ပြန်စည်ကားနေတဲ့ လွတ်မြောက်နယ်မြေ ကွတ်ခိုင်

🟢တအာင်းတပ်က သိမ်းယူထားတဲ့ ကွတ်ခိုင်မြို့မြင်ကွင်းအချို့

ကွတ်ခိုင်မြို့ကို တအာင်းတပ် သိမ်းပိုက်ပြီးနောက် ပြည်လည်စည်ကားစပြုလာတဲ့ ရေထွက်ဦး ပန်ခြံစျေးရဲ့ မြင်ကွင်းဘဲဖြစ်ပါတယ်

စျေးသည်အများစုဟာ စျေးပြင်ပမှာဘဲ စျေးရောင်းနေ​ကြတာဖြစ်ပြီး လူးနည်းစုကသာ စျေးအတွင်းထဲ ခင်းရောင်းနေကြတာပါ

ကုန်စိမ်း၊ ကုန်ခြောက်အပြင် အခြေခံစားသောက်ကုန်တွေ အစုံအလင် လာရောင်းကြပြီလို့ မြိုခံအမျိုးသား တစ်ဦးက ပြောပါတယ်

TNLA က မြို့သိမ်း​ပြီး ၅ရက်မြောက်နေ့မှာ မြို့တွင်း လူသွားလူလာစိပ်လာပြီး မြို့ထဲ လမ်းမတွေပေါ်မှာလည်း တအာင်းတပ် (TNLA) က လုံခြုံရေးယူထားပြီးတော့ လမ်းသွား လမ်းလာအချို့ကို စစ်ဆေးမေးမြန်းနေတာတွေရှိပါတယ်

ကွတ်ခိုင်မြို့ကို လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကနေ TNLA က စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နာဝါရီလ ၇ ရက် ည ၇ နာရီဝန်းကျင်မှာ အလုံစုံသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်

တိုက်ပွဲကြောင့် နီးစပ်ရာကျေးရွာနဲ့ လားရှိုးမြို့ပေါ် တိမ်းရှောင်သွားခဲ့တဲ့ မြို့ခံတွေလည်း နေရပ်ပြန်လာကြတာ ရှိပေမယ့် အချိန်မရွေးလေကြောင်းတိုက်မှုတွေ ပြုလုပ်လာနိုင်တဲ့ စစ်ကောင်စီတပ်ရဲ့ရန်ကို ကြောက်ရွံ့နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်


ကွတ်ခိုင်မြို့ကို တအာင်းတပ် သိမ်းပိုက်ပြီးနောက် ပြည်လည်စည်ကားစပြုလာတဲ့ ရေထွက်ဦး ပန်ခြံဈေးရဲ့ မြင်ကွင်းဘဲဖြစ်ပါတယ်

ဈေးသည်အများစုဟာ ဈေးပြင်ပမှာဘဲ ဈေးရောင်းနေ​ကြတာဖြစ်ပြီး လူးနည်းစုကသာ ဈေးအတွင်းထဲ ခင်းရောင်းနေကြတာပါ





Author: admin

Leave a Reply

Your email address will not be published. Required fields are marked *