ရင်ခုန်ထားနော် အလည်လာမလို့တဲ့ 😘

ပြင်ဦးလွင်၊ မန္တလေးနှင့် နေပြည်တော်ကို ထိုးစစ်ဆင်ရန် ဗျူဟာတကျ ပြင်ဆင်ထားဟု NUG ပြော

DVB

ဦးကျော်ဇော် (NUG သမ္မတရုံးပြောခွင့်ရှိသူ) က “ပြင်ဦးလွင်မှာ သူတို့ကြောက်ပြီးတော့ ဟိုဟာလုပ်တယ် ဒီဟာလုပ်တယ်၊ ပေးမထွက်ဘူး ပေးမသွားဘူးဆိုတဲ့ဟာမျိုးတွေ။ ဒါကတော့ ကျနော်တို့‌ ဗျူဟာအရလုပ်စရာရှိတာတွေ လုပ်သွားမယ်။

ဒါက ပြင်ဦးလွင်ကို ခြိမ်းခြောက်တဲ့ အနေအထားရှိတယ်။ ပြင်ဦးလွင်နဲ့ မန္တလေးနဲ့ဆိုတာလည်း ဘာမှမဝေးတော့ဘူး။

မန္တလေးနဲ့ နေပြည်တော်ဆိုတာလည်း ဘာမှမဝေးတော့ဘူး။ နေပြည်တော်သွားတာ ဒီတလမ်းတည်း မဟုတ်ပါဘူး။ လမ်းကြောင်းတွေအများကြီးရှိတယ်။

တော်လှန်ရေးအင်အားစုတွေက PDF ပဲပြောပြော၊ ERO ပဲပြောပြော အရှေ့ဘက်ကနေပြီးတော့ နေပြည်တော်နဲ့ ဘာမှမဝေးတဲ့နေရာမှာ ရှိနေတယ်။

နေပြည်တော် ဒေသထဲထိတောင်မှ ကျနော်တို့တွေ တိုက်ပွဲတွေဖော်ဆောင်နိုင်တယ်။

တောင်ပိုင်းကနေပြီး နေပြည်တော်သွားတဲ့ လမ်းကြောင်းလည်းရှိတယ်။ ဗျူဟာအရ ဘယ်လိုလုပ်တယ်၊ ဘယ်အချိန်မှာ ဘယ်လိုဝင်မယ်၊

ဘယ်လိုထိုးစစ်ဆင်တယ်ဆိုတာတော့ ကျနော့်အနေနဲ့ ပြောခွင့်မရှိဘူး။ ကျနော်တို့ အခြေအနေကြည့်ပြီးတော့ ဗျူဟာအရလုပ်တယ်။

စစ်တပ်က ပြိုကွဲနေပြီ၊ ယိုင်နေပြီ။ အဲ့ဒါကိုဝိုင်းပြီးတော့ ဟန်ချက်ညီညီ လှဲချဖို့ပဲ ကျန်တော့တယ်။ သူတို့မှာ စိတ်ဓာတ်ရော ရုပ်ရောမရှိတော့ဘူး။”

ျပင္ဦးလြင္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္ကို ထိုးစစ္ဆင္ရန္ ဗ်ဴဟာတက် ျပင္ဆင္ထားဟု NUG ေျပာ

DVB

ဦးေက်ာ္ေဇာ္ (NUG သမၼတ႐ုံးေျပာခြင့္ရွိသူ) က “ျပင္ဦးလြင္မွာ သူတို႔ေၾကာက္ၿပီးေတာ့ ဟိုဟာလုပ္တယ္ ဒီဟာလုပ္တယ္၊ ေပးမထြက္ဘူး ေပးမသြားဘူးဆိုတဲ့ဟာမ်ိဳးေတြ။ ဒါကေတာ့ က်ေနာ္တို႔‌ ဗ်ဴဟာအရလုပ္စရာရွိတာေတြ လုပ္သြားမယ္။

ဒါက ျပင္ဦးလြင္ကို ၿခိမ္းေျခာက္တဲ့ အေနအထားရွိတယ္။ ျပင္ဦးလြင္နဲ႔ မႏၲေလးနဲ႔ဆိုတာလည္း ဘာမွမေဝးေတာ့ဘူး။

မႏၲေလးနဲ႔ ေနျပည္ေတာ္ဆိုတာလည္း ဘာမွမေဝးေတာ့ဘူး။ ေနျပည္ေတာ္သြားတာ ဒီတလမ္းတည္း မဟုတ္ပါဘူး။ လမ္းေၾကာင္းေတြအမ်ားႀကီးရွိတယ္။

ေတာ္လွန္ေရးအင္အားစုေတြက PDF ပဲေျပာေျပာ၊ ERO ပဲေျပာေျပာ အေရွ႕ဘက္ကေနၿပီးေတာ့ ေနျပည္ေတာ္နဲ႔ ဘာမွမေဝးတဲ့ေနရာမွာ ရွိေနတယ္။

ေနျပည္ေတာ္ ေဒသထဲထိေတာင္မွ က်ေနာ္တို႔ေတြ တိုက္ပြဲေတြေဖာ္ေဆာင္နိုင္တယ္။

ေတာင္ပိုင္းကေနၿပီး ေနျပည္ေတာ္သြားတဲ့ လမ္းေၾကာင္းလည္းရွိတယ္။ ဗ်ဴဟာအရ ဘယ္လိုလုပ္တယ္၊ ဘယ္အခ်ိန္မွာ ဘယ္လိုဝင္မယ္၊

ဘယ္လိုထိုးစစ္ဆင္တယ္ဆိုတာေတာ့ က်ေနာ့္အေနနဲ႔ ေျပာခြင့္မရွိဘူး။ က်ေနာ္တို႔ အေျခအေနၾကည့္ၿပီးေတာ့ ဗ်ဴဟာအရလုပ္တယ္။

စစ္တပ္က ၿပိဳကြဲေနၿပီ၊ ယိုင္ေနၿပီ။ အဲ့ဒါကိုဝိုင္းၿပီးေတာ့ ဟန္ခ်က္ညီညီ လွဲခ်ဖို႔ပဲ က်န္ေတာ့တယ္။ သူတို႔မွာ စိတ္ဓာတ္ေရာ ႐ုပ္ေရာမရွိေတာ့ဘူး။”

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *