အဆန်းကြီးပါလား…ကိုလှရွှေတို့ ထမိန်ဝတ်ပြီး ပြေးကုန်ကြပီ

မော်လူးရဲစခန်းသိမ်းတိုက်ပွဲတွင် ရဲ ၆ဦး အမျိုးသမီးလိုဝတ်ဆင်ဟန်​ဆောင်ပြီး ထွက်ပြေးလွတ်​မြောက်ဟုရဲနှင့်မျက်မြင်​ဒေသခံအချို့​ပြော

By- နန်းနောင့်နောင့်

စစ်ကိုင်းတိုင်း၊ မော်လူးမြို့ရဲစခန်းသိန်းတိုက်ပွဲတွင် စစ်​ကောင်စီရဲတပ်ဖွဲ့ဝင်ခြောက်ဦးသည် ထဘီများဝတ်ကာအမျိုးသမီးဟန်ဆောင်၍ ထွက်​ပြေးကာ အခြားရဲစခန်းတစ်ခုသို့သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

“မော်လူးစခန်းအသိမ်းခံရ‌ရတော့ တပ်ဖွဲ့ဝင်ခြောက်ယောက်က ထွက်ပြေးသွားတာ။ သူတို့တွေ လက်သည်းနီတွေဆိုး၊ ထမိန်တွေဝတ်ပြီး ရုပ်ဖျက်ပြီး ရဲစခန်းတခုမှာ သွားပေါင်းတယ်” ဟု စစ်ကိုင်းတိုင်းမှ ရဲတပ်ဖွဲ့ဝင်တဦးကပြောသည်။

မော်လူးမြို့မှ စစ်ကောင်စီ ခံစစ်ဖြစ်သည့် ရဲစခန်းကို KIA၊ ABSDFနှင့်PDF ၊ ဒေသခံ ပကဖ၊ ပအဖ၊ ပလဖ ရဲဘော်များပူးပေါင်း၍ ၂၀၂၃ ဒီဇင်ဘာလ ၁၃ ရက်နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မြို့ကို ထိန်းချုပ်ခဲ့သည်

ထိုတိုက်ပွဲ၌ စစ်ကောင်စီ ရုပ်အလောင်း ၁၇ လောင်း၊ စစ်သုံ့ပန်း ၇ ဦးနှင့်လက်နက်ငယ်၂၁ လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က သတင်းထုတ်ပြန်ခဲ့သည်

တိုက်ပွဲ၌ ရဲတပ်ဖွဲ့ဝင်ခြောက်ဦး ထွက်ပြေးလွတ်မြောက်သွားပြီ စစ်ကိုင်းနှင့်ကချင်နယ်စပ်ရှိ နန့်စီးအောင်ရဲစခန်းသို့ သွားရောက်ပူးပေါင်းသည်ဟု စုံစမ်းသိရှိရသည်

“ဒီကောင်တွေရဲစခန်းထဲ ဝင်သွားတော့ ညနေစောင်းကြီး။ ထမိန်တွေ ဝတ်လာတာ။မြင်သူတွေက မြင်တယ်”ဟု နမ့်စီးအောင်ရဲစခန်းအနိးနေသူတစ်ဦးကလည်းပြောသည်

မော်လူးရဲစခန်းအားတိုက်ခိုက်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်တွင်မပါသော်လည်းပဲ ထိုတိုက်ပွဲ၌ သေဆုံးသူ ၁၇ဦးတွင် စခန်းမှူးလည်းပါဝင်သွားကြောင်းစုံစမ်းသိရသည်

ယခုအခါ မော်လူးမြို့ကို ​တော်လှန်​ရေးတပ်ဖွဲ့များက ထိန်း ချုပ်ထားသည်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီထောင် ထားသော မြေမြှုပ်မိုင်းများကို ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့များက

ရှင်းလင်း၍ နယ်​မြေရှင်းလင်း​ရေးပြုလုပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ် ရေးဝန်ကြီးဌာန(MOD) က ဒီဇင်ဘာလ ၁၈ရက်ညတွင် ထုတ်ပြန်ထားသည်။

ေမာ္လူးရဲစခန္းသိမ္းတိုက္ပြဲတြင္ ရဲ ၆ဦး အမ်ိဳးသမီးလိုဝတ္ဆင္ဟန္​ေဆာင္ၿပီး ထြက္ေျပးလြတ္​ေျမာက္ဟုရဲႏွင့္မ်က္ျမင္​ေဒသခံအခ်ိဳ႕​ေျပာ

By- နန္းေနာင့္ေနာင့္

စစ္ကိုင္းတိုင္း၊ ေမာ္လူးၿမိဳ႕ရဲစခန္းသိန္းတိုက္ပြဲတြင္ စစ္​ေကာင္စီရဲတပ္ဖြဲ႕ဝင္ေျခာက္ဦးသည္ ထဘီမ်ားဝတ္ကာအမ်ိဳးသမီးဟန္ေဆာင္၍ ထြက္​ေျပးကာ အျခားရဲစခန္းတစ္ခုသို႔သြားေရာက္ပူးေပါင္းခဲ့ျခင္းျဖစ္ေၾကာင္း သတင္းရရွိသည္။

“ေမာ္လူးစခန္းအသိမ္းခံရ‌ရေတာ့ တပ္ဖြဲ႕ဝင္ေျခာက္ေယာက္က ထြက္ေျပးသြားတာ။ သူတို႔ေတြ လက္သည္းနီေတြဆိုး၊ ထမိန္ေတြဝတ္ၿပီး ႐ုပ္ဖ်က္ၿပီး ရဲစခန္းတခုမွာ သြားေပါင္းတယ္” ဟု စစ္ကိုင္းတိုင္းမွ ရဲတပ္ဖြဲ႕ဝင္တဦးကေျပာသည္။

ေမာ္လူးၿမိဳ႕မွ စစ္ေကာင္စီ ခံစစ္ျဖစ္သည့္ ရဲစခန္းကို KIA၊ ABSDFႏွင့္PDF ၊ ေဒသခံ ပကဖ၊ ပအဖ၊ ပလဖ ရဲေဘာ္မ်ားပူးေပါင္း၍ ၂၀၂၃ ဒီဇင္ဘာလ ၁၃ ရက္နံနက္တြင္ တိုက္ခိုက္သိမ္းပိုက္ၿပီးေနာက္ၿမိဳ႕ကို ထိန္းခ်ဳပ္ခဲ့သည္

ထိုတိုက္ပြဲ၌ စစ္ေကာင္စီ ႐ုပ္အေလာင္း ၁၇ ေလာင္း၊ စစ္သုံ႔ပန္း ၇ ဦးႏွင့္လက္နက္ငယ္၂၁ လက္အပါအဝင္ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းနိုင္ခဲ့ေၾကာင္း ျမန္မာနိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး (ABSDF) က သတင္းထုတ္ျပန္ခဲ့သည္

တိုက္ပြဲ၌ ရဲတပ္ဖြဲ႕ဝင္ေျခာက္ဦး ထြက္ေျပးလြတ္ေျမာက္သြားၿပီ စစ္ကိုင္းႏွင့္ကခ်င္နယ္စပ္ရွိ နန႔္စီးေအာင္ရဲစခန္းသို႔ သြားေရာက္ပူးေပါင္းသည္ဟု စုံစမ္းသိရွိရသည္

“ဒီေကာင္ေတြရဲစခန္းထဲ ဝင္သြားေတာ့ ညေနေစာင္းႀကီး။ ထမိန္ေတြ ဝတ္လာတာ။ျမင္သူေတြက ျမင္တယ္”ဟု နမ့္စီးေအာင္ရဲစခန္းအနိးေနသူတစ္ဦးကလည္းေျပာသည္

ေမာ္လူးရဲစခန္းအားတိုက္ခိုက္ခဲ့သည့္ ကာကြယ္ေရးတပ္ဖြဲ႕မ်ား၏ သတင္းထုတ္ျပန္ခ်က္တြင္မပါေသာ္လည္းပဲ ထိုတိုက္ပြဲ၌ ေသဆုံးသူ ၁၇ဦးတြင္ စခန္းမႉးလည္းပါဝင္သြားေၾကာင္းစုံစမ္းသိရသည္

ယခုအခါ ေမာ္လူးၿမိဳ႕ကို ​ေတာ္လွန္​ေရးတပ္ဖြဲ႕မ်ားက ထိန္း ခ်ဳပ္ထားသည္။ တိုက္ပြဲကာလအတြင္း စစ္ေကာင္စီေထာင္ ထားေသာ ေျမျမႇုပ္မိုင္းမ်ားကို ျပည္သူ႔ကာကြယ္ေရး ပူး ေပါင္းတပ္ဖြဲ႕မ်ားက

ရွင္းလင္း၍ နယ္​ေျမရွင္းလင္း​ေရးျပဳလုပ္ေနေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ကာကြယ္ ေရးဝန္ႀကီးဌာန(MOD) က ဒီဇင္ဘာလ ၁၈ရက္ညတြင္ ထုတ္ျပန္ထားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *