စစ်ခဝေးကင်းစင် ပြုံးပျော်ရွှင်နေတဲ့ ကွတ်ခိုင်က ပြည်သူတွေ🥰

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့၏ ယနေ့ (ဇန်နဝါရီလ ၁၃) မြင်ကွင်းများကို သတင်းထောက်က မှတ်တမ်းတင်နိုင်ခဲ့သည်။

မြို့တွင်းတွင် လက်နက်ကိုင် TNLA တပ်များ လုံခြုံရေးယူထားပြီး အရပ်ဘက်အုပ်ချုပ်ရေးကို စတင်နိုင်ရန်လည်း ပြင်ဆင်နေသည်။

မြို့အနောက်ဘက် အမှတ် (၁) ရပ်ကွက်ရှိ စစ်ကောင်စီ စစ်ဗျူဟာအဖွဲ့ (အခြေချ) တပ်စခန်းကြီးကို TNLA က ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို ဆက်လက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

ကွတ်ခိုင် ပန်းခြံမနက်ခင်းစျေးထဲ ဈေးဆိုင်အချို့ ဖွင့်လှစ်ရောင်းချနေသည်ကို တွေ့ရသည်။

လက်ရှိတွင် မြို့အဝင်အထွက်ကို TNLA က ပြန်လည်ခွင့်ပြုခဲ့ပြီး တိုက်ပွဲရှောင်ဒေသခံအချို့လည်း မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာနေကြသည်။

မြို့တွင်းတွင်တော့ ဖုန်းလိုင်းများပျက်တောက်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က မြို့ကို ဗုံးကြဲမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (TNLA) ထိန္းခ်ဳပ္ထားသည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕၏ ယေန႔ (ဇန္နဝါရီလ ၁၃) ျမင္ကြင္းမ်ားကို သတင္းေထာက္က မွတ္တမ္းတင္နိုင္ခဲ့သည္။

ၿမိဳ႕တြင္းတြင္ လက္နက္ကိုင္ TNLA တပ္မ်ား လုံျခဳံေရးယူထားၿပီး အရပ္ဘက္အုပ္ခ်ဳပ္ေရးကို စတင္နိုင္ရန္လည္း ျပင္ဆင္ေနသည္။

ၿမိဳ႕အေနာက္ဘက္ အမွတ္ (၁) ရပ္ကြက္ရွိ စစ္ေကာင္စီ စစ္ဗ်ဴဟာအဖြဲ႕ (အေျခခ်) တပ္စခန္းႀကီးကို TNLA က ဇန္နဝါရီလ ၈ ရက္ နံနက္ပိုင္းတြင္ သိမ္းပိုက္နိုင္ခဲ့ၿပီး ၿမိဳ႕ကို ဆက္လက္ထိန္းခ်ဳပ္ထားျခင္းျဖစ္သည္။

ကြတ္ခိုင္ ပန္းၿခံမနက္ခင္းေစ်းထဲ ေဈးဆိုင္အခ်ိဳ႕ ဖြင့္လွစ္ေရာင္းခ်ေနသည္ကို ေတြ႕ရသည္။

လက္ရွိတြင္ ၿမိဳ႕အဝင္အထြက္ကို TNLA က ျပန္လည္ခြင့္ျပဳခဲ့ၿပီး တိုက္ပြဲေရွာင္ေဒသခံအခ်ိဳ႕လည္း ၿမိဳ႕တြင္းသို႔ ျပန္လည္ဝင္ေရာက္လာေနၾကသည္။

ၿမိဳ႕တြင္းတြင္ေတာ့ ဖုန္းလိုင္းမ်ားပ်က္ေတာက္ေနဆဲျဖစ္ၿပီး စစ္ေကာင္စီဘက္က ၿမိဳ႕ကို ဗုံးၾကဲမည္ကို ေဒသခံမ်ားက စိုးရိမ္ေနၾကသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *