ကျိုးကျသွားပြန်ပြီ နောက်ထပ် တံတားတစင်း

လားရှိုး-နမ္မတူလမ်း နားကွမ်းရွာတံတား မိုင်းဆွဲခံရပြီး ပြိုကျ ၊ စစ်တပ်က မိုင်းခွဲဖျက်ဆီးဟု ဒေသပြည်သူများပြော

ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-နမ္မတူလမ်း နားကွမ်းရွာတံတား မိုင်းဆွဲခံရ ပြီး ပြိုကျသွားကာ ယင်းတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးဟု ဒေသပြည်သူ တချို့က ပြောဆိုကြသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်း ယင်းတံတား မိုင်းဆွဲခံရ၍ ကျိုးကျသွားခြင်းဖြစ် ပြီး အဓိကအားဖြင့် ယင်းလမ်းကို စစ်ဘေးရှောင်များက အသုံးပြုကြကြောင်း သိရှိရသည်။

“ဒီလမ်းက စစ်ဘေးရှောင်တွေ ပြေးတဲ့နေရာမှာ သုံးကြတယ်။ လားရှိုးကို အဓိကပေါက်တယ်။

အခုကြားတာက လားရှိုးကို ကိုးကန့်နဲ့ တအာင်း တပ်တွေ တက်လာမှာစိုးလို့ ချိုးတယ်လို့ ပြောကြတယ်။

အဲဒီနားမှာ စစ်ကြောင်းဖြတ် တာတွေ ကင်းပုန်းဝပ်တာ လှည့်တာတွေ ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော လားရှိုးမြို့ကို တိုင်းရင်းသားတပ်များနှင့် တော်လှန်ရေးတပ်များ က တိုက်ခိုက်မည်ဆိုသော သတင်းများထွက်ပေါ်နေပြီး လားရှိုးမြို့မှ ပြည်သူ တချို့ မှာလည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရသည်။

လားရွိုး-နမၼတူလမ္း နားကြမ္းရြာတံတား မိုင္းဆြဲခံရၿပီး ၿပိဳက် ၊ စစ္တပ္က မိုင္းခြဲဖ်က္ဆီးဟု ေဒသျပည္သူမ်ားေျပာ

ဇန္နဝါရီ ၁၂

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရွိုး-နမၼတူလမ္း နားကြမ္းရြာတံတား မိုင္းဆြဲခံရ ၿပီး ၿပိဳက်သြားကာ ယင္းတံတားကို စစ္တပ္က မိုင္းခြဲဖ်က္ဆီးဟု ေဒသျပည္သူ တခ်ိဳ႕က ေျပာဆိုၾကသည္။

ဇန္နဝါရီလ ၁၁ ရက္ေန႔ ညပိုင္း ယင္းတံတား မိုင္းဆြဲခံရ၍ က်ိဳးက်သြားျခင္းျဖစ္ ၿပီး အဓိကအားျဖင့္ ယင္းလမ္းကို စစ္ေဘးေရွာင္မ်ားက အသုံးျပဳၾကေၾကာင္း သိရွိရသည္။

“ဒီလမ္းက စစ္ေဘးေရွာင္ေတြ ေျပးတဲ့ေနရာမွာ သုံးၾကတယ္။ လားရွိုးကို အဓိကေပါက္တယ္။

အခုၾကားတာက လားရွိုးကို ကိုးကန႔္နဲ႔ တအာင္း တပ္ေတြ တက္လာမွာစိုးလို႔ ခ်ိဳးတယ္လို႔ ေျပာၾကတယ္။

အဲဒီနားမွာ စစ္ေၾကာင္းျဖတ္ တာေတြ ကင္းပုန္းဝပ္တာ လွည့္တာေတြ ရွိတယ္” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။

လတ္တေလာ လားရွိုးၿမိဳ႕ကို တိုင္းရင္းသားတပ္မ်ားႏွင့္ ေတာ္လွန္ေရးတပ္မ်ား က တိုက္ခိုက္မည္ဆိုေသာ သတင္းမ်ားထြက္ေပၚေနၿပီး လားရွိုးၿမိဳ႕မွ ျပည္သူ တခ်ိဳ႕ မွာလည္း ထြက္ေျပးတိမ္းေရွာင္ေနၾကေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *