“မုံရွာက နန်းဖိုနန်းမတို့အတွက် အဖြေရပြီ….စစ်ကိုင်းသားတွေ အစွမ်းပြရမယ့် အလှည့်ရောက်နေပြီ
“မုံရွာက နန်းဖိုနန်းမတွေ အလင်းဝင်ဖို့”
စစ်ကိုင်းတိုင်းရဲ့ မြိုတော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ရုံးစိုက်ရာ မုံရွာမြိုမှာတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နန်းဖိုနန်းမတွေ အလင်းဝင်ကြဖို
အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြိုနယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲက နောက်ဆုံးအကြိမ် သတိပေး ကြေညာချက် ထုတ်ပြန်ထားတယ်
တကယ်တော့ စစ်ကိုင်းတိုင်း ဆိုတာ နယ်မြေ ကျယ်ဝန်းပြီး မြိုအရေအတွက်လဲ များပြားတဲ့ ဒေသတစ်ခု။ တောတောင် နည်းပါးပြီး မြေပြန့်လွင်ပြင် ပေါများတဲ့ ဒေသ။ စစ်ရေး လှုပ်ရှားဖိုဆိုရင် နှစ်ဘက်စလုံးအတွက် စိန်ခေါ်မှု ကြီးမားတဲ့ဒေသ ဆိုရင်လဲ မမှားဘူး
ဒါပေမယ့် စစ်ကိုင်းဟာ ခုချိန်အထိတော့ တော်လှန်ရေးမှာ ထင်သလောက် ခရီးမရောက်သေးဘူးလို အကြမ်းဖျင်း ပြောလိုရတယ်။ လားနဂီးရဲ့ ဇာတ်ရှုပ်တွေကလဲ စစ်ကိုင်းရဲ့ တော်လှန်ရေး အရှိန်ကို အများကြီး ကျစေခဲ့တာ တစ်ချက် အပါအဝင်လို ပြောရမယ်။ ထားပါတော့။
အခု ရှမ်းမြောက်က အပစ်အခတ် ရပ်လိုက်ချိန်မှာ ကချင်နဲ့ ချင်းပြည်နယ်တွေနဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းရဲ့ လှုပ်ရှားမှုက ဘယ်လောက်ထိ လုပ်ပြနိုင်မလဲ စောင့်ကြည့်ရတော့မယ်
စစ်ရေးအရ အသာစီးယူဖို ခက်နေသေးရင်တောင် အုပ်ချုပ်ရေးပိုင်းမှာ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲ ဆန်းစစ်ခံရမယ့် အချိန်ရောက်နေပြီလို ယူဆတယ်။
မုံရွာ ပအဖ နောက်ဆုံး အချိန်ပေးထားတာကလဲ ဇန်နဝါရီလ (၃၁) ရက် ဆိုတော့ ခွေးပုရဲ့ အာဏာရူးသက်တမ်း အပြောင်းအလဲ လုပ်ရမယ့် အချိန်နဲ့ ချိန်သားကိုက်ပါပဲ။
စစ်ကိုင်းသားတွေ အစွမ်းပြရမယ့် အလှည့်ရောက်နေပြီမို ပရိသတ်က ပွဲကြီးပွဲကောင်းကို မျှော်နေကြပြီလို ဆိုရမှာပါ။
4C_TruthNews
4C_TruthNews
Author: admin
Leave a Reply
Your email address will not be published. Required fields are marked *