လိုင်းမပေါက်နဲ့အုံးဝေ့ သိမ်းလိုက်ပြန်ပြီ…ဆက်တိုက်ကြီး

‼️Breaking News – ရသေ့တောင်မြိုနယ်ရှိ စေတီပြင် ရဲစခန်းနှင့် စေတီတောင်ကုန်းကို ရက္ခိုင့်တပ်တော် AA စီးနင်းသိမ်းပိုက်၊ ကျောက်တော် အခြေစိုက် ခမရ ၅၃၉ ကိုပါ သိမ်းပိုက်ရရှိ‼️

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြိုနယ် အမျက်တောင် အနီးတွင် ရက္ခိုင့်တပ်တော် AA နှင့် အကြမ်းဖက် စစ်ကောင်စီတို တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေပြီး စေတီပြင်မြိုမရဲစခန်း အပါအဝင် စေတီတောင်ကုန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ် စီးနင်းသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်

ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၅ နာရီကျော် အချိန်က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စခန်းကုန်းတွေကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်ကာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး စေတီပြင် မြိုမရဲစခန်းနှင့် တောင်ကုန်းတိုကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်

ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် ၅ နာရီကျော်တွင် ရသေ့တောင်မြိုနယ် ရေးစိုးချောင်း ဗျူဟာကုန်းနှင့် အမျက်တောင်ကုန်းရှိ စခန်းတွေကို ရက္ခိုင့်တပ်တော်က ဆက်လက်တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုပါတယ်

ဒါ့အပြင် ဇန်နဝါရီလ ၁၃ ရက်နေ့ ညပိုင်းက ကျောက်တော်မြိုနယ်ရှိ ခမရ ၅၃၉ ဦးစွန်းတောင် တပ်ရင်းကိုလည်း ရက္ခိုင့်တပ်တော် AA က

အပြီးသတ် သိမ်းပိုက်ရရှိထားပြီး အကြမ်းဖက် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူ အများအပြားရှိကာ ကျန်ရှိနေတဲ့ အကြမ်းဖက် စစ်သားတွေဟာ ကစဉ့်ကလျား ထွက်ပြေးသွားကြကြောင်း သိရှိရပါတယ်။

‼️Breaking News – ရေသ့ေတာင္ၿမိဳနယ္ရွိ ေစတီျပင္ ရဲစခန္းႏွင့္ ေစတီေတာင္ကုန္းကို ရကၡိဳင့္တပ္ေတာ္ AA စီးနင္းသိမ္းပိုက္၊ ေက်ာက္ေတာ္ အေျခစိုက္ ခမရ ၅၃၉ ကိုပါ သိမ္းပိုက္ရရွိ‼️

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳနယ္ အမ်က္ေတာင္ အနီးတြင္ ရကၡိဳင့္တပ္ေတာ္ AA ႏွင့္ အၾကမ္းဖက္ စစ္ေကာင္စီတို တိုက္ပြဲမ်ား ျပင္းထန္လၽွက္ရွိေနၿပီး ေစတီျပင္ၿမိဳမရဲစခန္း အပါအဝင္ ေစတီေတာင္ကုန္းကို ရကၡိဳင့္တပ္ေတာ္က အၿပီးသတ္ စီးနင္းသိမ္းပိုက္လိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္

ဇန္နဝါရီလ ၁၃ ရက္ေန႔ ညေန ၅ နာရီေက်ာ္ အခ်ိန္က အၾကမ္းဖက္ စစ္ေကာင္စီတပ္ရဲ့ စခန္းကုန္းေတြကို ရကၡိဳင့္တပ္ေတာ္ AA က ထိုးစစ္ဆင္ကာ ဝင္ေရာက္စီးနင္း တိုက္ခိုက္ခဲ့ၿပီး ေစတီျပင္ ၿမိဳမရဲစခန္းႏွင့္ ေတာင္ကုန္းတိုကို သိမ္းပိုက္ရရွိခဲ့တာ ျဖစ္ပါတယ္

ဒီကေန႔ ဇန္နဝါရီလ ၁၄ ရက္ေန႔ မနက္ ၅ နာရီေက်ာ္တြင္ ရေသ့ေတာင္ၿမိဳနယ္ ေရးစိုးေခ်ာင္း ဗ်ဴဟာကုန္းႏွင့္ အမ်က္ေတာင္ကုန္းရွိ စခန္းေတြကို ရကၡိဳင့္တပ္ေတာ္က ဆက္လက္တိုက္ခိုက္ေနေၾကာင္း ေဒသခံတစ္ဦးက ေျပာဆိုပါတယ္

ဒါ့အျပင္ ဇန္နဝါရီလ ၁၃ ရက္ေန႔ ညပိုင္းက ေက်ာက္ေတာ္ၿမိဳနယ္ရွိ ခမရ ၅၃၉ ဦးစြန္းေတာင္ တပ္ရင္းကိုလည္း ရကၡိဳင့္တပ္ေတာ္ AA က

အၿပီးသတ္ သိမ္းပိုက္ရရွိထားၿပီး အၾကမ္းဖက္ စစ္ေကာင္စီတပ္က ထိခိုက္ေသဆုံးသူ အမ်ားအျပားရွိကာ က်န္ရွိေနတဲ့ အၾကမ္းဖက္ စစ္သားေတြဟာ ကစဉ့္ကလ်ား ထြက္ေျပးသြားၾကေၾကာင္း သိရွိရပါတယ္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *