ကျွန်ဝယ်ရာ အစစ်ပါဆိုတာ ဒါမှဗျာ…တချက်ပစ်ရင် သုံးကောင်လစ်မယ့် ဟာတွေ

ကျွန်ဝယ်ရာ အစစ်ပါဆိုတာ ဒါမှဗျာ…တချက်ပစ်ရင် သုံးကောင်လစ်မယ့် ဟာတွေ

ပြင်ဦးလွင် သသနတပ်တွင် အမျိုးသမီး မှန်သမျှ စစ်သင်တန်း မဖြစ်မနေ တက်ခိုင်း၊ သင်တန်းမတက်လျှင် လိုင်းခန်း ပြန်သိမ်းမည်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန တပ်) တွင် စစ်သည်များ၏ ဇနီးမယားများ အပါအဝင် အမျိုးသမီး မှန် သမျှ စစ်သင်တန်းမဖြစ်မနေ တက်ရမည်ဟု စစ်ကောင်စီက ဖိအားပေး လာ ကြောင်း တပ်တွင်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ယခုဇန်နဝါရီလအတွင်း ပြင်ဦးလွင် သသနတပ်အတွင်း အမျိုးသမီးများ အား လုံးကို စစ်သင်တန်းပို့ချမည်ဖြစ်ပြီး မဖြစ်မနေ သင်တန်းတက်ရောက် ခိုင်း နေကြောင်း၊ စစ်သင်တန်း မတက်လျှင် တပ်တွင်း လိုင်းခန်းတွင် နေထိုင်ခွင့် မပြုဘဲ လိုင်းခန်းကိုပါ ပြန်လည် သိမ်းယူမည်ခြိမ်းခြောက်လာကြောင်း သိရှိရသည်။

“ပြင်ဦးလွင် သသန မှာ အမျိုးသမီးတွေအားလုံးပါ စစ်သင်တန်း ကို အတင်း အဓမ္မ တက်ခိုင်းနေပါတယ်။ စစ်သင်တန်း မတက်ရင် ပေးထားတဲ့ လိုင်းခန်း တွေပြန်သိမ်းပြီး သင်တန်းတတ်သူတွေကို ပဲလိုင်းခန်းမှာ နေခွင့်ပေး မယ် ဆိုတာမျိုးတွေ လုပ်လာတယ်။ မတက်ရင် မဖြစ်တဲ့ပုံစံမျိုးနဲ့ ဖိအားပေး ခံနေ ရတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် ပြင်ဦးလွင်သို့ TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၊ မန္တလေး PDF များ လာရောက်တိုက်ခိုက်မည်ဆိုသော သတင်းများကြောင့် ပြင်ဦးလွင်တစ်ခွင်ကို နေ့စဉ် ရာပေါင်းများစွာ စစ်သားများက ခြေလျင် စစ်ကြောင်းများဖြင့် ကင်းလှည့်နေကြကြောင်း၊ ထို့ပြင် ပြင်ဦးလွင် တပ်များ တွင်လည်း ကတုတ်ကျင်းများ တူးထားပြီး ဘန်ကာများကိုလည်း အခိုင်အမာ တည် ဆောက်ကာ ခံစစ်အတွက် အထူးပြင်ဆင်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်မှ စစ်သားများ၏ အိမ်ထောင်သည်အမျိုးသမီးများ စစ်မှုထမ်း နေရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

ကြၽန္ဝယ္ရာ အစစ္ပါဆိုတာ ဒါမွဗ်ာ…တခ်က္ပစ္ရင္ သုံးေကာင္လစ္မယ့္ ဟာေတြ

ျပင္ဦးလြင္ သသနတပ္တြင္ အမ်ိဳးသမီး မွန္သမွ် စစ္သင္တန္း မျဖစ္မေန တက္ခိုင္း၊ သင္တန္းမတက္လွ်င္ လိုင္းခန္း ျပန္သိမ္းမည္ဟုဆို

ရန္ကုန္၊ ဇန္နဝါရီ ၁၅

မႏၲေလးတိုင္း၊ ျပင္ဦးလြင္ရွိ တပ္မေတာ္သိပၸံႏွင့္ သုေတသနနည္းပညာဌာနခ်ဳပ္ (သသန တပ္) တြင္ စစ္သည္မ်ား၏ ဇနီးမယားမ်ား အပါအဝင္ အမ်ိဳးသမီး မွန္ သမွ် စစ္သင္တန္းမျဖစ္မေန တက္ရမည္ဟု စစ္ေကာင္စီက ဖိအားေပး လာ ေၾကာင္း တပ္တြင္းသတင္းရင္းျမစ္တခ်ိဳ႕ထံမွ သိရွိရသည္။

ယခုဇန္နဝါရီလအတြင္း ျပင္ဦးလြင္ သသနတပ္အတြင္း အမ်ိဳးသမီးမ်ား အား လုံးကို စစ္သင္တန္းပို႔ခ်မည္ျဖစ္ၿပီး မျဖစ္မေန သင္တန္းတက္ေရာက္ ခိုင္း ေနေၾကာင္း၊ စစ္သင္တန္း မတက္လွ်င္ တပ္တြင္း လိုင္းခန္းတြင္ ေနထိုင္ခြင့္ မျပဳဘဲ လိုင္းခန္းကိုပါ ျပန္လည္ သိမ္းယူမည္ၿခိမ္းေျခာက္လာေၾကာင္း သိရွိရသည္။

“ျပင္ဦးလြင္ သသန မွာ အမ်ိဳးသမီးေတြအားလုံးပါ စစ္သင္တန္း ကို အတင္း အဓမၼ တက္ခိုင္းေနပါတယ္။ စစ္သင္တန္း မတက္ရင္ ေပးထားတဲ့ လိုင္းခန္း ေတြျပန္သိမ္းၿပီး သင္တန္းတတ္သူေတြကို ပဲလိုင္းခန္းမွာ ေနခြင့္ေပး မယ္ ဆိုတာမ်ိဳးေတြ လုပ္လာတယ္။ မတက္ရင္ မျဖစ္တဲ့ပုံစံမ်ိဳးနဲ႔ ဖိအားေပး ခံေန ရတယ္” ဟု တပ္တြင္းသတင္းရင္းျမစ္က ဆိုသည္။

လက္ရွိတြင္ ျပင္ဦးလြင္သို႔ TNLA အပါအဝင္ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕၊ မႏၲေလး PDF မ်ား လာေရာက္တိုက္ခိုက္မည္ဆိုေသာ သတင္းမ်ားေၾကာင့္ ျပင္ဦးလြင္တစ္ခြင္ကို ေန႔စဥ္ ရာေပါင္းမ်ားစြာ စစ္သားမ်ားက ေျခလ်င္ စစ္ေၾကာင္းမ်ားျဖင့္ ကင္းလွည့္ေနၾကေၾကာင္း၊ ထို႔ျပင္ ျပင္ဦးလြင္ တပ္မ်ား တြင္လည္း ကတုတ္က်င္းမ်ား တူးထားၿပီး ဘန္ကာမ်ားကိုလည္း အခိုင္အမာ တည္ ေဆာက္ကာ ခံစစ္အတြက္ အထူးျပင္ဆင္ထားေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- စစ္တပ္မွ စစ္သားမ်ား၏ အိမ္ေထာင္သည္အမ်ိဳးသမီးမ်ား စစ္မႈထမ္း ေနရစဥ္။ (ပုံအေဟာင္းျဖစ္ပါသည္။)

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *