ရှမ်းမြောက်မှာ ယာယီရပ် ရှမ်းတောင်မှာ..ဝုန်းးထား💥👊

ရပ်စောက်နှင့် ကျောက်ဆည်မြို့ကြားတိုက်ပွဲ စစ်ကောင်စီအထိနာ၍ လေကြောင်းပစ်ကူသုံး

ရွှေပြည်စိုး/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နှင့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ကြား၌ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်စဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပစ်ကူပေးခဲ့ရသည်။

ကျောက်ဆည်မြို့နယ်အတွင်း ပါဝင်သော အုန်းကြောနှင့် ဟဲလယ်ရွာအနီး ရောက်ရှ်ိလာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်းတစ်ခုနှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်က ဇန်နဝါရီ ၁၀ရက် နံနက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တပ်ပေါင်းစုအနေနဲ့တိုက်တာ။ပထမတစ်ခါ ဖြစ်တဲ့ပွဲက စစ်ကောင်စီဘက်က သုံးယောက်သေတယ်။ ဒဏ်ရာရများတယ်။ လမ်းတလျောက်သွေးတွေ တွေ့တယ်။ အခုဖြစ်တာလည်း ဒီစစ်ကြောင်းပဲ။ မြေပြင်ထိခိုက်မှု မသိရပေမယ့် သူတို့ထိတော့ ဂျက်ဖိုက်တာနဲ့ သုံးပတ်ပတ်ပြီး တစ်လုံးချသွားတာ”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အုန်းကြောနှင့် ဟဲလယ်ကျေးရွာသည် ဓနုတိုင်းရင်းသားအများစုနေသည့် ရွာများဖြစ်သည်။ ဇန်နဝါရီ ၁၀ရက်တိုက်ပွဲတွင် ဓနုတိုင်းရင်းသားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း ပါဝင်ခဲ့သည်။

ပထမတစ်ကြိမ်တိုက်ပွဲမှာ ဇန်နဝါရီ ၁ရက်က ဖြစ်ပွားခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှ စစ်သင်တန်းဆင်း ပျုစောထီးခေါင်းဆောင်တစ်ဦး တိုက်ပွဲမှအပြန်တွင် Ywangan PDF-(JPRF)နှင့်တပ်ခွဲ (၃) မှော်ဘုရင်စစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က

ဇန်နဝါရီ ၁၀ရက်တွင် ပစ်ခတ်ရှင်းလင်းခဲ့သည်။ ထို့ကြောင့် ရွာငံနှင့်ပင်းတယမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများကို ပြည်သူ့ရင်ခွင်ထံ အမြန်ဆုံးခိုလှုံကြရန်လည်းYwangan PDF-(JPRF)က အသိပေးထားသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *