အုံးးးးး 💥 ခဝေးစခန့်ရှေ့တင် အုပ်ထဲဖြုတ်ချ မြိန်ချက်ဘဲဝေ့ (ရုပ်/သံ)

စစ်ကိုင်းမြို့နယ်တွင် ညောင်ပင်ဝန်းရဲစခန်းနှင့် ရွာများ ဖျက်ဆီးနေသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ညောင်ပင်ဝန်းရဲစခန်းနှင့် ရွာများ ဖျက်ဆီးနေသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း Black Eagle Defense Force-MMU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ညောင်ပင်ဝန်းရဲစခန်းရှေ့နှင့် ရဲစခန်းဝန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ရာ စစ်သား ၂ ဦးနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာအများအပြား ရရှိခဲ့ကြောင်း ၊

အလားတူ ဇန်နဝါရီလ ၁၃ ရက်နေ့ ညောင်ပင်ဝန်းရဲစခန်းမှ စစ်ကိုင်းမြို့နယ် ပေါက်ကားရွာကို စစ်ကြောင်းထိုး၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ်စစ်ကြောင်း

ညောင်ပင်ဝန်းစခန်းသို့ ပြန်လာစဉ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ညောင်ပင်ဝန်းရဲစခန်း ကိုပါ ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ညောင်ပင်ဝန်းစခန်းနဲ့ သူတို့ စစ်ကြောင်း ခေတ္တနားရာနေရာကို ဒရုန်းနဲ့ ဗုံး ၄ လုံးချ တိုက် ခိုက်ခဲ့ပါတယ်။ အထိအခိုက် အသေ အပျောက်ကို စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု Black Eagle Defense Force-MMU တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ စစ်ဆင်ရေးများကို မြင်းမူမြို့နယ် ပ.က.ဖ ၊ Black Eagle Defense Force-MMU တပ်ဖွဲ့ ၊ GTR Drone တပ်ဖွဲ့၊ Young Wolf drone တပ်ဖွဲ့ နှင့် မြင်းမူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (မြင်းမူမြို့နယ် ပကဖ) တို့မှ ဒရုန်းစစ်ဆင်ရေး ပူးပေါင်းဖော် ဆောင်ခဲ့ကြ ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ္ကိုင္းၿမိဳ႕နယ္တြင္ ေညာင္ပင္ဝန္းရဲစခန္းႏွင့္ ရြာမ်ား ဖ်က္ဆီးေနေသာ စစ္ေၾကာင္းကို ဒ႐ုန္းျဖင့္ ဗုံးက်ဲမႈ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂ ဦးေသဆုံး

ဇန္နဝါရီ ၁၄

စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕နယ္တြင္ ေညာင္ပင္ဝန္းရဲစခန္းႏွင့္ ရြာမ်ား ဖ်က္ဆီးေနေသာ စစ္ေၾကာင္းကို ဒ႐ုန္းျဖင့္ ဗုံးက်ဲမႈ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂ ဦးေသဆုံးေၾကာင္း Black Eagle Defense Force-MMU တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာဆိုသည္။

ဇန္နဝါရီလ ၁၀ ရက္ေန႔ ေညာင္ပင္ဝန္းရဲစခန္းေရွ႕ႏွင့္ ရဲစခန္းဝန္းအတြင္းသို႔ ဒ႐ုန္းျဖင့္ ဗုံး ၂ လုံးက်ဲခ်တိုက္ခိုက္ရာ စစ္သား ၂ ဦးေနရာတြင္ပင္ ပြဲခ်င္းၿပီး ေသဆုံးၿပီး ဒဏ္ရာအမ်ားအျပား ရရွိခဲ့ေၾကာင္း ၊

အလားတူ ဇန္နဝါရီလ ၁၃ ရက္ေန႔ ေညာင္ပင္ဝန္းရဲစခန္းမွ စစ္ကိုင္းၿမိဳ႕နယ္ ေပါက္ကားရြာကို စစ္ေၾကာင္းထိုး၍ ေက်းရြာမ်ားကို မီးရွို႔ဖ်က္ဆီးခဲ့ေသာ စစ္တပ္စစ္ေၾကာင္း

ေညာင္ပင္ဝန္းစခန္းသို႔ ျပန္လာစဥ္ ဗုံးက်ဲတိုက္ခိုက္ခဲ့ေၾကာင္း၊ ထို႔ျပင္ ေညာင္ပင္ဝန္းရဲစခန္း ကိုပါ ထပ္မံ၍ ဗုံးက်ဲတိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။

“ေညာင္ပင္ဝန္းစခန္းနဲ႔ သူတို႔ စစ္ေၾကာင္း ေခတၱနားရာေနရာကို ဒ႐ုန္းနဲ႔ ဗုံး ၄ လုံးခ် တိုက္ ခိုက္ခဲ့ပါတယ္။ အထိအခိုက္ အေသ အေပ်ာက္ကို စုံစမ္းေနဆဲျဖစ္ပါတယ္” ဟု Black Eagle Defense Force-MMU တပ္ဖြဲ႕မွ တာဝန္ရွိသူက ရွင္းျပသည္။

အဆိုပါ စစ္ဆင္ေရးမ်ားကို ျမင္းမူၿမိဳ႕နယ္ ပ.က.ဖ ၊ Black Eagle Defense Force-MMU တပ္ဖြဲ႕ ၊ GTR Drone တပ္ဖြဲ႕၊ Young Wolf drone တပ္ဖြဲ႕ ႏွင့္ ျမင္းမူၿမိဳ႕နယ္ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ (ျမင္းမူၿမိဳ႕နယ္ ပကဖ) တို႔မွ ဒ႐ုန္းစစ္ဆင္ေရး ပူးေပါင္းေဖာ္ ေဆာင္ခဲ့ၾက ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *