Samsung Tips And Tricks, ဈေးကွက်ပေါ် ရောက်လာရင်တော့ ဆို့အောက်တော့တာဘဲ…လှရွှေတို့ အလံဖြူပြပြီ

မိုးမိတ်မြို့ရဲစခန်း အလံဖြူထောင်ပြီး မြို့တွင်းရှိ တပ်စွဲနေရာတချို့ကို သိမ်း ပိုက်၊ စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေ

မိုးမိတ်မြို့နယ်ရှိ တပ်ရင်း ၃ ခုနှင့် အခြေချဗျူဟာက မိုးမိတ်မြို့ကို ဦးတည်၍ ပစ်ခတ်မှုများ ဆက်တိုက်လုပ်နေ

ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ကို ယနေ့ နံနက်အစောပိုင်းမှ စတင်၍ တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ မိုးမိတ်မြို့မ ရဲစခန်း က အလံဖြူထောင်ပြီး

မြို့တွင်းရှိ တပ်စွဲနေရာတချို့ကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ရရှိကြောင်း ရှေ့တန်းPDF သတင်းရင်းမြစ် နှင့်ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မနက်အစောကြီးကတည်းက ရဲစခန်းကို ိုင်းထားတာ။ နောက်ဆုံး ရဲစခန်း ထဲက ရဲနဲ့စစ်သားတချို့ အလံဖြူထောင်တယ်။ နောက်ပြီး‌ ရွှေဇာလီမှာရှိတဲ့ စစ်တပ် တပ်စွဲနေရာတစ်ခု၊ စခန်းငယ်တစ်ခုကို သိမ်းပိုက်ရရှိတယ်။

မြို့ထဲ ကနေ တော့ စစ်ခွေးနဲ့ ရဲခွေးတွေ ပြေးကုန်ကြပြီ။ တပ်ရင်း ၃ ရင်းနဲ့ အခြေချ ဗျူဟာဘက်ကို ပြေးကြတယ်” ဟု ရှေ့တန်း PDF သတင်းရင်းမြစ်က ပြောဆို သည်။

ယနေ့ နံနက် ၄ နာရီမှစတင်၍ မိုးမိတ်မြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေရာတွင် စစ်တပ်က လက်နက်ကြီးများ၊ လေကြောင်း တိုက် ခိုက် မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်းသိရှိရသည်။

“လေကြောင်းကနေ လာပစ်လိုက် ပြန်လှည့်သွားလိုက် လာပစ်လိုက်၊ ပြန်လှည့် သွားလိုက်နဲ့ မိုးမိတ်ရဲစခန်းတော့ အသိမ်းခံလိုက်ရပြီလို့ကြားတယ်။ စစ်တပ်က လက်နက် ကြီးတွေနဲ့ပစ်နေတာ

မြို့ထဲက ပြည်သူတွေ အိမ်တွေ တော်တော်ထိ တယ်။ ဒဏ်ရာရသူတွေ လည်းရှိတယ်။ အပြင်ထွက်လို့ကို မရဘူး။ အခြေအနေ ဆိုးတယ်” ဟု မိုးမိတ်မြို့ မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

မိုးမိတ်မြို့နယ်တွင် ခမရ ၃၄၈၊ ခလရ ၂၇၆ ၊ ခလရ ၂၂၃ တပ်ရင်း ၃ ခုနှင့် အခြေချ ဗျူဟာရှိနေပြီး ယင်းတပ်ရင်း ၃ ခုနှင့် အခြေချဗျူဟာတို့က မိုးမိတ်မြို့ မကျစေရေး အပြင်းအထန်ခုခံနေကြောင်း သိရှိရသည်။

မိုးမိတ္ၿမိဳ႕ရဲစခန္း အလံျဖဴေထာင္ၿပီး ၿမိဳ႕တြင္းရွိ တပ္စြဲေနရာတခ်ိဳ႕ကို သိမ္း ပိုက္၊ စစ္ေကာင္စီက ေလေၾကာင္းႏွင့္လက္နက္ႀကီးမ်ား ဆက္တိုက္ပစ္ခတ္ေန

မိုးမိတ္ၿမိဳ႕နယ္ရွိ တပ္ရင္း ၃ ခုႏွင့္ အေျခခ်ဗ်ဴဟာက မိုးမိတ္ၿမိဳ႕ကို ဦးတည္၍ ပစ္ခတ္မႈမ်ား ဆက္တိုက္လုပ္ေန

ဇန္နဝါရီ ၁၈

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မိုးမိတ္ၿမိဳ႕ကို ယေန႔ နံနက္အေစာပိုင္းမွ စတင္၍ ေတာ္လွန္ေရးတပ္မ်ားက ဝင္ေရာက္တိုက္ခိုက္လ်က္ရွိရာ မိုးမိတ္ၿမိဳ႕မ ရဲစခန္း က အလံျဖဴေထာင္ၿပီး

ၿမိဳ႕တြင္းရွိ တပ္စြဲေနရာတခ်ိဳ႕ကိုလည္း ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက သိမ္းပိုက္ရရွိေၾကာင္း ေရွ႕တန္းPDF သတင္းရင္းျမစ္ ႏွင့္ေဒသ ျပည္သူမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

“မနက္အေစာႀကီးကတည္းက ရဲစခန္းကို ိုင္းထားတာ။ ေနာက္ဆုံး ရဲစခန္း ထဲက ရဲနဲ႔စစ္သားတခ်ိဳ႕ အလံျဖဴေထာင္တယ္။ ေနာက္ၿပီး‌ ေရႊဇာလီမွာရွိတဲ့ စစ္တပ္ တပ္စြဲေနရာတစ္ခု၊ စခန္းငယ္တစ္ခုကို သိမ္းပိုက္ရရွိတယ္။

ၿမိဳ႕ထဲ ကေန ေတာ့ စစ္ေခြးနဲ႔ ရဲေခြးေတြ ေျပးကုန္ၾကၿပီ။ တပ္ရင္း ၃ ရင္းနဲ႔ အေျခခ် ဗ်ဴဟာဘက္ကို ေျပးၾကတယ္” ဟု ေရွ႕တန္း PDF သတင္းရင္းျမစ္က ေျပာဆို သည္။

ယေန႔ နံနက္ ၄ နာရီမွစတင္၍ မိုးမိတ္ၿမိဳ႕နယ္ကို ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက ဝင္ေရာက္တိုက္ခိုက္ေနရာတြင္ စစ္တပ္က လက္နက္ႀကီးမ်ား၊ ေလေၾကာင္း တိုက္ ခိုက္ မႈမ်ား ဆက္တိုက္ လုပ္ေဆာင္ေနေၾကာင္းသိရွိရသည္။

“ေလေၾကာင္းကေန လာပစ္လိုက္ ျပန္လွည့္သြားလိုက္ လာပစ္လိုက္၊ ျပန္လွည့္ သြားလိုက္နဲ႔ မိုးမိတ္ရဲစခန္းေတာ့ အသိမ္းခံလိုက္ရၿပီလို႔ၾကားတယ္။ စစ္တပ္က လက္နက္ ႀကီးေတြနဲ႔ပစ္ေနတာ

ၿမိဳ႕ထဲက ျပည္သူေတြ အိမ္ေတြ ေတာ္ေတာ္ထိ တယ္။ ဒဏ္ရာရသူေတြ လည္းရွိတယ္။ အျပင္ထြက္လို႔ကို မရဘူး။ အေျခအေန ဆိုးတယ္” ဟု မိုးမိတ္ၿမိဳ႕ မွ ျပည္သူတစ္ဦးက ရွင္းျပသည္။

မိုးမိတ္ၿမိဳ႕နယ္တြင္ ခမရ ၃၄၈၊ ခလရ ၂၇၆ ၊ ခလရ ၂၂၃ တပ္ရင္း ၃ ခုႏွင့္ အေျခခ် ဗ်ဴဟာရွိေနၿပီး ယင္းတပ္ရင္း ၃ ခုႏွင့္ အေျခခ်ဗ်ဴဟာတို႔က မိုးမိတ္ၿမိဳ႕ မက်ေစေရး အျပင္းအထန္ခုခံေနေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *