မြောက်ပိုင်းသုံးဖော်က နားနေတော့ ဒူးဝါးကြီးနဲ့ PDF တွေ လက်စွမ်းပြကုန်ပြီ (ရုပ်/သံ)

မိုးမိတ်မြိုနယ် ရေအားလျှပ်စစ်ရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို

တော်လှန်ရေးပူးပေါင်းအဖွဲက တိုက်ခိုက်သိမ်းပိုက်လိုက်ရာ

စကစ ၇ ကောင် တေပြီး ၅ ကောင် ထွက်ပြေးသွား (ရုပ်/သံ)

မိုးမိတ်မြို့နယ် ရေအားလျှပ်စစ်ရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက် တပ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်

ရန်သူ ၇ ဦးသေပြီး ၅ဦးထွက်ပြေး

ဇန်နဝါရီ ၁၄ ၊ ၂၀၂၄

ရှမ်းပြည်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်၊ အုန်းချောရွာသစ် ရေအားလျှပ် စစ်ရုံးမှာ အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် စခန်းကို

တော်လှန်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် စခန်းကို

သိမ်းပိုက် ရရှိခဲ့တယ်လို့ မိုးမိတ် ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ KPDF တပ်ရင်းမနေ့က ထုတ်ပြန်ပါတယ်

အဲဒီ အကြမ်းဖက် ရေအားလျှပ်စစ်ရုံးမှာရှိတဲ့ ရန်သူတပ်စခန်းကို ဇန်နဝါရီ ၁၁ ရက် ညနေ ၅ နာရီ အချိန်မှာ

တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့က ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့တာပါ

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၇ ဦး ပွဲချင်း ပြီးသေဆုံးခဲ့ပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိကာ၊

ရန်သူ တပ်သား ၅ ဦး ထွက်ပြေး သွားခဲ့တယ်လို့ မြေပြင်သတင်း အရင်းအမြစ်အရ အတည်ပြုနိုင် ခဲ့တယ်လို့ ဖော်ပြပါတယ်

ဒီတိုက်ခိုက်မှုကို (KIA)ကချင်လွတ်မြောက်‌‌ရေး တပ်မတော် တပ်ရင်း (၃၄)၊ (ABSDF) ကျောင်းသားတပ်မတာ် ၊

မိုးမိတ်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ အမှတ် (၃၄) K-PDF တပ်ရင်းက မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။






ဇန်နဝါရီ ၁၄ ၊ ၂၀၂၄










Author: admin

Leave a Reply

Your email address will not be published. Required fields are marked *