ဒီကနေ့အတွက် အကြိုက်ဆုံး သတင်း..လေးစားပါတယ် ရဲဘော်တို..

“ငပျူတွေအတွက် အသက်စတေးပေးရတဲ့ သဘောက်များ”

ဒီကနေ့အတွက် အကြိုက်ဆုံး သတင်းကို ပြောပါ ဆိုရင် မြိုင်နယ်က သတင်းကိုပဲ ပြောရမှာပါ။

မကွေးတိုင်း မြိုင်မြိုနယ်ထဲက ကန်နီ ငပျူရွာကို ရိက္ခာပိုသွားတဲ့ စစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲတွေက

ပဒေသာမိုင်းတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာမှာ ရိက္ခာပို ကားတွေပါ ပျက်စီးပြီး အကြမ်းဖက် စစ်ကြောင်းဟာ နောက်ဆုတ် ပြန်ပြေးရတယ်

တကယ်တော့ ကန်နီ ငပျူရွာကို မြိုင်မြိုပေါ်ကနေ ရိက္ခာပို စစ်ကြောင်းထွက်တာ ဒီလထဲမှာတင် အကြိမ်ကြိမ် ရှိသွားပြီ။ တစ်ကြိမ်မှ မအောင်မြင်သေးဘူး

ထွက်လာလိုက် တော်လှန်ရေး တပ်ဖွဲတွေက ဆော်လိုက်၊ စစ်ကြောင်း အထိနာပြီး ပြန်ဝင်ပြေးလိုက်နဲ့ လည်နေတာ။ တေတဲ့ကောင်တွေလဲ သေကြပြီ

ပြောရရင် အကြမ်းဖက် စစ်ကောင်စီရဲ့ မအောင်မြင်တဲ့ ပြည်သူ့စစ် မဟာဗျူဟာ ဆိုရင်လဲ မမှားဘူး

ငပျူတွေကတော့ ရွာထဲကနေ အငြိမ့်သား ထိုင်စောင့်ပြီး ပိုသမျှရိက္ခာ အငြိမ်ထိုင်စားနေယုံပဲ

လေးစား ချီးကျူးရမှာကတော့ မြိုင်ဒေသက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲတွေပါ

ဒီစစ်ကြောင်းသာ ကန်နီ ငပျူရွာကို ရောက်သွားရင် ငပျူတွေနဲ့ စစ်ကြောင်းကခွေးတွေ ပေါင်းပြီး ဘေးပတ်လည်က ရွာတွေကို လုယက်တာ မီးရှိတာတွေ လုပ်ကြဦးမှာ အသေအချာပဲ။

အခုလို ညီညီညွတ်ညွတ်နဲ့ ခွေးစစ်ကြောင်းကို ဟန့်တားနိုင်တာက ဒေသခံပြည်သူတွေကို အမှန်အကန် ကာကွယ်ပေးနေတာ ဆိုရင်လဲ လုံးဝ မမှားပါဘူး

မြိုင်ဒေသက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲတွေကို ထပ်ပြီး ချီးကျူး ဂုဏ်ပြုရင်း.. လေးစားပါတယ် ရဲဘော်တို..

4C_TruthNews’













4C_TruthNews

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *