Galaxy AI

Galaxy AI

ဆမီးမြို့က စစ်ကောင်စီ ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရရှိ

၁၇၊ ဇန်နဝါရီ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့က စစ်ကောင်စီ ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)မှ ထပ်မံ တိုက်ခိုက် သိမ်းပိုက်ရရှိထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဆမီးမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ ဆမီး ဗျူဟာကုန်းက်ို ရက္ခိုင့်တပ်တော်(AA)မှ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ၎င်းဗျူဟာကုန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်နဲ့ ၎င်းလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတွင်း ထိခိုက်သေဆုံးမှုများကာ စခန်းမှထွက်ခွာ ထွက်ပြေးသွားကြတယ်လို့ ဒေသခံ တစ်ဦးက Zalen ကို ပြောပါတယ်။

“အဲ့ဒီ ဗျူဟာကုန်းကို ပြီးခဲ့တဲ့ ၁၄ ရက်၊ သောကြာနေ့က AA သိမ်းပိုက်ရထားပါပြီ။ စစ်သားတွေ၊ ရဲတွေ မရှိတော့ဘူး။ အကုန်လုံးထွက်ပြေးသွားကြတယ်။ မြို့ထဲကိုတော့ AA က စစ်ရေးအရ ထိန်းချုပ်ထားတဲ့ သဘောပါ။ စစ်ဘေးရှောင်တွေက မြို့ထဲ ဝင်မလာသေးဘူး။”လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ပွဲမှာ အထိနာတဲ့ ဆမီးဗျူဟာကုန်းရှိ စစ်ကောင်စီ တပ်ဖွဲ့တွေက်ို ကယ်ထုတ်ရန် စစ်ကောင်စီဘက်က ရဟတ်ယာဥ်ဖြင့် လာရောက်ခဲ့ပြီး တိုက်ပွဲတွင်း ရက္ခိုင့်တပ်တော်(AA)ရဲ့ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေကြောင့် ရဟတ်ယာဥ်ဟာ မြေပြင် ဆင်းခွင့်မရဘဲ ပြန်လှည့်ခဲ့ရတယ်လို့ သိရပါတယ်။

ဆမီးဗျူဟာကုန်းက စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေဟာ တိုက်ပွဲတွင်း စခန်းစွန်ခွာထွက်ပြေးသွားကြပြီး မြို့ကို ရက္ခိုင့်တက်တော်(AA)က ထိန်းချုပ်ထားကာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေ နေရပ်မပြန်ရဲသေးဟု ဆိုပါတယ်။

သတင်း- ခူမီး
ဆမီးၿမိဳ႕က စစ္ေကာင္စီ ဗ်ဴဟာကုန္းကို ရကၡိဳင့္တပ္ေတာ္(AA)က သိမ္းပိုက္ရရွိ

၁၇၊ ဇန္နဝါရီ၊ ၂၀၂၄

Zalen

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ ဆမီးၿမိဳ႕က စစ္ေကာင္စီ ဗ်ဴဟာကုန္းကို ရကၡိဳင့္တပ္ေတာ္(AA)မွ ထပ္မံ တိုက္ခိုက္ သိမ္းပိုက္ရရွိထားတယ္လို႔ ေဒသခံေတြထံက သိရပါတယ္။

ဆမီးၿမိဳ႕၊ အမွတ္ ၂ ရပ္ကြက္ရွိ ဆမီး ဗ်ဴဟာကုန္းက္ို ရကၡိဳင့္တပ္ေတာ္(AA)မွ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၄ ရက္ေန႔က တိုက္ခိုက္သိမ္းပိုက္ရရွိထားၿပီး ၎ဗ်ဴဟာကုန္းရွိ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္နဲ႔ ၎လက္ေအာက္ခံ ရဲတပ္ဖြဲ႕ဝင္ေတြဟာ တိုက္ပြဲတြင္း ထိခိုက္ေသဆုံးမႈမ်ားကာ စခန္းမွထြက္ခြာ ထြက္ေျပးသြားၾကတယ္လို႔ ေဒသခံ တစ္ဦးက Zalen ကို ေျပာပါတယ္။

“အဲ့ဒီ ဗ်ဴဟာကုန္းကို ၿပီးခဲ့တဲ့ ၁၄ ရက္၊ ေသာၾကာေန႔က AA သိမ္းပိုက္ရထားပါၿပီ။ စစ္သားေတြ၊ ရဲေတြ မရွိေတာ့ဘူး။ အကုန္လုံးထြက္ေျပးသြားၾကတယ္။ ၿမိဳ႕ထဲကိုေတာ့ AA က စစ္ေရးအရ ထိန္းခ်ဳပ္ထားတဲ့ သေဘာပါ။ စစ္ေဘးေရွာင္ေတြက ၿမိဳ႕ထဲ ဝင္မလာေသးဘူး။”လို႔ ဆိုပါတယ္။

အဲ့ဒီ တိုက္ပြဲမွာ အထိနာတဲ့ ဆမီးဗ်ဴဟာကုန္းရွိ စစ္ေကာင္စီ တပ္ဖြဲ႕ေတြက္ို ကယ္ထုတ္ရန္ စစ္ေကာင္စီဘက္က ရဟတ္ယာဥ္ျဖင့္ လာေရာက္ခဲ့ၿပီး တိုက္ပြဲတြင္း ရကၡိဳင့္တပ္ေတာ္(AA)ရဲ့ ပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္ေတြေၾကာင့္ ရဟတ္ယာဥ္ဟာ ေျမျပင္ ဆင္းခြင့္မရဘဲ ျပန္လွည့္ခဲ့ရတယ္လို႔ သိရပါတယ္။

ဆမီးဗ်ဴဟာကုန္းက စစ္ေကာင္စီနဲ႔ ရဲတပ္ဖြဲ႕ေတြဟာ တိုက္ပြဲတြင္း စခန္းစြန္ခြာထြက္ေျပးသြားၾကၿပီး ၿမိဳ႕ကို ရကၡိဳင့္တက္ေတာ္(AA)က ထိန္းခ်ဳပ္ထားကာ ထြက္ေျပးတိမ္းေရွာင္ေနၾကတဲ့ စစ္ေဘးေရွာင္ေတြ ေနရပ္မျပန္ရဲေသးဟု ဆိုပါတယ္။

သတင္း- ခူမီး

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *