မတိုက်ရဘဲ သိမ်းသိမ်းနေရတာ အားတောင်နာလာပြီ နောက်တလှိုင်း

မတိုက်ရဘဲ သိမ်းသိမ်းနေရတာ အားတောင်နာလာပြီ နောက်တလှိုင်း

ကျောက်ဖြူရှိ စစ်ကောင်စီ၏ ဓညဝတီ ရေတပ်စခန်းကို AA က ပထမဆုံး အကြိမ် အဖြစ် တိုက်ခိုက်၊ ရခိုင်ပြည်နယ်နှင့်ပလက်ဝတွင် နေရာအနှံ့ တိုက်ပွဲ များ ဆက်လက်ပြင်းထန်နေ

ရန်ကုန်၊ ဇန်နဝါရီ ၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီ ရေတပ်စခန်းကို AA က ပထမဆုံးအကြိမ်တိုက်ခိုက်ကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် ရက္ခိုင်ပြည်၊ ကျောက်ဖြူ မြို့ နယ်၊ သစ်ပုတ်တောင်‌ကျေးရွာအနီးရှိ စစ်ကောင်စီ ၏ “ဓညဝတီ ရေတပ် စခန်း” ကို ရက္ခိုင့်တပ်တော် (AA) က ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ခဲ့ ကြောင်း၊ ထို့ပြင် ရက္ခိုင်ပြည်၊ မြောက်ဦးမြိုနယ်တွင် ပြည်သူလူထုအား လက် နက်ကြီးများဖြင့် နှစ်ရှည်လများ ပစ်ခတ်အနိုင်ကျင့်နေခဲ့ သည့် စစ်ကောင်စီ၏ “မြောက်ဦး၊ သင်းကျစ်တော်တောင်စခန်း” ကို ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန် အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း စခန်းကုန်းသိမ်းတိုက်ပွဲ အတွင်း ရန်သူဘက်မှ စစ်အသုံးအဆောင်ပစ္စည်းများ နှင့် လက်နက်ခဲယမ်း အများ အပြားတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၈ ရက်နေ့ ညသန်းခေါင် ၁၂ နာရီအချိန် စစ်ကောင်စီ၏ တိုက်လေယာဉ်များက မြောက်ဦးမြိုနယ်၊ အိုးထိမ်းကျေးရွာနှင့် တိန်ညို‌ ကျေး ရွာအနီးတစ်ဝိုက်သို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့၍ အိုးထိမ်းကျေးရွာရှိ ‌နေ အိမ် အချို့မှာ လက်နက်ကြီး ကျည်ထိမှန်၍ လုံးဝပျက်စီးခဲ့ရကြောင်း၊ မြောက် ဦး မြိုနယ်၊ တိန်ညိုကျေးရွာအတွင်းသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့တွင်လည်း ရက္ခိုင့်တပ်တော် (AA) နှင့် မြိုတွင်း စခန်း ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲဝင်များအကြား ထိတွေ့တိုက်ပွဲများ ဆက် လက်ရှိနေခဲ့ကြောင်း၊ ဇန်နဝါရီလ ၈ ရက်နေ့ ညသန်းခေါင်အချိန် ၁ နာရီခန့် အချိန် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို၊ အမှတ် ၅ ရပ်ကွက်နေ မွတ်စလင် ၃ ဦးကို စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက်တပ်ရင်းများဖြစ်ကြသည့် “ခမရ ၂၃၃ ” နှင့် “ခမရ ၂၆၃ ” တို့က နေအိမ်များအတွင်းသို အတင်းအဓမ္မ အင်အား သုံးဝင်ရောက်၍ မတရားဖမ်းဆီးခေါ်ယူသွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ပလက်ဝဒေသတစ်ခုလုံးရှိ စစ်တပ်စခန်းများကို အပြီးသတ် သိမ်း ပိုက် ရယူနိုင်ရေးအတွက် မရပ်မနား ဆက်လက်ထိုးစစ် ဆင်တိုက် ခိုက်လျက် ရှိကြောင်း၊ ပလက်ဝအနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ စခန်း အားလုံးမှာ လည်း ရက္ခိုင့်တပ်တော်လက်ထဲသို ကျရောက်ခဲ့ပြီဖြစ်ကြောင်း၊ တစ်ပြိုင်နက် တည်းတွင် ပလက်ဝပတ်ဝန်းကျင်အနီး၌ သိမ်းပိုက်ရန် ကျန်ရှိနေ သေး သော စခန်းများအား တစ်ခုမကျန် သိမ်းပိုက်ရယူနိုင်ရန်အတွက် ဆောင်ရွ က်လျက် ရှိကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။

ဓာတ်ပုံ- ကျောက်တော်မြို့နယ်၊ တင်းမ စစ်ကောင်စီဗျူဟာကုန်းကို AA တပ်ဖွဲ့က သိမ်းပိုက်ထားစဉ်။

မတိုက္ရဘဲ သိမ္းသိမ္းေနရတာ အားေတာင္နာလာၿပီ ေနာက္တလႈိင္း

ေက်ာက္ျဖဴရွိ စစ္ေကာင္စီ၏ ဓည၀တီ ေရတပ္စခန္းကို AA က ပထမဆုံး အႀကိမ္ အျဖစ္ တိုက္ခိုက္၊ ရခိုင္ျပည္နယ္ႏွင့္ပလက္၀တြင္ ေနရာအႏွံ႔ တိုက္ပြဲ မ်ား ဆက္လက္ျပင္းထန္ေန

ရန္ကုန္၊ ဇန္နဝါရီ ၉

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္ရွိ စစ္ေကာင္စီ၏ ဓည၀တီ ေရတပ္စခန္းကို AA က ပထမဆုံးအႀကိမ္တိုက္ခိုက္ေၾကာင္း ေျမာက္ပိုင္းညီေနာင္ မဟာမိတ္ ၃ ဖြဲ႕က သတင္းထုတ္ျပန္သည္။

ဇန္နဝါရီလ ၈ ရက္ေန႔ နံနက္ ၆ နာရီဝန္းက်င္အခ်ိန္ ရကၡိဳင္ျပည္၊ ေက်ာက္ျဖဴ ၿမိဳ႕ နယ္၊ သစ္ပုတ္ေတာင္‌ေက်း႐ြာအနီးရွိ စစ္ေကာင္စီ ၏ “ဓညဝတီ ေရတပ္ စခန္း” ကို ရကၡိဳင့္တပ္ေတာ္ (AA) က ပထမဆုံးအႀကိမ္ စတင္တိုက္ခိုက္ခဲ့ ေၾကာင္း၊ ထို႔ျပင္ ရကၡိဳင္ျပည္၊ ေျမာက္ဦးၿမိဳနယ္တြင္ ျပည္သူလူထုအား လက္ နက္ႀကီးမ်ားျဖင့္ ႏွစ္ရွည္လမ်ား ပစ္ခတ္အႏိုင္က်င့္ေနခဲ့ သည့္ စစ္ေကာင္စီ၏ “ေျမာက္ဦး၊ သင္းက်စ္ေတာ္ေတာင္စခန္း” ကို ဇန္နဝါရီလ ၈ ရက္ေန႔ ညေန ၄ နာရီအခ်ိန္ အၿပီးသတ္ေခ်မႈန္းသိမ္းပိုက္ခဲ့ေၾကာင္း စခန္းကုန္းသိမ္းတိုက္ပြဲ အတြင္း ရန္သူဘက္မွ စစ္အသုံးအေဆာင္ပစၥည္းမ်ား ႏွင့္ လက္နက္ခဲယမ္း အမ်ား အျပားတို႔ကို သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရွိရသည္။

အလားတူ ဇန္နဝါရီလ ၈ ရက္ေန႔ ညသန္းေခါင္ ၁၂ နာရီအခ်ိန္ စစ္ေကာင္စီ၏ တိုက္ေလယာဥ္မ်ားက ေျမာက္ဦးၿမိဳနယ္၊ အိုးထိမ္းေက်း႐ြာႏွင့္ တိန္ညိဳ‌ ေက်း ႐ြာအနီးတစ္ဝိုက္သို႔ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့၍ အိုးထိမ္းေက်း႐ြာရွိ ‌ေန အိမ္ အခ်ိဳ႕မွာ လက္နက္ႀကီး က်ည္ထိမွန္၍ လုံးဝပ်က္စီးခဲ့ရေၾကာင္း၊ ေျမာက္ ဦး ၿမိဳနယ္၊ တိန္ညိဳေက်း႐ြာအတြင္းသို႔ စစ္တပ္က ဒ႐ုန္းျဖင့္ ဗုံးမ်ား က်ဲခ် တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။

ရကၡိဳင္ျပည္၊ ရမ္းၿဗဲၿမိဳ႕တြင္လည္း ရကၡိဳင့္တပ္ေတာ္ (AA) ႏွင့္ ၿမိဳတြင္း စခန္း ခ်တပ္စြဲထားသည့္ စစ္ေကာင္စီတပ္ဖြဲဝင္မ်ားအၾကား ထိေတြ႕တိုက္ပြဲမ်ား ဆက္ လက္ရွိေနခဲ့ေၾကာင္း၊ ဇန္နဝါရီလ ၈ ရက္ေန႔ ညသန္းေခါင္အခ်ိန္ ၁ နာရီခန႔္ အခ်ိန္ ရကၡိဳင္ျပည္၊ ဘူးသီးေတာင္ၿမိဳ၊ အမွတ္ ၅ ရပ္ကြက္ေန မြတ္စလင္ ၃ ဦးကို စစ္ေကာင္စီ၏ ဘူးသီးေတာင္အေျခစိုက္တပ္ရင္းမ်ားျဖစ္ၾကသည့္ “ခမရ ၂၃၃ ” ႏွင့္ “ခမရ ၂၆၃ ” တို႔က ေနအိမ္မ်ားအတြင္းသို အတင္းအဓမၼ အင္အား သုံးဝင္ေရာက္၍ မတရားဖမ္းဆီးေခၚယူသြားခဲ့ေၾကာင္း သိရွိရသည္။

ထို႔အတူ ပလက္ဝေဒသတစ္ခုလုံးရွိ စစ္တပ္စခန္းမ်ားကို အၿပီးသတ္ သိမ္း ပိုက္ ရယူႏိုင္ေရးအတြက္ မရပ္မနား ဆက္လက္ထိုးစစ္ ဆင္တိုက္ ခိုက္လ်က္ ရွိေၾကာင္း၊ ပလက္ဝအေနာက္ဘက္ျခမ္းရွိ စစ္ေကာင္စီ စခန္း အားလုံးမွာ လည္း ရကၡိဳင့္တပ္ေတာ္လက္ထဲသို က်ေရာက္ခဲ့ၿပီျဖစ္ေၾကာင္း၊ တစ္ၿပိဳင္နက္ တည္းတြင္ ပလက္ဝပတ္ဝန္းက်င္အနီး၌ သိမ္းပိုက္ရန္ က်န္ရွိေန ေသး ေသာ စခန္းမ်ားအား တစ္ခုမက်န္ သိမ္းပိုက္ရယူႏိုင္ရန္အတြက္ ေဆာင္႐ြ က္လ်က္ ရွိေၾကာင္း ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕က ေျပာဆိုသည္။

ဓာတ္ပုံ- ေက်ာက္ေတာ္ၿမိဳ႕နယ္၊ တင္းမ စစ္ေကာင္စီဗ်ဴဟာကုန္းကို AA တပ္ဖြဲ႕က သိမ္းပိုက္ထားစဥ္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *