ဆော်နေကြပြီဝေ့ (ရုပ်/သံ)

ရှမ်းမြောက်တွင် အပစ်အခတ်ရပ်စဲသည့် ဒုတိယမြောက်နေ့တွင် ကျောက်မဲတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက ‌လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ဇန်နဝါရီ ၁၃

ရှမ်းမြောက်တွင် အပစ်အခတ်ရပ်စဲသည့် ဒုတိယမြောက်နေ့တွင် ကျောက်မဲတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီမှစတင်ပြီး ကျောက်မဲမြို့နယ်၊ ငြိမ်းချမ်းရေး ဘုရားကုန်းအနီးတွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်သံများကြားရသည့်အပြင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

​”ဒီမနက် ၉ နာရီမှာ တိုက်ပွဲဖြစ်တယ်။ ငြိမ်းချမ်းရေးဘုရားနားမှာ စစ်ခွေး​တွေ အစစ်​အဆေးကြမ်းတယ်။ အဲဒီမှာ ချနေကြတာ။ စစ်ခွေးတွေက ပြည်သူတွေ ​တောင်​ပေါ် တက်ရင် ဆန် ဆီဆား ပေးမယူဘူး။ ​တောင်​ပေါ်က ပ​လောင်​တွေ​ပေါတယ်​လေ။

အခု​လေယာဉ်နဲ့ ပတ်ပြီး ချနေတယ်။ ကျောက်မဲ ခမရ ၅၀၁နဲ့ ၅၀၂ အဲဒီဘက်ကနေ လက်နက်ကြီး တွေနဲ့ ထု​နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ အကြား ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ပြီး အပစ်ရပ်ရေး သဘောတူညီခဲ့ပြီး စစ်ကောင်စီက ညီနောင် ၃ ဖွဲ့ သိမ်းပိုက်ရရှိထားသော စခန်းနှင့် မြို့များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊

လေယာဉ်ဖြင့် ဗုံးကျဲခြင်း မပြုလုပ်ရန်၊ အပြန် အလှန်အားဖြင့် ညီနောင် မဟာမိတ် ၃ ဖွဲ့လည်း မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲ များ မလုပ်ဆောင်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *