ကွက်တိဆိုတာမှ ကြည့်ချင်တဲ့ ညိုကီတို့အတွက် (ရုပ်/သံ)

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးသီး ၇၀ ကျော် ကျဲချ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

ဇန်နဝါရီ ၁၀

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးသီး ၇၀ ကျော် ကျဲချ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း မြိုင်မြို့နယ် ပကဖ ထံမှ သိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ မြိုင်မြို့မှထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြိုဆိုနေချင်ကြသော ကန်နီပျူစောထီးရွာကို တော်လှန်ရေး တပ်ဖဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၇၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကန်နီပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက Drop Bomb 400 g အဖူး ၃၅ လုံး ၊ 800 g အဖူး ၁၅ လုံး ၊ 1.5 kg အဖူး ၂၀ လုံး နှင့် 2 kg အဖူး ၂ လုံး တို့ ကျဲချ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၁ ဦး သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဇန်နဝါရီ ၁၀




Author: admin

Leave a Reply

Your email address will not be published. Required fields are marked *