ကွက်တိ ထိသွားဘီ (ရုပ်/သံ)

ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော နာရေးကားနှင့် ဆိုင်ကယ် ၂ စီးကို မိုင်းဆွဲ တိုက်ခိုက် (ရုပ်/သံ)

ဇန်နဝါရီ ၁၂

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော နာရေးကားနှင့် ဆိုင်ကယ် ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၃ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်ဌ ငမြာကြီးစခန်းမှ နယ်ထိန်း (ဗိုလ်အောင်သူရ) မောင်းနှင်လာသော နာရေးကား ၁ စီးနှင့်

ဆိုင်ကယ် ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ပေါက်တောကျေးရွာနှင့် ကုန်းလည်ကျေးရွာ အကြားတွင် မိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ ထိခိုက်သေဆုံးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး” ဟု ငါန်းဇွန်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ငါန်းဇွန်မြို့နယ်ပကဖ) ၊ T.G.R people defence force မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Black Eagle Defence Force – MMU ၊

ငါန်းဇွန် ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့ ၊ 925 ပျောက်ကျားအဖွဲ့ ၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့ ၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့ ၊

လက်ရုံးပျောက်ကျားအဖွဲ့ ၊ ငန်းနက် ပျောက်ကျားအဖွဲ့ ၊ အားမာန်သစ်ပျောက်ကျားအဖွဲ့ ၊ ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့ နှင့် တပ်ရင်း ၆ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *