Galaxi Ai “တပ် အမာခံများ မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုပြီ”

“တပ် အမာခံများ မင်းအောင်လှိင် နုတ်ထွက်ရန် တောင်းဆိုပြီ”

မည်သည့်ဖက်က ကြည့်ကြည့် ‌တိုင်းပြည်ကို ခေါင်းဆောင်နိုင်စွမ်း မရှိသူနှင့် ၎င်း၏ မိသားစုသည် တိုင်းပြည်ကို သွန်လိုသွန် မှောက်လိုမှောက် လုပ်နေသည့် အဖြစ်ကို အဘယ်သူသည် သည်းခံ ခွင့်လွှတ် နိုင်အံပေမည်နည်း

ယခုအခါ NLD ကို မုန်းသည့် စိတ်တခုတည်းဖြင့် ၎င်းတိုဘာလုပ်လုပ် ထောက်ခံပေးခဲ့သူများက မင်းအောင်လှိင်အား ကာကွယ်ရေးဦးစီးချုပ် အဖြစ်မှ ဆင်းပေးရန် လူသိရှင်ကြား တောင်းဆိုလာကြပြီ ဖြစ်သည်

တိုက်ပွဲတိုင်း ရှုးနေသည့် စစ်ဦးစီးချူပ်တစ်ဦးသည် ရှက်တတ်မည်ဆိုက ရာထူးမှ နုတ်ထွက်သွားလောက်ပြီ ဖြစ်သော်လည်း မိမိအဖွဲအစည်း မျက်နှာမကြည့် နေလိုရသမျှ ကြံဖန် လုပ်စားသွားမည်ဟူသော အကြံကို ရိပ်စားမိလာကြပြီလည်း ဖြစ်သည်

အမျိုးသားရေး တဖက်စွန်းရောက် မဘသ ကိုယ်တော်များ ဦးဆောင်သည့် လူထု အစည်းအဝေးကြီးကို ပြင်ဦးလွင်တွင် ပြုလုပ်လာကြသည်။

အဆိုပါ လူထုအစည်းအဝေးအား လောင်ကိုင်တွင် MNDAA တပ်ဖွဲဝင် တစ်ဦးမှ တူနှင့်ထုရိုက် ဖျက်ဆီးနေသည်ဟုဆိုကာ ကန့်ကွက်မည်ဟု အကြောင်းပြပြီး မင်းအောင်လှိင်အား နုတ်ထွက်ပေးရန် တောင်းဆိုလာကြခြင်းဖြစ်သည်။

ထိုလူထုအစည်းအဝေးကြီသို စစ်ပြန် စစ်မှုထမ်းဟောင်းများ၊ ကြံ့ဖွတ်ပါတီဝင်များ၊ ရပ်ကျေးအဖွဲဝင်များ၊ မဘသ ကိုယ်တော်များ စုစုပေါင်း ၃,၂၀၀ ခန့် တက်ရောက်လာသည်ဟု ၎င်းတို၏ ဆိုရှယ်မီဒီယာ ပိုစ်များတွင် ဖော်ပြခဲ့သည်ဟု မြန်မာနောင်းသတင်းက ဆိုသည်။

အဆိုပါ အစည်းအဝေးအား မကွေးတိုင်း ပေါက်မြိုနယ်မှ ပေါက်ကိုယ်တော်ဟု ထင်ရှားသူ အရိယဝံသက ဦးဆောင်သွားခဲ့သည်ဟု ဆိုသည်။ ၎င်းသည် ဝီရသူ၏ တပည့်ရင်းလည်း ဖြစ်သည်။

၎င်းမှ ကာကွယ်ရေးဦးစီးချုပ်အား အရပ်ဖက် ဝန်ကြီးဌာနသို ပြောင်းပေးလျှင် မကောင်းပေဘူးလောဟု စင်ပေါ်မှအမေးကို အောက်မှ “ကောင်းပါတယ် ဘုရား” ဟု တခဲနက် ဩဘာပေးခဲ့ကြသည်ဟု သိရသည်။

ထိုပြင် မင်းအောင်လှိင် နေရာတွင် စစ်သားတစ်ယောက်၏ ‌ဥပဓိရုပ်မျိုးရှိသည့် ဒုခေါင်းဆောင် စိုးဝင်းနှင့် အစားထိုးရန်လည်း အကြံပြုသွားပြန်သည်။ စိုးဝင်းအားလည်း စစ်သားစစ်စစ်၊ ခေါင်းဆောင်ကောင်း စစ်စစ်ကြီးဟု ဆိုပြန်သည်။

စစ်တပ် သတင်းစာများက ပြင်ဦးလွင် လူထုစုရုံးပွဲကြီးအား သတင်းအဖြစ် ဖော်ပြခဲ့သော်လည်း မင်းအောင်လှိင် နုတ်ထွက်ရန် တောင်းဆိုခဲ့မှုကို တလုံးတပါဒမျှ ဖော်ပြခဲ့ခြင်း မရှိပေ။

