‼️Breaking News ၁၄၄ စခန်းကုန်းနှင့် ၃၈၀ တပ်ရင်း ဆို့အောက်

‼️Breaking News – မင်းပြား အခြေစိုက် ၁၄၄ စခန်းကုန်းနှင့် ၃၈၀ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်‼️

ရခိုင်ပြည်နယ်၊ မင်းပြားမြိုနယ် အခြေစိုက် စခန်းကုန်း အားလုံးကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ၁၄၄ စခန်းကုန်းနှင့် ၃၈၀ တပ်ရင်းတွေကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ကနဦး သိရပါတယ်

မင်ပြား အခြေစိုက် စခန်းကုန်းတွေဖြစ်တဲ့ သင်္ချိုင်းတောင်တန်းကုန်း၊ င/စရိုင်းချောင်းတောင်တန်းများ၊ ၁၄၄ စခန်းကုန်း၊ ၅၄၁ တပ်ရင်း၊ ၃၇၉ တပ်ရင်း၊ ၃၈၀ တပ်ရင်းတွေကို ရက္ခိုင့်တပ်တော် AA က တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်နေပြီး

အကြမ်းဖက် စစ်ကောင်စီတပ်က စခန်းကုန်းတွေနဲ့ တပ်ရင်းတွေ မကျဆုံးစေရေးအတွက် အသည်းအသန် ခုခံကာကွယ်နေရကာ လေကြောင်းဖြင့် ပစ်ကူပေးနေကြောင်း သိရပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ဒီကနေ့ မနက် ၆ နာရီကျော်ခန့်က စတင်ကာ တိုက်ပွဲများ ပြင်းထန်နေပြီး လက်ရှိအချိန်တွင် ရက္ခိုင့်တပ်တော် AA က ၁၄၄ စခန်းကုန်းနှင့် ၃၈၀ တပ်ရင်းတိုကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အရ သိရှိရပါတယ်။






Author: admin

Leave a Reply

Your email address will not be published. Required fields are marked *