တိုက်ကြက်ပေါ်က လေဘဲနှစ်ကောင် ရှောသွားပြီ

ကွတ်ခိုင်၊ နမ့်ဖတ်ကာ တွင် KIA က ပစ်ချလိုက်သည့် တိုက်လေယာဉ်မှာ တရုတ် ထုတ် FTC 2000G အမျိုးအစားဖြစ်ပြီး စစ်လေယာဉ်မှူး ဗိုလ်မှူးနှင့် တွဲဘက်လေယာဉ်မှူး ဗိုလ်ကြီးတို့ သေဆုံး

တရုတ် လုပ် FTC 2000 G အပေါ့စားတိုက်လေယာဉ် တစ်စီးလျှင် အမေရိ ကန် ဒေါ်လာ ၈ သန်းခွဲဝန်းကျင်တန်ဖိုးရှိ

ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာ၊ မနူယာန် ဒေသတွင် ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက် လေယာဉ်စီးကို KIA က ပစ် ခတ်လိုက်ရာ အဆိုပါ လေယာဉ်မှာ တရုတ်လုပ် FTC 2000G အမျိုးအစား တိုက်လေယာဉ်ဖြစ်ကာ လေယာဉ်မှူးဗိုလ်မှူးနှင့် တွဲဖက် လေယာဉ်မှူး ဗိုလ် ကြီး တို့ သေဆုံးသွားကြောင်း လေတပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် အဆိုပါ တရုတ်လုပ် FTC 2000G တိုက်လေယာဉ်သည် နမ့်ဖတ်ကာကို ဗုံးလာကျဲစဉ် ပစ်ချခံရခြင်း ဖြစ်ကြောင်း၊ လေယာဉ်မှူး ဗိုလ်မှူးနှင့် တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီးတို့ သေ ဆုံး သွားကြောင်း ၊ ယင်းလေယာဉ်သည် နံနက် ၁၀ နာရီဝန်းကျင်တွင် ဗုံးကျဲ ရန် ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“လေတပ်ဘက်ကနေ ပြန်သိရတာက မနေ့က ပျက်ကျတာက FTC 2000 G တိုက် လေယာဉ် ၊ လေယာဉ်တက်တဲ့ လေတပ်ကတော့ အတည်မပြုရ သေး ပေ မယ့် အကြမ်းဖျဉ်း နမ့်စန်လေတပ်စခန်းဌာနချုပ်ကနေ တက်တယ်လို့တော့ သိရတယ်။

အဲဒါ ပစ်ချခံရတာမှာ လေသူရဲ ဗိုလ်မှူးနဲ့ ဗိုလ်ကြီး သေဆုံးပါတယ်။ ပစ်ချခံရတာလည်း အတည်ပြုလို့ရတယ်။ အဲဒီလေယာဉ်က အမောင်းသင် အတွက် လည်း သုံးသလို တိုက်ခိုက်ရေးအတွက်လည်း သုံးတယ်။ အပေါ့စား တိုက်လေယာဉ်အမျိုးအစား” ဟု လေတပ်နှင့် နီးစပ်သော အသိုင်းအ၀ိုင်းက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က တရုတ် FTC 2000 G တိုက်လေယာဉ် ၆ စီး ဝယ်ယူ ခဲ့ပြီး နမ့်စန် လေတပ် စခန်းဌာနချုပ်သို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံလုပ် FTC 2000 G တိုက်

လေယာဉ် ၆ စီးသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ နှစ်သုတ်ခွဲ၍ နမ့်စန် လေတပ် စခန်း ဌာန ချုပ်သို့ရောက်ရှိခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။

စစ်ကောင်စီက တရုတ်နိုင်ငံ၊ Guizhou Aviation Industries Corporation (GAIC) က ထုတ် လုပ်သည့် FTC 2000 G အမျိုးအစား ၂ ယောက် မောင်း Fighter လေယာဉ် ၆ စီးကို မှာယူခဲ့ကြောင်း၊ ယင်းလေယာဉ် များ ကို တရုတ် နိုင်ငံ၊ ယူနန်ပြည်နယ်၊ Xishuangbanna Gasa လေဆိပ်မှ

နမ့်စန် လေတပ် စခန်းဌာနချုပ်ထံသို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက် နေ့အထိ တစ်ကြိမ်လျှင် လေယာဉ် ၃ စီးဖြင့် တစ်အုပ်စုအဖြစ် အုပ်စုဖွဲ့၍ ၂ ကြိမ် လေယာဉ် ၆ စီး ပျံသန်း ရောက်ရှိ လာခဲ့ ခြင်း ဖြစ်ကြောင်း၊ တရုတ် လုပ် FTC 2000 G တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၈ သန်းခွဲဝန်းကျင် ကျသင့် ကြောင်း သိရှိရသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *