နေ့လည်စာလေးဆွဲမယ်

မြင်းမူမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူမြို့နှင့် ဝမ်းပြည့်ရွာကြားတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Dog Killers Pepole’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နံနက် ၈ နာရီ ၂၇ မိနစ်တွင် အလ္လကပ္ပကျေးရွာဘက်မှ မြင်းမူမြို့ဘက်သို့ ခြေ လျင်ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဝမ်းပြည့်ရွာနှင့် မြင်းမူမြို့အကြား အရောက်

တော်လှန်ရေး ညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်းသိရ သည်

“မြင်းမူဘက်ကို တက်လာတာကို ကြားဖြတ်တိုက်ခဲ့တာ၊ ထိခိုက်မှုများတယ်လို့တော့ သိရတယ်၊ အတိအကျတော့ စုံစမ်းဆဲပဲ၊

မြင်းမူမြို့ ခွေးခြံထဲဝင်သွားတယ်၊ ညနေပိုင်းလောက်ကျတော့ ကား ၂ စီးနဲ့ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာ ရဲစခန်းထဲသွားတယ်ဗျ” ဟု Dog Killers Pepole’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးကကြားသည်

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu(DK PDF-MMU) PKDF (MMU) D.B.B.F(MMU) နှင့် မြင်းမူမြို့နယ် အနောက်ခြမ်း( ပ.က.ဖ) စသည့် ညီနောင် မဟာ မိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိအောင်မြင်ခဲ့ကြောင်း သိရသည်

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *