မိထားတဲ့ ၁၀၁ တပ်မမှူးက ပြည်သူများကို တောင်းပန် (ရုပ်/သံ)

နမ့်ဆန်မြို့ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်း ထွန်း ကို TNLA က ဖမ်းဆီးထား

မင်းအောင်လှိုင်၊ စိုးဝင်းတို့ အနေဖြင့် လက်ရှိ ဆင်နွှဲနေသည့် ကျူးကျော် စစ် ရပ် ရန်နှင့် စစ်ရာဇဝတ်မှုများ မကျူးလွန်ရန် မေတ္တာရပ်ခံ ပန်ကြား

ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့မှ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို TNLA က ဖမ်းဆီးထားကြောင်း ထုတ် ပြန်လိုက်သည်။

ဗိုလ်မှူးချုပ် မင်းမင်းထွန်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ စိုးဝင်းတို့ အနေ ဖြင့် လက်ရှိ ဆင်နွှဲနေသည့် ကျူးကျော်စစ်ရပ်ရန်နှင့် စစ်ရာဇဝတ်မှုများ မကျူး လွန်ရန် မေတ္တာရပ်ခံပန်ကြားလိုက်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရှိ စစ်တပ် ဗျူဟာကုန်းကို TNLA တပ်များက သိမ်းပိုက်ပြီးနောက် စစ်ဗျူ ဟာကုန်းတွင်

စစ်ကူများ အပါအဝင် စစ်ကြောင်းများကို အထိုင်ချ ကွပ် ကဲနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။

“စစ်ခေါင်းဆောင်ကြီးများ ယခုကျူးလွန်နေတဲ့ လုပ်ရပ်ကို ရပ်တန့်ပေးဖို့ ကျနော် အနေနဲ့ ပြောလိုပါတယ်” ဟု ဖမ်းဆီးခံ ဗိုလ်မှူးချုပ် မင်းမင်းထွန်းက ပြောဆိုသည်။

ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၂ ဦး သေဆုံးခဲ့ရ မှုအတွက် တောင်းပန်ကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု နှင့်လေ ကြောင်းတိုက် ခိုက်မှုများအတွက် ၎င်းတွင် တာဝန်ရှိကြောင်း ဗိုလ်မှူးချုပ် မင်းမင်းထွန်းက တအာင်းပြည်သူများကို ဝန်ချတောင်းပန်သည်။

“ယနေ့ မြန်မာ့တပ်မတော်အနေနဲ့ မြန်မာပြည်သူလူထုကို ဖမ်းဆီး သတ်ဖြတ် ခြင်း၊ အကျဉ်းချခြင်းများရှိနေပါတယ်။လေကြောင်းက ပစ်ခတ်ခြင်း ၊ လက်နက် ကြီးများ ပစ်ခတ်ခြင်းများ စတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပါတယ်။

စစ်ရာဇ ဝတ် မှုတွေကျူးလွန်နေတဲ့ မြန်မာ့တပ်မတော် စစ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တကွ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ကျန်စစ်ခေါင်းဆောင် ကြီးများ အားလုံး လည်း ယခုကျူးလွန်နေတဲ့ လုပ်ရပ်တွေ ကို ရပ်တန့်ပေးဖို့ မြန်မာပြည် သူများအားလုံးကိုယ်စား ပြောလိုပါတယ်” ဟု ဗိုလ်မှူးချုပ်မင်းမင်းထွန်းက ပြောဆိုသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *