အကောင်ကြီးကြီး ဆေ့

တိုက်ပွဲအတွင်းထွက်ပြေးရန်ကြိုးစားသည့် စစ်ကောင်စီ၏ဗိုလ်မှူးချုပ်တစ်ဦးကို AA ဖမ်းဆီး

ရွှေပြည်စိုး/People’s Spring

ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်-AA၏ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်းထွက်ပြေးရန်ကြိုးစားသည့် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဇင်မျိုးဆွေကို ဖမ်းမိထားကြောင်း AA သတင်းရင်းမြစ်ကပြောသည်။

ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို ပလက်ဝမြို့၊ ရေတံခွန်တောင် ကုန်းအနီးတွင် ယနေ့( ဇန်နဝါရီ ၁၂ ရက်) နံနက် ၆နာရီ ခန့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဗမခ(ဗိုလ်မှူးချုပ် )ဇင်မျိုးဆွေကိုဖမ်းမိထားတာမှန်ပါတယ်” ဟု AA သတင်းရင်းမြစ်ကပြောသည်။

ဗိုလ်မှူးချုပ်ဇင်မျိုးဆွေသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်အခြေချဗျူ
ဟာ၏ဗျူဟာမှူးဖြစ်သည်။ ၂၀၂၂ နှစ်ကုန်ပိုင်းတွင် စကခ ၁၉ စကခမှူးဖြစ်လာပြီး ပလက်ဝမြို့နယ်၌တာဝန်ကျနေခြင်းဖြစ်သည်။

၎င်းသည် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် ဒုတိယမြောက်ဖမ်းမိသည့် ဗိုလ်မှူးချုပ်ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ဆန်မြို့တွင် တာဝန်ကျနေသည့် တပ်မ(၁၀၁) တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က တိုက်ပွဲတွင် TNLA ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်များသည် ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ရန် ဇန်နဝါရီလ ၁၀ရက် ညနေတွင် TNLA ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင် ဗိုလ်မှူးချုပ်မင်းမင်းထွန်းက ပြောကြားခဲ့သည်။

ဗိုလ်မှူးချုပ်ဇင်မျိုးဆွေနှင့်ပတ်သက်၍ AAက တရားဝင်သတင်းမထုတ်ပြန်သေးပေ။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *