What day is today?

မိုးမိတ်မြို့တိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံနှစ်ဦးသေဆုံး

စစ်ကောင်စီစခန်းများကို ပူးပေါင်းတပ်ဖွဲ့ ဆက်လက်တိုက်ခိုက်နေ

People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှ စစ်ကောင်စီစခန်းများကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဒုတိယမြောက်နေ့အဖြစ် ဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မိုးမိတ်မြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားသည့်နေရာအချို့ကို ယမန်နေ့(ဇန်နဝါရီ ၁၈ရက်) နံနက် ၃နာရီခန့်မှစ၍ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းသည်။

“စစ်တပ်က တပ်စွဲထားတဲ့ အာသံကျေးရွာက စခန်းရယ်၊ ရွှေဇာလီ စခန်းရယ်ကို ကလေးတွေက ဖောက်ခဲ့( တိုက်ခိုက်သိမ်းယူ)ပြီ။ စစ်တပ်က ဆုတ်သွားပြီး ဗျူဟာမှာ စုနေတယ်။ ဆုတ်သွားတဲ့ စစ်ခွေးတွေရဲ့ သွေးတွေ BOC နားမှာ ရဲနေတာပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က မိုးမိတ်မှ မိုးကုတ်မြို့အထွက်တွင် တပ်စွဲထားကြောင်း သတင်းရရှိသည်။ ထို့အပြင် ယမန်နေ့က လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ခဲ့ရာ ဒေသခံများ၏ နေအိမ်အချို့ပျက်စီးခဲ့ပြီး အရပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

“တနေကုန် လေယာဉ်နဲ့ ဗုံးကြဲနေတာ။ မြောက်ပိုင်းရပ်ကွက်ထဲက အောင် လက်ဖက်ရည်ဆိုင်၊ အားကစားကွင်းထဲနဲ့ လူနေအိမ်တွေထိတယ်။ လက်ဖက်ရည်ဆိုင်ထဲ ဝင်ပုန်းနေတဲ့ လူနစ်ယောက်ထိတယ်။ နှစ်ယောက်ဒဏ်ရာရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့(ဇန်နဝါရီလ ၁၉ရက်) နံနက်တွင်လည်း စစ်ကောင်စီပစ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံအချို့ဒဏ်ရာရထားကြောင်း သတင်းရရှိသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီစခန်းအချို့အား ဆက်လက်တိုက်ခိုက်နေကြောင်းသိရသည်။

“ဒီမနက် ရဲစခန်းကိုလည်း ထပ်တိုက်နေတယ်။ ရဲစခန်းက မကျသေးပါဘူး။ ဘာကြောင့်လဲဆို ရဲစခန်းထဲကနေ စနိုက်ပါနဲ့ ထောက်ထားလို့”ဟု ပူးပေါင်းတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မိုးမိတ်မြို့နယ်ရှိ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခလရ(၂၂၃)မှ တပ်ဖွဲ့ဝင်များ အခြေချတပ်စွဲထားသည့် ဆင့်ကင်(ကျန်ကန်) တပ်စခန်းကို ဇန်နဝါရီ ၅ရက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတက်မတော်(TNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီ ညီနောင်မဟာမိတ်သုံးဖွဲ့ အပစ်ရပ်သဘောတူပြီးနောက်ပိုင်း TNLAက စစ်ရေးဖော်ဆောင်ခြင်းမရှိကြောင်းဒေသခံများက ပြောသည်။

လတ်တလောတိုက်ပွဲနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများက သတင်းမထုတ် ပြန်သေးပေ။

KIA ပြန်ကြားရေးဌာနထံ ဆက်သွယ်မေးမြန်းရာ တိုက်ပွဲသတင်းအချက်အလက် အသေးစိတ်မရရှိသေးကြောင်း ပြောသည်။

မိုးမိတ္ၿမိဳ႕တိုက္ပြဲ စစ္ေကာင္စီလက္နက္ႀကီးေၾကာင့္ ေဒသခံႏွစ္ဦးေသဆုံး

စစ္ေကာင္စီစခန္းမ်ားကို ပူးေပါင္းတပ္ဖြဲ႕ ဆက္လက္တိုက္ခိုက္ေန

People’s Spring

ရွမ္းျပည္နယ္ေျမာက္ပိုင္း မိုးမိတ္ၿမိဳ႕မွ စစ္ေကာင္စီစခန္းမ်ားကို ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္(KIA)ႏွင့္ PDF ပူးေပါင္းတပ္ဖြဲ႕မ်ားက ဒုတိယေျမာက္ေန႔အျဖစ္ ဆက္လက္တိုက္ခိုက္ေနၿပီး စစ္ေကာင္စီ၏ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ အရပ္သား ႏွစ္ဦးေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

မိုးမိတ္ၿမိဳ႕ရဲစခန္းအပါအဝင္ စစ္ေကာင္စီတပ္စြဲထားသည့္ေနရာအခ်ိဳ႕ကို ယမန္ေန႔(ဇန္နဝါရီ ၁၈ရက္) နံနက္ ၃နာရီခန႔္မွစ၍ ပူးေပါင္းတပ္ဖြဲ႕က တိုက္ခိုက္ခဲ့ျခင္းသည္။

“စစ္တပ္က တပ္စြဲထားတဲ့ အာသံေက်းရြာက စခန္းရယ္၊ ေရႊဇာလီ စခန္းရယ္ကို ကေလးေတြက ေဖာက္ခဲ့( တိုက္ခိုက္သိမ္းယူ)ၿပီ။ စစ္တပ္က ဆုတ္သြားၿပီး ဗ်ဴဟာမွာ စုေနတယ္။ ဆုတ္သြားတဲ့ စစ္ေခြးေတြရဲ့ ေသြးေတြ BOC နားမွာ ရဲေနတာပဲ”ဟု ေဒသခံတစ္ဦးက ေျပာသည္။

စစ္ေကာင္စီတပ္က မိုးမိတ္မွ မိုးကုတ္ၿမိဳ႕အထြက္တြင္ တပ္စြဲထားေၾကာင္း သတင္းရရွိသည္။ ထို႔အျပင္ ယမန္ေန႔က ေလေၾကာင္းမွ အျပင္းအထန္တိုက္ခိုက္ခဲ့ရာ ေဒသခံမ်ား၏ ေနအိမ္အခ်ိဳ႕ပ်က္စီးခဲ့ၿပီး အရပ္သားႏွစ္ဦးေသဆုံးခဲ့ေၾကာင္းသိရသည္။

“တေနကုန္ ေလယာဥ္နဲ႔ ဗုံးၾကဲေနတာ။ ေျမာက္ပိုင္းရပ္ကြက္ထဲက ေအာင္ လက္ဖက္ရည္ဆိုင္၊ အားကစားကြင္းထဲနဲ႔ လူေနအိမ္ေတြထိတယ္။ လက္ဖက္ရည္ဆိုင္ထဲ ဝင္ပုန္းေနတဲ့ လူနစ္ေယာက္ထိတယ္။ ႏွစ္ေယာက္ဒဏ္ရာရတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။

ယေန႔(ဇန္နဝါရီလ ၁၉ရက္) နံနက္တြင္လည္း စစ္ေကာင္စီပစ္သည့္ လက္နက္ႀကီးထိမွန္မႈေၾကာင့္ ေဒသခံအခ်ိဳ႕ဒဏ္ရာရထားေၾကာင္း သတင္းရရွိသည္။
ယေန႔နံနက္ပိုင္းတြင္ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕မ်ားက စစ္ေကာင္စီစခန္းအခ်ိဳ႕အား ဆက္လက္တိုက္ခိုက္ေနေၾကာင္းသိရသည္။

“ဒီမနက္ ရဲစခန္းကိုလည္း ထပ္တိုက္ေနတယ္။ ရဲစခန္းက မက်ေသးပါဘူး။ ဘာေၾကာင့္လဲဆို ရဲစခန္းထဲကေန စနိုက္ပါနဲ႔ ေထာက္ထားလို႔”ဟု ပူးေပါင္းတပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက ေျပာသည္။

မိုးမိတ္ၿမိဳ႕နယ္ရွိ အမွတ္(၂၁)စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ႏွင့္ ခလရ(၂၂၃)မွ တပ္ဖြဲ႕ဝင္မ်ား အေျခခ်တပ္စြဲထားသည့္ ဆင့္ကင္(က်န္ကန္) တပ္စခန္းကို ဇန္နဝါရီ ၅ရက္တြင္ တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတက္မေတာ္(TNLA) က တိုက္ခိုက္သိမ္းပိုက္ခဲ့သည္။

တ႐ုတ္နိုင္ငံ၏ ၾကားဝင္ေစ့စပ္မႈျဖင့္ စစ္ေကာင္စီ ညီေနာင္မဟာမိတ္သုံးဖြဲ႕ အပစ္ရပ္သေဘာတူၿပီးေနာက္ပိုင္း TNLAက စစ္ေရးေဖာ္ေဆာင္ျခင္းမရွိေၾကာင္းေဒသခံမ်ားက ေျပာသည္။

လတ္တေလာတိုက္ပြဲႏွင့္ပတ္သက္၍ ေတာ္လွန္ေရးအင္အားစုမ်ားက သတင္းမထုတ္ ျပန္ေသးေပ။

KIA ျပန္ၾကားေရးဌာနထံ ဆက္သြယ္ေမးျမန္းရာ တိုက္ပြဲသတင္းအခ်က္အလက္ အေသးစိတ္မရရွိေသးေၾကာင္း ေျပာသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *