လားရှိုး ခပ်လှုပ်လှုပ် တချို့ ရှောင်ကုန်ပြီ

လားရှိုးမှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ခံတွေ မြို့တွင်းကနေ ဆက်လက်စွန့်ခွာ

မိုင်းရူပ၊ ဇန်နဝါရီ ၁၁ ရက်၊ လားရှိုး

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တည်ရှိရာ လားရှိုးမြို့မှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ခံတွေဟာ မြို့တွင်းကနေ ဆက်လက်စွန့်ခွာနေကြတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ လားရှိုးမြို့နဲ့ကပ်ရပ်မှာရှိတဲ့ ရှမ်းမြောက် နမ္မတူမြို့နဲ့သိန္နီတပ်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း လားရှိုးမြို့ခံတွေက ရှမ်းတောင် တောင်ကြီးမြို့နဲ့ မန္တလေးမြို့နဲ့ နီးစပ်ရာဒေသတွေမှာ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

တိမ်းရှောင်နေတဲ့သူတွေထဲမှာ စစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တရုတ်လူမျိုးတွေအများဆုံးဖြစ်တယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“ရှောင်တဲ့အထဲမှာ ဌာနဆိုင်ရာဝန်ထမ်းနဲ့ တရုတ်လူမျိုးတွေများတယ်။ လားရှိုးမြို့တွင်းကတော့ အသွားအလာတွေကတော့ ပုံမှန်ပါပဲ” လို့ ဆိုပါတယ်။

လက်ရှိမှာ လားရှိုးမြို့အတွင်း တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ဒီရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်က နေ့စဉ်လိုလို လက်နက်ကြီးတွေ ပစ်ခတ်တာတွေလုပ်နေတယ်လို့ ၎င်းကဆက်ပြောပါတယ်။

လားရှိုးမြို့မှာ အထည်ဆိုင်ဖွင့်နေတဲ့အမျိုးသမီးတစ်ဦးကတော့ လားရှိုးမြို့အတွင်း ဈေးဆိုင်အချို့ပိတ်ထားတာ တွေ့ရပြီး မြို့အတွင်းအသွားအလာတွေကတော့ ပုံမှန်အခြေအနေပဲလို့ ဆိုပါတယ်။

” ကျမတို့တော့ မပြေးသေးဘူး။ မြို့ထဲမှာပဲ ရှိသေးတယ်။ ဆိုင်အချို့တော့ ပိတ်ထားတာတွေတော့ ရှိတယ်” လို့ ပြောပါတယ်။

ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ဆင်ရေး ၂လ ခွဲကာလအတွင်း ရှမ်းမြောက်က မြို့ ၁၅ ခုကို တိုက်ခိုက် သိမ်းပိုက်ရရှိထားပါတယ်။

ဓာတ်ပုံ – Local

လားရွိုးမွာ ၿမိဳ႕သိမ္းတိုက္ပြဲဆင္ႏႊဲနိုင္တယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ၿမိဳ႕ခံေတြ ၿမိဳ႕တြင္းကေန ဆက္လက္စြန႔္ခြာ

မိုင္း႐ူပ၊ ဇန္နဝါရီ ၁၁ ရက္၊ လားရွိုး

စစ္ေကာင္စီရဲ့ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္(ရမခ) တည္ရွိရာ လားရွိုးၿမိဳ႕မွာ ၿမိဳ႕သိမ္းတိုက္ပြဲဆင္ႏႊဲနိုင္တယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ၿမိဳ႕ခံေတြဟာ ၿမိဳ႕တြင္းကေန ဆက္လက္စြန႔္ခြာေနၾကတယ္လို႔ လားရွိုးၿမိဳ႕ခံေတြက ေျပာပါတယ္။

ေတာ္လွန္ေရးတပ္ဖြဲ႕ေတြ လားရွိုးၿမိဳ႕နဲ႔ကပ္ရပ္မွာရွိတဲ့ ရွမ္းေျမာက္ နမၼတူၿမိဳ႕နဲ႔သိႏၷီတပ္ကို တိုက္ခိုက္သိမ္းပိုက္ၿပီးေနာက္ပိုင္း လားရွိုးၿမိဳ႕ခံေတြက ရွမ္းေတာင္ ေတာင္ႀကီးၿမိဳ႕နဲ႔ မႏၲေလးၿမိဳ႕နဲ႔ နီးစပ္ရာေဒသေတြမွာ တိမ္းေရွာင္ေနၾကတာျဖစ္ပါတယ္။

တိမ္းေရွာင္ေနတဲ့သူေတြထဲမွာ စစ္ေကာင္စီရဲ့ဌာနဆိုင္ရာဝန္ထမ္းေတြနဲ႔ တ႐ုတ္လူမ်ိဳးေတြအမ်ားဆုံးျဖစ္တယ္လို႔ လားရွိုးၿမိဳ႕ခံ အမ်ိဳးသားတစ္ဦးက ေရႊဖီေျမသို႔ ေျပာပါတယ္။

“ေရွာင္တဲ့အထဲမွာ ဌာနဆိုင္ရာဝန္ထမ္းနဲ႔ တ႐ုတ္လူမ်ိဳးေတြမ်ားတယ္။ လားရွိုးၿမိဳ႕တြင္းကေတာ့ အသြားအလာေတြကေတာ့ ပုံမွန္ပါပဲ” လို႔ ဆိုပါတယ္။

လက္ရွိမွာ လားရွိုးၿမိဳ႕အတြင္း တိုက္ပြဲျဖစ္ပြားတာမရွိေပမယ့္ ဒီရက္ပိုင္းေတြအတြင္း စစ္ေကာင္စီတပ္က ေန႔စဥ္လိုလို လက္နက္ႀကီးေတြ ပစ္ခတ္တာေတြလုပ္ေနတယ္လို႔ ၎ကဆက္ေျပာပါတယ္။

လားရွိုးၿမိဳ႕မွာ အထည္ဆိုင္ဖြင့္ေနတဲ့အမ်ိဳးသမီးတစ္ဦးကေတာ့ လားရွိုးၿမိဳ႕အတြင္း ေဈးဆိုင္အခ်ိဳ႕ပိတ္ထားတာ ေတြ႕ရၿပီး ၿမိဳ႕အတြင္းအသြားအလာေတြကေတာ့ ပုံမွန္အေျခအေနပဲလို႔ ဆိုပါတယ္။

” က်မတို႔ေတာ့ မေျပးေသးဘူး။ ၿမိဳ႕ထဲမွာပဲ ရွိေသးတယ္။ ဆိုင္အခ်ိဳ႕ေတာ့ ပိတ္ထားတာေတြေတာ့ ရွိတယ္” လို႔ ေျပာပါတယ္။

ရွမ္းေျမာက္မွာ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က ၿမိဳ႕သိမ္းတိုက္ပြဲဆင္ႏႊဲေနၿပီး စစ္ဆင္ေရး ၂လ ခြဲကာလအတြင္း ရွမ္းေျမာက္က ၿမိဳ႕ ၁၅ ခုကို တိုက္ခိုက္ သိမ္းပိုက္ရရွိထားပါတယ္။

ဓာတ္ပုံ – Local

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *