ဒီပုံအတိုင်းဆို မကြာခင် ပွဲတွေပြန်ကတော့မယ်

မိုးမိတ်၊ ကွတ်ခိုင်နှင့် ကျောက်မဲ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး အပစ်ရပ်စဲရေး သဘောတူညီမှုကို ဆက်လက် ချိုးဖောက်နေ

ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် ကျောက်မဲ မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး

အပစ်ရပ်စဲရေး သဘောတူညီမှုကို ဆက်လက် ချိုးဖောက်နေကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက် အရသိရသည်။

ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် မိုးမိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်က မန်ဖွယ်ကျေးရွာကို လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊

ထို့ပြင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာအနီးကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၁ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်ကလည်း ကျောက်မဲမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်က သံဘိုရွာ အနီးတဝိုက်ကို လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊

ထို့ပြင် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်ကလည်း ကွတ်ခိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နမ့်ဖတ်ကာတပ်က နမ့်အွန်ရွာကို လက်နက်ကြီးဖြင့် ၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

မိုးမိတ္၊ ကြတ္ခိုင္ႏွင့္ ေက်ာက္မဲ ၿမိဳ႕နယ္ရွိ ေက်းရြာမ်ားကို စစ္တပ္က ေလေၾကာင္း၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္ၿပီး အပစ္ရပ္စဲေရး သေဘာတူညီမႈကို ဆက္လက္ ခ်ိဳးေဖာက္ေန’

 

ဇန္နဝါရီ ၁၆

ရွမ္းျပည္နယ္ ေျမာက္ပိုင္း မိုးမိတ္ၿမိဳ႕နယ္၊ ကြတ္ခိုင္ၿမိဳ႕နယ္ႏွင့္ ေက်ာက္မဲ ၿမိဳ႕နယ္ရွိ ေက်းရြာမ်ားကို အၾကမ္းဖက္ စစ္တပ္က ေလေၾကာင္း၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္ၿပီး

အပစ္ရပ္စဲေရး သေဘာတူညီမႈကို ဆက္လက္ ခ်ိဳးေဖာက္ေနေၾကာင္း PSLF/TNLA သတင္းႏွင့္ျပန္ၾကားေရးဌာန၏ ထုတ္ျပန္ခ်က္ အရသိရသည္။

ယေန႔ ဇန္နဝါရီလ ၁၆ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၄၀ မိနစ္တြင္ မိုးမိတ္ၿမိဳ႕နယ္ရွိ အၾကမ္းဖက္ စစ္ေကာင္စီတပ္က မန္ဖြယ္ေက်းရြာကို လက္နက္ႀကီးျဖင့္ ၆ ႀကိမ္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊

ထို႔ျပင္ ကြတ္ခိုင္ၿမိဳ႕နယ္၊ နမ့္ဖတ္ကာရြာအနီးကို အၾကမ္းဖက္ စစ္တပ္က Jet Fighter ျဖင့္ ၁ ႀကိမ္ လာေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *