မိုးမိတ် ၈၀% ဆို့အောက်

မိုးမိတ်မြိုမရဲစခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်

▪️မိုးမိတ် စစ်ကောင်စီ ဗျူဟာကုန်းကိုလည်းဆက်လက်ထိုးစစ်ဆင်

ဆန်အောင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးမိတ်မြိုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့ ထိုးစစ်ဆင်တိုက်ခိုက်ရာ မိုးမိတ်မြိုမရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က မြိုကို ဇန်နဝါရီ ၁၈ရက် နံနက် ၅နာရီတွင် ဝင်ရောက်တိုက်ခိုက်ရာ နံနက် ၁၀နာရီတွင် မြိုမရဲစခန်းကို သိမ်းနိုင်ခဲ့ဟု ဆိုသည်။

“မြိုမ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲံတယ်။ မိုးမိတ်ဗျူဟာကုန်း စခန်းကို ဆက်လက်ထိုးစစ် ဆင်နေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ရာ ယနေ့တွင် လေယာဉ်ဖြင့် ခြောက်ကြိမ်လာရောက်ဗုံးကြဲခဲ့သည်ဟု ဆိုသည်။

မိုးမိတ်ရဲစခန်းတွင် စစ်ကောင်စီနှင့် ရဲပူးပေါင်းတပ်စွဲထားခြင်းဖြစ်ပြီး KIA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားသည်ဟုဆိုသည်။

“ဗျူဟာ တပ်စခန်းကို ထွက်ပြေးသွားတယ်။ (စစ်ကောင်စီသေဆုံးထိခိုက်နှင့် လက်နက်ခဲယမ်းရရှိမှု) အသေးစိတ်မသိရသေး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” စစ်တပ်ဗျူဟာကုန်းတွေနဲ့တက်ရင်းတွေက မြိုတောင်ဘက်မှာ ရှိတာ။ ပူးပေါင်းအဖွဲက အရပ်ရှစ်မျက်နှာကနေ ဝင်လာတာ။ ရဲစခန်းရော တခြားစခန်းတွေပါ ဗျုဟာကို သွားပေါင်းတယ်။ အဖွဲတွေက ဗျူဟာကို တွယ်နေတယ်”ဟု စစ်ဘေးရှောင်နေသည့်မြိုခံတစ်ဦးက ပြောသည်။

အတိုက်ခံရသည့် စခန်းများကို မိုးမိတ်ဗျူဟာသို သွားပေါင်းခိုင်းပြီးနောက် စစ်ကောင်စီက မြိုကို လေကြောင်းမှ ဗုံးကြဲနေရာ နေအိမ်အချို မီးလောင်ပျက်စီးမှုရှိကြောင်း သတင်းရရှိသည်။

KIAအနေဖြင့် ရှမ်းမြောက် ကွတ်ခိုင်မြိုနယ် နမ့်ဖက်ကာ စစ်ကောင်စီဗျူဟာကုန်းစခန်း ရရှိရေးကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိသည်။ KIA အနေဖြင့် ၂၀၂၃ အောက်တိုဘာ ၁၈ရက်နောက်ပိုင်း ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၈ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက် ထားသည်။

ယခု ဇန်နဝါရီ ၁၆ရက် နမ့်ဖက်ကာ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ကို KIAက ပစ်ချဖျက်ဆီးခဲ့သည်။

မိုးမိတ္ၿမိဳမရဲစခန္းကို KIA ပူးေပါင္းတပ္ သိမ္းပိုက္

▪️မိုးမိတ္ စစ္ေကာင္စီ ဗ်ဴဟာကုန္းကိုလည္းဆက္လက္ထိုးစစ္ဆင္

ဆန္ေအာင္/People’s Spring

ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ မိုးမိတ္ၿမိဳကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA) ပူးေပါင္းတပ္က ယေန႔ ထိုးစစ္ဆင္တိုက္ခိုက္ရာ မိုးမိတ္ၿမိဳမရဲစခန္းကို သိမ္းပိုက္နိုင္ခဲ့ဟု ကခ်င္စစ္ေရးသတင္းရင္းျမစ္က ေျပာသည္။

KIA၊ ျမန္မာနိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး(ABSDF)၊ ျပည္သူ႔ကာကြယ္ ေရးတပ္မေတာ္(PDF)ပူးေပါင္းတပ္က ၿမိဳကို ဇန္နဝါရီ ၁၈ရက္ နံနက္ ၅နာရီတြင္ ဝင္ေရာက္တိုက္ခိုက္ရာ နံနက္ ၁၀နာရီတြင္ ၿမိဳမရဲစခန္းကို သိမ္းနိုင္ခဲ့ဟု ဆိုသည္။

“ၿမိဳမ ရဲစခန္းကို သိမ္းပိုက္နိုင္ခဲံတယ္။ မိုးမိတ္ဗ်ဴဟာကုန္း စခန္းကို ဆက္လက္ထိုးစစ္ ဆင္ေနတယ္”ဟု စစ္ေရးသတင္းရင္းျမစ္က ေျပာသည္။

စစ္ေကာင္စီက ေလေၾကာင္း ပစ္ကူေပး တိုက္ခိုက္ခဲ့ရာ ယေန႔တြင္ ေလယာဥ္ျဖင့္ ေျခာက္ႀကိမ္လာေရာက္ဗုံးၾကဲခဲ့သည္ဟု ဆိုသည္။

မိုးမိတ္ရဲစခန္းတြင္ စစ္ေကာင္စီႏွင့္ ရဲပူးေပါင္းတပ္စြဲထားျခင္းျဖစ္ၿပီး KIA ပူးေပါင္းတပ္၏ တိုက္ခိုက္မႈေၾကာင့္ ထြက္ေျပးသြားသည္ဟုဆိုသည္။

“ဗ်ဴဟာ တပ္စခန္းကို ထြက္ေျပးသြားတယ္။ (စစ္ေကာင္စီေသဆုံးထိခိုက္ႏွင့္ လက္နက္ခဲယမ္းရရွိမႈ) အေသးစိတ္မသိရေသး”ဟု စစ္ေရးသတင္းရင္းျမစ္က ေျပာသည္။

” စစ္တပ္ဗ်ဴဟာကုန္းေတြနဲ႔တက္ရင္းေတြက ၿမိဳေတာင္ဘက္မွာ ရွိတာ။ ပူးေပါင္းအဖြဲက အရပ္ရွစ္မ်က္ႏွာကေန ဝင္လာတာ။ ရဲစခန္းေရာ တျခားစခန္းေတြပါ ဗ်ဳဟာကို သြားေပါင္းတယ္။ အဖြဲေတြက ဗ်ဴဟာကို တြယ္ေနတယ္”ဟု စစ္ေဘးေရွာင္ေနသည့္ၿမိဳခံတစ္ဦးက ေျပာသည္။

အတိုက္ခံရသည့္ စခန္းမ်ားကို မိုးမိတ္ဗ်ဴဟာသို သြားေပါင္းခိုင္းၿပီးေနာက္ စစ္ေကာင္စီက ၿမိဳကို ေလေၾကာင္းမွ ဗုံးၾကဲေနရာ ေနအိမ္အခ်ိဳ မီးေလာင္ပ်က္စီးမႈရွိေၾကာင္း သတင္းရရွိသည္။

KIAအေနျဖင့္ ရွမ္းေျမာက္ ကြတ္ခိုင္ၿမိဳနယ္ နမ့္ဖက္ကာ စစ္ေကာင္စီဗ်ဴဟာကုန္းစခန္း ရရွိေရးကိုလည္း ထိုးစစ္ဆင္တိုက္ခိုက္လ်က္ ရွိသည္။ KIA အေနျဖင့္ ၂၀၂၃ ေအာက္တိုဘာ ၁၈ရက္ေနာက္ပိုင္း ရွမ္းေျမာက္ရွိ စစ္ေကာင္စီတပ္စခန္း ၈ခုထက္မနည္းကို တိုက္ခိုက္သိမ္းပိုက္ ထားသည္။

ယခု ဇန္နဝါရီ ၁၆ရက္ နမ့္ဖက္ကာ တိုက္ပြဲတြင္လည္း စစ္ေကာင္စီတပ္၏ တိုက္ေလယာဥ္ကို KIAက ပစ္ခ်ဖ်က္ဆီးခဲ့သည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *