ဒီပုံအတိုင်းဆို နှစ်သစ်ကူး ထိခံပါ့မလား အဟိ

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အပစ်ရပ်ထားသော်လည်း စစ်တပ်က မိုးကုတ်နှင့် လားရှိုးရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်အင်အား ဖြည့်တင်းနေ

ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ အပစ်အခတ် ရပ်စဲထားသော်လည်း မိုးကုတ်မြို့နယ်နှင့်

လားရှိုးမြို့နယ်တို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၁၁ နာရီ ၁၁ မိနစ်အချိန်က မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ အထက်ညောင်ကုန်းနှင့် ကုန်စံကျေးရွာကြားသို့ လက်နက်ကြီး ဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်

အလားတူ ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၇ နာရီ မိနစ် ၄၀ခ န့်က လားရှိုးမြို့နယ်စစ်ကောင်စီ တပ်က တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ နာကွန့်ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီး ဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်

ထို့ပြင် မူဆယ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ထောက်ပို့လေယာဥ်ဖြင့် ၁ကြိမ် စစ်ကူလူအင်အား နှင့် လက်နက်ခဲယမ်းများ ထပ်မံလာရောက်ဖြည့်တင်းခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်

ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ အပစ္ရပ္ထားေသာ္လည္း စစ္တပ္က မိုးကုတ္ႏွင့္ လားရွိုးရွိ ေက်းရြာမ်ားကို လက္နက္ႀကီးျဖင့္ ပစ္ခတ္ၿပီး စစ္အင္အား ျဖည့္တင္းေန

ဇန္နဝါရီ ၁၄

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕ႏွင့္ အၾကမ္းဖက္ စစ္တပ္တို႔ အပစ္အခတ္ ရပ္စဲထားေသာ္လည္း မိုးကုတ္ၿမိဳ႕နယ္ႏွင့္

လားရွိုးၿမိဳ႕နယ္တို႔ရွိ ေက်းရြာမ်ားကို စစ္တပ္က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း TNLA သတင္းႏွင့္ျပန္ၾကားေရးဌာနက ထုတ္ျပန္သည္။

ယေန႔ ဇန္နဝါရီလ ၁၄ ရက္ နံနက္ ၁၁ နာရီ ၁၁ မိနစ္အခ်ိန္က မိုးကုတ္ၿမိဳ႕နယ္၊ ျဖဴေရာင္ေက်းရြာ၌ တပ္စြဲထားေသာ စစ္ေကာင္စီတပ္မွ အထက္ေညာင္ကုန္းႏွင့္ ကုန္စံေက်းရြာၾကားသို႔ လက္နက္ႀကီး ျဖင့္ ၁ ႀကိမ္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္

အလားတူ ယေန႔ ဇန္နဝါရီလ ၁၄ ရက္ နံနက္ ၇ နာရီ မိနစ္ ၄၀ခ န႔္က လားရွိုးၿမိဳ႕နယ္စစ္ေကာင္စီ တပ္က တအာင္းတပ္မေတာ္ PSLF/TNLA တည္ရွိရာ နာကြန႔္ေက်းရြာအနီးတဝိုက္သို႔ လက္နက္ႀကီး ျဖင့္ ၄ ႀကိမ္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္

ထို႔ျပင္ မူဆယ္ၿမိဳ႕ရွိ စစ္ေကာင္စီတပ္စခန္းကို ေထာက္ပို႔ေလယာဥ္ျဖင့္ ၁ႀကိမ္ စစ္ကူလူအင္အား ႏွင့္ လက္နက္ခဲယမ္းမ်ား ထပ္မံလာေရာက္ျဖည့္တင္းခဲ့ေၾကာင္း TNLA သတင္းႏွင့္ျပန္ၾကားေရး ဌာနက ထုတ္ျပန္ထားသည္

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *