီတာ ၅၀ အကြာေလာက္ကေန ဝိုင္းပစ္တာ၊ တစ္ေယာက္ ႏွစ္ေယာက္ေလာက္ပဲ ျပန္ပစ္နိုင္တယ္၊

အကုန္လုံးေတာ့မေသနိုင္ဘူး၊ ထိခိုက္ေသဆုံးမႈ ကေတာ့မ်ားမယ္၊ ဇဟာအေျမာက္တပ္ရင္းနဲ႔ ေမာင္မယ္ေရွာင္ စစ္ေဆးေရး ဂိတ္ႏွစ္ခုၾကားမွာ ဆို ေတာ့ လက္နက္ေကာက္ဖို႔ အခ်ိန္မရခဲ့ဘူး” ဟု ဗထူးတပ္မေတာ္မွ ေျပာေရးဆိုခြင့္ရွိသူ ရဲေဘာ္ ထက္ ျမက္က ေျပာၾကားသည္။

ပစ္ခတ္ တိုက္ခိုက္မႈ ျဖစ္ပြားၿပီးေနာက္ အၾကမ္းဖက္ စစ္တပ္က အင္အား ၈၀ ခန႔္ျဖင့္ စစ္ေၾကာင္းထိုးလာၿပီး ေမာင္မယ္ေရွာင္ေက်းရြာအတြင္းရွိ ျပည္သူ မ်ားကို ဖမ္းဆီးစစ္မႈျပဳလုပ္ၿပီး ျပန္ထြက္လာသည့္

စစ္ေကာင္စီစစ္ေၾကာင္းကို ဒ႐ုန္းျဖင့္ ဗုံးသီး ၄ လုံး က်ဲခ်တိုက္ခိုက္ခဲ့ေၾကာင္း၊ ယင္းတိုက္ခိုက္မႈႏွင့္ပတ္သက္၍ စစ္ေကာင္စီတပ္သား ထိခိုက္ေသဆုံးမႈ သိရွိနိုင္ရန္ စုံစမ္းေနဆဲေၾကာင္း သိရသည္

အဆိုပါတိုက္ခိုက္မႈကို ဗထူးတပ္မေတာ္မွ ရဲေဘာ္မ်ားက တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ျပည္သူ႔ကာကြယ္ ေရးတပ္မေတာ္သားမ်ားအားလုံး အထိအခိုက္မရွိ ျပန္လည္ ဆုတ္ခြာနိုင္ခဲ့ေၾကာင္း သိရသည္။

၂၀၂၄ ခုႏွစ္အတြင္း စစ္ဆင္ေရးအရွိန္တိုးျမႇင့္ကာ အာဏာသိမ္းစစ္ေကာင္စီတပ္သားမ်ားကို အျမစ္ ျပတ္ေခ်မႈန္းသြားမည္ျဖစ္သျဖင့္ မိဘျပည္သူမ်ားအေနျဖင့္ စစ္ေရး အသိသတိျဖင့္ သြားလာေနထိုင္ ၾကရန္ ဗထူးတပ္မေတာ္က အသိေပး ထုတ္ျပန္ထားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *