သိန္နီကို ၃ ရက်အတွင်း ပြန်မရရင် တိုင်းမှူး၊ ဒုတိုင်းမှူး တွေအပြုတ်ဘဲတဲ့ ဝေ့

သိန္နီကို ၃ ရက်အတွင်း ပြန်မရရင် တိုင်းမှူး၊ ဒုတိုင်းမှူး တွေအပြုတ်ဘဲဆိုပြီး မအလက ရာဇသံ ပေးလာတယ်လို သိရပါတယ်။တကယ်ဆို ရမခတိုင်းမှူးဟာ ပြုတ်စော်နံနေတာကြာပါပြီ

စကခမှူး ကိုယ်တိုင် လက်နက်ချထားတဲ့ အတွက် သူ့ရဲ့ကွပ်ကဲမှုအခြေစိုက် သိန္နီ လက်နက်ချတာ အဆန်းတကြယ်မဟုတ်ပေမယ့် လားရှိးဟာ ကွက်ကွက်လေးဘဲ ကျန်ပါတော့တယ်

စကခ ၁၆ ဌာနချုပ်ကို သိမ်းဆည်းရမိတဲ့ လက်နက်ငယ်တွေဟာ တော်တော်နည်းနေတာကို သတိထားရပါ့မယ်။ရွှေ့ ပြောင်းရမလွယ်တဲ့ ၁၀၅ မမ ဟောင်၀စ်ဇာ နှစ်လက်နဲ့

EE9 Cascabel သံချပ်ကာယာဉ် နှစ်စီးကိုတော့ အကောင်းအ တိုင်းတွေ့ရပါတယ်။လက်နက်၊ ခဲယမ်းတွေ ဖျက်ဆီးခဲ့ဖို ညွှန်ကြားထားပြီ ထင်ပါတယ်

လပခ ရဲ့ အစွန်ဆုံးဖြစ်တဲ့ ပြင်ဦးလွင်မှာတော့ ဇန် ၀၇ ရက်တည်းက လေကြောင်းနဲ့ အားဖြည့်မှုတွေ တရစပ်လုပ်လာခဲ့ပါတယ် ။အင်ဂျင်နီယာ ကထိက ပြုံးပြုံးကြီး ဓာတ်ပုံရိုက်ခံခဲ့တဲ့ သံဘိုစခန်းကိုတော့ စကစက ပြန်တိုက်ယူသွားပါတယ်။

ကျောက်မဲလေးကိုလည်း တစ်ချိန်လုံး လက်နက်ကြီးနဲ့ တရ စပ်ပစ်နေပါတယ်။အမြောက်စခန်းက သက္ကံရွာနားက ညောင်ကုန်းရွာဘုန်းကြီးကျောင်းထဲမှာ ဖြစ်ပါတယ်။

လားရှိးကျသွားခဲ့ရင်တောင် ပြင်ဦးလွင်၊ မန်းလေးကို အလျှင်အမြန် ရောက်လာမှာကို စိုးရိမ်စိတ်၀င်နေပြီဆိုတာ ပေါ်လွင်လှပါတယ်။မဟာမိတ်သုံးဖွဲ ဟာ မထင်မှတ်တဲ့ ဗျူဟာနဲ့ လုပ်နေတာမဟုတ်ဘဲ စစ်ကို ကြေငြာပြီးကို တိုက်နေတာဘဲ ဖြစ်ပါတယ်။

အရင်ဆုံးကျမယ် ထင်ထားခဲ့တဲ့ နမ့်ဖတ်ကာ ခလရ ၁၂၃ ကတော့ ဆုတ်လမ်းမရှိလိုလားတော့မသိ ခံချနေသေး တာက နည်းနည်းထူးဆန်းနေပါတယ်။

ကရင်နီဘက်မှာလည်း မနေ့က အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုတွေ ရှိပါတယ်။ AA ဓာတ်ခဲကြီးကတော့ မြောက်ဦးမြိုအ၀င် (ကျောက်တော်ဘက်ခြမ်း) က သင်းကျစ်တောင် စခန်းကြီးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီစခန်းဟာ တစ်မြိုလုံးကို စိုးမိုးထားပါတယ်။

ယဉ်ကျေးမှုအမွေ အနှစ်တွေကို ကာကွယ်နိုင်ပါစေလို ဆုတောင်းလိုက်ပါတယ် ။ကြားရတဲ့ သတင်းသာ မှန်မယ်ဆိုရင် မီး၀ကိုပါ သိမ်းနိုင်သွားပြီလို ထင်ပါတယ် ။

၂၀၂၄ ဇန် ၀၉ ၁၂၀၀/ ဇင်ယော်

မှတ်ချက်။ ။အနီးစခန်းလေဆိပ်သို အတက်၊အဆင်းလာရောက်သော ရဟတ်ယာဉ်၊ လေယာဉ် ပုံများကို တော့စစ်တက္ကသိုလ်မှ ပေးပိုပါသည်။
ဇင်ယော် – ပြည်သူ့စစ်သား
Captain Seagull

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *