စစ်ရှုးကေ- ာင်တွေကို တမုန်းတီးထုတ်ဖို ကြိုးစားနေတဲ့ Federal Wing 🥰 (ရုပ်/သံ)

Federal Wings ရဲ့ တာဝေးပျံသန်းဒရုန်း ထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာရိုက်ကူးထားတဲ့ မှတ်တမ်းအချို့ဖြစ်ပါတယ်။

Carbon Fiber Composite ထုတ်လုပ်မှုနည်းပညာကို ထုတ်လုပ်ရေးရဲဘော်တွေ တတ်မြောက်ကျွမ်းကျင်လာစေဖို့ လေ့ကျင့်သင်ကြားပေးရင်း ထုတ်လုပ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

မနေ့ကထုတ်ဖော်ပြသခဲ့တဲ့ ကျည်ကာဦးထုပ် စမ်းသပ်ထုတ်လုပ်မှုဟာလည်း Fiber Composite နည်းပညာနဲ့ပဲဖြစ်ပါတယ်။

ဒရုန်းကိုယ်ထည်ထုတ်လုပ်ရေးဟာ လက်မှုပညာနဲ့ စက်မှုပညာ ပေါင်းစပ်ယူရတဲ့သဘောရှိတာကြောင့် အဖန်ဖန်အခါခါ

လေ့ကျင့်သင်ကြားမှုကနေသာရရှိနိုင်တဲ့ လက်မှုပညာကျွမ်းကျင်မှုအတွက် ဦးစားပေးလေ့ကျင့်သင်ကြားရင်း ထုတ်လုပ်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေကြပါတယ်။






Author: admin

Leave a Reply

Your email address will not be published. Required fields are marked *