စစ်ဖက်ခေါင်းဆောင်များ အဖိုက ၎င်းတိုကို ထောက်ခံသူများပင် မခံမရပ်နိုင်ဖြစ်ကာ ထိုသို တောင်းဆိုလာကြသည်အထိ တုတ်တုတ်မျှမလှုပ် ဖြစ်နေကြသည်ကပင် ရှက်ဖွယ်လိလိ ဖြစ်သွားခဲ့ရသည်။

အားလုံးကလည်း လူမိုက်ခေါင်းဆောင် နောက်တွင်သာ ရေသာခိုနေခြင်ကြသည့် ကိုယ်ကျိုးရှာသမားများ ဖြစ်နေသည်၊ ၎င်းတိုသာ ခေါင်းဆောင်ရဲသည့် သတ္တိရှိပါက မင်းအောင်လှိင် ကွယ်ပျောက်သွားသည်မှာ ကြာမြင့်နေလောက်ပြီ ဖြစ်သည်။

အမျိုးသားရေးသမားများကလည်း ယခုအခါ စစ်တပ်မှ အတင်းအကျပ် စစ်သားစုဆောင်းလာပြီ ဖြစ်ရာ ၎င်းတိုသည် ထိပ်ဆုံးမှ ပါလာတော့မည့် အရေးကို တန်ပြန်ရန် လှုပ်ရှားလာခြင်း ဖြစ်ပုံရသည်ဟု ယူဆရပေသည်။

မင်းအောင်လှိင် စီစဉ်ပေးခဲ့သည့် လောက်ကိုင်ရှိ စေတီဖျက်ဆီးသည် အကြောင်းပြ လူထု ထောက်ခံပွဲသည် ၎င်းဖက်သို မြှားဦးလှည့်ရန် ဆွပေးလိုက်သလို ဖြစ်သွားပြီး ယင်းအား မည်သိုမည်ပုံ ကိုင်တွယ်သွားမည် ဆိုသည်ကား စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။

လောက်ကိုင်ရှိ တူဖြင့် ထုရိုက်ဖျက်ဆီးခံရသည့် စေတီနှင့်ပတ်သက်ပြီး စစ်တပ်မှ ကွယ်ဝှက်ထားသော နောက်ခံသမိုင်းကြောင်းကို ဧရာဝတီက ဖေါ်ထုတ်ရေးသားထားသည်။

မြန်မာစစ်တပ်သည် နန်တန်မင်း တောင်ကုန်းရှိ ကိုးကန့်တိုင်းရင်းသားများ အထွတ်အမြတ်ထား အစဉ်အလာ ကိုးကွယ်ခဲ့သည့် နတ်ကွန်းအား ဖျက်ဆီးကာ စေတီတည်ခဲ့ခြင်း ဖြစ်သည်။

ထိုအတွက် MNDAA တပ်သား တစ်ဦး၏ တုန့်ပြန်ခဲ့မှုအား နားလည်ပေး၍ရသည်ဟု ဆိုသည်။ ထိုဖြစ်ရပ်အပေါ် MNDAA ကလည်း မဆိုင်းမတွ တောင်းပန်ခဲ့ပြီး ဖြစ်သည်။

လူမျိုးတမျိုး၏ ယုံကြည်ရာကို ဖျက်ဆီးခဲ့သည်ကကော မှန်ကန်သည့် လုပ်ရပ် ဟုတ်မဟုတ် အရင်ဆုံး ဆန်းစစ်သင့်ပေသည်။

ယခုအခါ ကချင်လွတ်လပ်ရေးတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များသည် မိုးကုတ်နှင့် ၂၈ မိုင်သာ ဝေးသည့် မိုးမိတ်မြိုသိမ်းတိုက်ပွဲကို စတင်နေပြီဖြစ်သည်ဟု သိရသည်။

မိုးမိတ်မြိုနယ်တွင် ခမရ ၃၄၈၊ ခလရ ၂၇၆၊ ခလရ ၂၂၃ တပ်ရင်း ၃ ခုနှင့် အခြေချ ဗျူဟာရှိနေပြီး ယင်းတပ်ရင်း ၃ ခုနှင့် အခြေချဗျူဟာတိုက မိုးမိတ်မြို မကျစေရေး အပြင်းအထန် ခုခံနေကြောင်း သိရှိရသည်။ လက်ရှိတွင် မိုးမိတ် မြိုမရဲစခန်းကတော့ အလံဖြူ ထောင်သွားပြီဟု သိရသည်။

ရက္ခိုင့်တပ်တော် အေအေ၏ ပလက်ဝ မြိုသိမ်းတိုက်ပွဲတွင် ဆက်လက်မခုခံတော့ပဲ အိန္ဒိယဖက်သို စစ်ကောင်စီ တပ်သား ၃၀၀ ခန့် ထွက်ပြေး တိမ်းရှောင်သွားကြသည်ဟု သိရသည်။

ပြည်သူတို၏ ခုခံတွန်းလှန်စစ်မုချအောင်ရမည်!!!

✍️ Hla Soewai

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *