တပ်မ ၉၉ နဲ့ ခလရ ၂၉၀ ပွဲဖြစ်နေပီဝေ့ (ရုပ်/သံ)

မူဆယ်မှာ စစ်ကောင်စီ တပ်မ ၉၉ နဲ့ ခလရ ၂၉၀ တပ်တို သေနတ်ဖောက်ပြီး အချင်းချင်း ထိုးကြိတ်မှုဖြစ်

ခွေးမီ- းဖု- တ်တွေ ကိုက်ကြကွာ

ဇန်နဝါရီ ၁၁ ရက်၊ မူဆယ်

ဒီနေ့ ဇန်နဝါရီ ၁၁ ရက် မူဆယ်မြို့ မန့်ဝိန်းပေါက်ရှေ့မှာ စစ်ကောင်စီ တပ်မ ၉၉ နဲ့ ခလရ ၂၉၀ တပ်တို့အကြား အချင်းချင်းသေနတ်ပစ်ခတ်မှုဖြစ်ပြီး ထိုးကြိတ်မှုလည်း ဖြစ်ခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက ပြောပါတယ်

ဖြစ်စဉ်မှာ လှုပ်ရှားတပ်မဖြစ်တဲ့ တပ်မ ၉၉ ဟာ မူဆယ်ထဲ နယ်မြေခံ တပ်ရင်းဖြစ်တဲ့ ၂၉၀ တပ်ကို အကြောင်းမကြားဘဲ ရပ်ကွက်တွေထဲ ဝင်ရောက် စစ်ဆေးရာကနေ စတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်

“တပ်မ ၉၉ က နယ်မြေခံ တပ်ရင်းကို ဘောင်ကျော်ပြီး စွမ်စော်ထဲ ဝင်စစ်တာ။ သူတို့ကလည်း ရောက်လာတော့ သူတို့နဲ့ပဲ ဆိုင်တယ်ဆိုပြီး လုပ်တာ

လောင်းကစားဝိုင်းတို့ဘာတို့က ၂၉၀ တပ်နဲ့ပဲ အရင်က ပြီးတာလေ။ အဲဒါကို တပ်မ ၉၉ က စာရင်းတွေ ကောက်

ဝင်စစ်တော့ ၂၉၀ တပ်နဲ့ ရင်းနှီးတဲ့ လုပ်ငန်းရှင်တွေက လာတိုင်တာ။ အဲမှာ စပြဿနာဖြစ်တာ” လို့ ဆိုပါတယ်

အချင်းချင်း ပစ်ခတ်မှုမှာ ထိခိုက်မှု မရှိပေမဲ့ ပစ်ခတ်မှုအပြီးမှာတော့ ထိုးကြိတ်တာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်

တပ်မ ၉၉ ဟာ မုံးကိုးကနေ ရောက်လာကြသူတွေဖြစ်ပြီး ခြေလျင်တပ်ရင်း ၂၉၀ တပ်ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ ဖြစ်ပါတယ်

မူဆယ်မြို့ဟာ တော်လှန်ရေးတပ်တွေ ဝိုင်းရံထားခံရတဲ့ တရုတ်နယ်စပ်က မြို့တစ်မြို့ဖြစ်ပြီး အွန်လိုင်း ငွေလိမ်လုပ်ငန်း၊လောင်းကစားတွေ ပေါများရာမြို့လည်း ဖြစ်ပါတယ်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *