အယ်ဘရေ ဝတို့က ကြေငြာသွားဘီနော်

ဟိုပန်နှင့် ပန်လုံကို ၎င်းတို့အုပ်ချုပ်မှုအောက် ထည့်သွင်းဟု UWSA ‘ဝ’ တပ်ဖွဲ့ကြေညာ

ရှမ်းပြည်နယ်အရှေ့မြောက်ဘက်ရှိ ဟိုပန်နှင့် ပန်လုံဒေသနှစ်ခုကို ၎င်းတို့အုပ်ချုပ်မှုအောက် ထည့်သွင်းလိုက်ပြီဟု UWSA ‘ဝ’ တပ်ဖွဲ့က ယနေ့တွင် ကြေညာလိုက်သည်

ဟိုပန်နှင့် ပန်လုံတို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်လာသည့် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းမှ မြို့များဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်ထားသည့် နယ်မြေအတွင်း ပါဝင်သည်

ဟိုပန်ကို ဇန်နဝါရီ ၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်တပ်များ ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် UWSA ‘ဝ’ တပ်ဖွဲ့က ဝင်ရောက်တပ်စွဲခဲ့သည်

ဟိုပန်သည် ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသည့် ကွမ်းလုံမြို့၏ အရှေ့ဘက် ၁၁ မိုင်ခန့်အကွာနှင့် ချင်းရွှေဟော်မြို့၏ အနောက်ဘက် ၉ မိုင်ခန့်အကွာတွင် ရှိသည်

ထို့နောက် ဟိုပန်နှင့် မိုင် ၂၀ ခန့် ကွာဝေးသည့် ပန်လုံကိုလည်း UWSA ‘ဝ’ တပ်ဖွဲ့က ထိန်းချုပ်ခဲ့သည်

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟု တရားဝင်အမည်ရှိသည့် UWSA သည် ခေတ်မီလက်နက်များ တပ်ဆင်ထားသည့် အမြဲတမ်းစစ်သည်အင်အား ၃ သောင်းခန့်ရှိသည်ဟု စစ်ရေးသုတေသနအဖွဲ့များက ခန့်မှန်းထားသည်

စစ်ကောင်စီနှင့် UWSA ‘ဝ’ တပ်ဖွဲ့တို့အကြား တိုက်ရိုက်စစ်ပွဲများမရှိသော်လည်း ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် တိုင်းရင်းသားတပ်များသည် ‘ဝ’ တပ်ဖွဲ့၏ မဟာမိတ်များဖြစ်ကြသည်

ဟိုပန္ႏွင့္ ပန္လုံကို ၎တို႔အုပ္ခ်ဳပ္မႈေအာက္ ထည့္သြင္းဟု UWSA ‘ဝ’ တပ္ဖြဲ႕ေၾကညာ

ရွမ္းျပည္နယ္အေရွ႕ေျမာက္ဘက္ရွိ ဟိုပန္ႏွင့္ ပန္လုံေဒသႏွစ္ခုကို ၎တို႔အုပ္ခ်ဳပ္မႈေအာက္ ထည့္သြင္းလိုက္ၿပီဟု UWSA ‘ဝ’ တပ္ဖြဲ႕က ယေန႔တြင္ ေၾကညာလိုက္သည္

ဟိုပန္ႏွင့္ ပန္လုံတို႔သည္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ျဖစ္လာသည့္ ‘ဝ’ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းအတြင္းမွ ၿမိဳ႕မ်ားျဖစ္ၿပီး စစ္ေကာင္စီထိန္းခ်ဳပ္ထားသည့္ နယ္ေျမအတြင္း ပါဝင္သည္

ဟိုပန္ကို ဇန္နဝါရီ ၅ ရက္ေန႔က ေျမာက္ပိုင္းမဟာမိတ္တပ္မ်ား ဝင္ေရာက္သိမ္းပိုက္ခဲ့ၿပီးေနာက္ UWSA ‘ဝ’ တပ္ဖြဲ႕က ဝင္ေရာက္တပ္စြဲခဲ့သည္

ဟိုပန္သည္ ကိုးကန္႔တပ္ MNDAA ထိန္းခ်ဳပ္ထားသည့္ ကြမ္းလုံၿမိဳ႕၏ အေရွ႕ဘက္ ၁၁ မိုင္ခန႔္အကြာႏွင့္ ခ်င္းေရႊေဟာ္ၿမိဳ႕၏ အေနာက္ဘက္ ၉ မိုင္ခန႔္အကြာတြင္ ရွိသည္

ထို႔ေနာက္ ဟိုပန္ႏွင့္ မိုင္ ၂၀ ခန္႔ ကြာေဝးသည့္ ပန္လုံကိုလည္း UWSA ‘ဝ’ တပ္ဖြဲ႕က ထိန္းခ်ဳပ္ခဲ့သည္

ဝျပည္ေသြးစည္းညီညြတ္ေရးတပ္မေတာ္ဟု တရားဝင္အမည္ရွိသည့္ UWSA သည္ ေခတ္မီလက္နက္မ်ား တပ္ဆင္ထားသည့္ အျမဲတမ္းစစ္သည္အင္အား ၃ ေသာင္းခန္႔ရွိသည္ဟု စစ္ေရးသုေတသနအဖြဲ႕မ်ားက ခန္႔မွန္းထားသည္

စစ္ေကာင္စီႏွင့္ UWSA ‘ဝ’ တပ္ဖြဲ႕တို႔အၾကား တိုက္ရိုက္စစ္ပြဲမ်ားမရွိေသာ္လည္း ၁၀၂၇ စစ္ဆင္ေရးဆင္ႏႊဲေနသည့္ တိုင္းရင္းသားတပ္မ်ားသည္ ‘ဝ’ တပ္ဖြဲ႕၏ မဟာမိတ္မ်ားျဖစ္ၾကသည္

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *