Galaxy AI

Samsung’s Galaxy AI was a big part of today’s Unpacked event – the generative AI service debuts on the Galaxy S24 smartphones .

The company revealed the new technology is powered by Google Cloud.

The Korean company will be the first partner that will deploy Gemini Pro and Imagen 2 on Vertex AI via the cloud to their smartphones.

Samsung Galaxy S24 devices are coming with Android 14 out of the box, meaning there will be Gemini Nano, an on-device LLM (large language model).

အောက်တွင် Video ပါဝင်ပါသည်

မိုးမိတ် ရွှေမုတ်ထောဘုရားကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးလာကြဲသွား။

မျိုးချစ် မဘသတွေ မြင်ကြရဲ့လား😏 18.1.2024

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးမိတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့ ထိုးစစ်ဆင်တိုက်ခိုက်ရာ မိုးမိတ်မြို့မရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က မြို့ကို ဇန်နဝါရီ ၁၈ရက် နံနက် ၅နာရီတွင် ဝင်ရောက်တိုက်ခိုက်ရာ နံနက် ၁၀နာရီတွင် မြို့မရဲစခန်းကို သိမ်းနိုင်ခဲ့ဟု ဆိုသည်။

“မြို့မ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲံတယ်။ မိုးမိတ်ဗျူဟာကုန်း စခန်းကို ဆက်လက်ထိုးစစ် ဆင်နေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီက လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ရာ ယနေ့တွင် လေယာဉ်ဖြင့် ခြောက်ကြိမ်လာရောက်ဗုံးကြဲခဲ့သည်ဟု ဆိုသည်။

မိုးမိတ်ရဲစခန်းတွင် စစ်ကောင်စီနှင့် ရဲပူးပေါင်းတပ်စွဲထားခြင်းဖြစ်ပြီး KIA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားသည်ဟုဆိုသည်။

မြဝတီမြို့၊ လက်ခတ်တောင်ဒေသကို စစ်တပ်က ယနေ့ ညပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်နေ

ဇန်နဝါရီ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့၊ လက်ခတ်တောင်ဒေသကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီ ၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မြဝတီမြို့၊ လက်ခတ်တောင်ဒေသကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အခု ည ၈ နာရီ ၅ မိနစ်လောက်က မြဝတီမြို့၊ လက်ခတ်တောင်ဒေသကို အကြမ်းဖက် စစ်ခွေးတွေက ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံးလာကျဲတယ်။ မြဝတီမြို့ ထဲမှာ မြေကြီးတွေပါတုန်တယ်။ ဘာတိုက်ပွဲမှ မရှိပါဘူး။

PDF တွေက နားထားတယ်။ ဒီရက်ပိုင်း ဘုန်းကြီး ပျံပွဲရှိလို့ တိုက်ပွဲတွေ ဖြစ်ရင် ဘုန်းကြီး ပျံပွဲ ပျက်မှာကြောက်လို့ ထင်တယ်။

PDF တွေက ဘာမှပြန်မလုပ်ပါဘူး။ ကျွန်တော့် အထင်ပြောရရင် စစ်ခွေးတွေက ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတာထင်တယ် ဘာသာရေး မှိုင်းတိုက်ဖို့” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *