အပြတ်ရစ်လည်း တီးတိန်မှာ ပလေးနေပြီ

တီးတိန်မြို့က စစ်ကောင်စီ သိုင်းငင်း တပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး၊ ခုနှစ်ဦးထက်မနည်း ဒဏ်ရာရ

အိုက်ပွီး၊ ဇန်နဝါရီ ၁၃ ရက်၊ တီးတိန်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာမှာရှိတဲ့ ​စစ်ကောင်စီ တပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ပြီး ၇ ဦးထက်နည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။

မနေ့ ဇန်နဝါရီ ၁၂ရက်နေ့ ညနေပိုင်းကစပြီး တီးတိန်-ကလေး ကားလမ်းပေါ်က စစ်ကောင်စီ သိုင်းငင်းတပ်စခန်းကို CDF Civic Defense Militia -CDM -Siyin နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ပြီး ဒီနေ့ မနက် ၈ နာရီချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF CDM Siyin တာဝန်ရှိသူ တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

” အခု နေ့လည်ထိတော့ ရဲဘော် နှစ်ဦး ကျဆုံးပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော် ၇ ဦးထက်မနည်း ရှိပါတယ်။ စစ်ကောင်စီဘက်က အထိနာများတဲ့အတွက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲက စခန်းသိမ်းပွဲ ဆင်နွှဲနေတာ ဖြစ်ပါတယ်။ အရပ်သားတွေက တစ်ဖက်ရွာမှာ ထွက်ပြေးတိမ်းရှောင်နေကြတော့ ထိခိုက်သေဆုံးမူ မရှိဘူး”

တိုက်ပွဲအတွင်း အထိနာတဲ့ စစ်ကောင်စိီတပ်ဖွဲ့ဟာ ကလေးမြို့ကနေ လက်နက်ကြီးကျည် အကြိမ် ၂၀ ကျော်ခန့် ပစ်ကူပေးတဲ့အပြင် လေကြောင်းကနေလည်း နှစ်ကြိမ်ခန့် လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဟု ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း စစ်ကောင်စီ သိုင်းငင်းတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခဲ့ပြီး အဲ့ဒီ တိုက်ပွဲတွင်းကတည်းက အရပ်သားတွေဟာ ၎င်းကျေးရွာအနီးမှာရှိတဲ့ ဟိန်ဇိန်ကျေးရွာနဲ့ ကလေးမြို့ဘက်သို့ ပြောင်းရွှေ့နေထိုင်သွားကြပါတယ်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *