လှော်ချက် ကြင်စိုးတို့ ဖိနပ်တောင်မစီးနိုင်တော့ဘူး

လောင်းလုံးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ စစ်သား အလောင်း ၁ လောင်း၊ ကား ၁ စီးနှင့် လပ်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိ

ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး စစ်သား အလောင်း ၁ လောင်း၊ ကား ၁ စီးနှင့် လပ်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း လောင်းလံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦး ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြဖမ်းဖက် စစ်ကောင်စီ တပ်သားများကို နံနက် ၇ နာရီ ၃၀ မိနစ်၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ၊ မွန်းလွဲ ၂:ဝဝ အချိန် ၊

ညနေ ၃ နာရီ ၃၀ မိနစ်နှင့် ညနေ ၄ နာရီ အချိန် ခန့်တို့တွင် တော်လှန်ရေးတပ်ဖွဲ့များက ၅ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦး နေရာတွင် သေဆုံးခဲ့ပြီး ၁၆ ဦး အပြင်းထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု ၅ ကြိမ်ကို လောင်းလုံး (ပကဖ) လိပ်ပြာတပ်စု ၊ Guerrilla Dawei (ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ ထားဝယ်နဂါးတပ်ခွဲ(၅) နှင့် Dawei Defense Team- DDTတပ်ခွဲ ၃ တို့မှ

ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စွန့်ပစ်ခဲ့သော စစ်သား အလောင်း ၁ လောင်း၊ ကား ၁ စီး နှင့် လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရမိကြောင်း သိရသည်။

လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ကုန်းကြောင်း/ရေကြောင်း အသုံးပြုကာ အင်အား ၂ဝဝ ခန့်ဖြင့် စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး စစ်တပ်က ပြည်သူ ၃ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ကာ ကျေးရွာ ၈ ရွာမှ ပြည်သူပိုင် နေအိမ် ၁၃၂ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ေလာင္းလုံးၿမိဳ႕နယ္တြင္ စစ္တပ္ စစ္ေၾကာင္းကို ၅ ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္မႈ စစ္တပ္ဘက္မွ ၅ ဦးေသဆုံး၊ စစ္သား အေလာင္း ၁ ေလာင္း၊ ကား ၁ စီးႏွင့္ လပ္ပစ္ဗုံး ၁ လုံး သိမ္းဆည္းရရွိ

ဇန္နဝါရီ ၁၉

တနသၤာရီတိုင္း၊ ေလာင္းလုံးၿမိဳ႕နယ္တြင္ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းကို ၅ ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္ရာ အၾကမ္းဖက္ စစ္တပ္ဘက္မွ ၅ ဦးေသဆုံးၿပီး စစ္သား အေလာင္း ၁ ေလာင္း၊ ကား ၁ စီးႏွင့္ လပ္ပစ္ဗုံး ၁ လုံးတို႔ သိမ္းဆည္းရရွိခဲ့ေၾကာင္း ေလာင္းလံးၿမိဳ႕နယ္ PDF မွ တာဝန္ရွိသူ တစ္ဦး ေျပာဆိုသည္။

ဒီဇင္ဘာလ ၂၇ ရက္ေန႔တြင္ ေလာင္းလုံးၿမိဳ႕နယ္ အတြင္းရွိ ေက်းရြာမ်ားကို စစ္ေၾကာင္းထိုးေနေသာ အၾကဖမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ားကို နံနက္ ၇ နာရီ ၃၀ မိနစ္၊ မြန္းလြဲ ၁ နာရီ ၃၀ မိနစ္ ၊ မြန္းလြဲ ၂:ဝဝ အခ်ိန္ ၊

ညေန ၃ နာရီ ၃၀ မိနစ္ႏွင့္ ညေန ၄ နာရီ အခ်ိန္ ခန႔္တို႔တြင္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက ၅ ႀကိမ္မိုင္းဆြဲ တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီဘက္မွ ၅ ဦး ေနရာတြင္ ေသဆုံးခဲ့ၿပီး ၁၆ ဦး အျပင္းထန္ ထိခိုက္ ဒဏ္ရာရရွိခဲ့ကာ ေဆးကုသမႈခံယူေနေၾကာင္း သိရွိရသည္။

အဆိုပါ မိုင္းဆြဲ တိုက္ခိုက္မႈ ၅ ႀကိမ္ကို ေလာင္းလုံး (ပကဖ) လိပ္ျပာတပ္စု ၊ Guerrilla Dawei (ထားဝယ္ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ ထားဝယ္နဂါးတပ္ခြဲ(၅) ႏွင့္ Dawei Defense Team- DDTတပ္ခြဲ ၃ တို႔မွ

ပူးေပါင္း လုပ္ေဆာင္ခဲ့ၿပီး အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ား စြန႔္ပစ္ခဲ့ေသာ စစ္သား အေလာင္း ၁ ေလာင္း၊ ကား ၁ စီး ႏွင့္ လက္ပစ္ဗုံး ၁ လုံးတို႔ သိမ္းဆည္းရမိေၾကာင္း သိရသည္။

ေလာင္းလုံးၿမိဳ႕နယ္အတြင္း အၾကမ္းဖက္ စစ္တပ္က ဒီဇင္ဘာလ ၂၄ ရက္ေန႔မွ စတင္၍ ကုန္းေၾကာင္း/ေရေၾကာင္း အသုံးျပဳကာ အင္အား ၂ဝဝ ခန႔္ျဖင့္ စစ္ေၾကာင္းထိုး စီးနင္းခဲ့ၿပီး စစ္တပ္က ျပည္သူ ၃ ဦးကို အေၾကာင္းမဲ့ သတ္ျဖတ္ကာ ေက်းရြာ ၈ ရြာမွ ျပည္သူပိုင္ ေနအိမ္ ၁၃၂ ကို မီးရွို႔ဖ်က္ဆီးခဲ့ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *