အိန္ဒိယဘက် ထွက်ပြေးပြန်ဘီ ရာဂဏန်းဘဲဝေ့ အဘိုင်တို့တော့ အလုပ်ရှုပ်ကုန်ပြီ

ရခိုင်နှင့်ချင်း နယ်စပ်တိုက်ပွဲတွင် စစ်သားရာချီ အိန္ဒိယဘက် ထွက်ပြေးပြန်

AA နှင့် ချင်းတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော MDF တို့ တိုက်ခိုက်သိမ်းယူခဲ့သော ရှင်းလက်ဝစခန်းမှ ၁၀၄ ဦး၊ ပွိုင့် (၃၇၇) စခန်းကုန်းမှ ၁၅၁ ဦး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲသို့ ထွက်ပြေးကြသည်

ရှင်းလက်ဝစခန်းကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အိန္ဒိယဘက်သို့ ထွက်ပြေးစဉ် လိုက်လံ တိုက်ခိုက်ခဲ့ရာ ၁၀ ဦး အရှင်ဖမ်းမိပြီး ၆ ဦး သေဆုံးသွားသည်ဟု AA နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သည့် ချင်းတော်လှန်ရေးတပ်ဖွဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) က ပြောသည်

ပွိုင့် (၃၇၇) စခန်းကုန်းမှ စစ်သား ၁၅၁ ဦးသည်လည်း အိန္ဒိယဘက်သို့ ထွက်ပြေးသွား၍ အိန္ဒိယအစိုးရက ၎င်းတို့ကို စစ်ကောင်စီထံ ပြီးခဲ့သည့် ဇန်နဝါရီ ၂ ကမှ ပြန်လွှဲပြောင်းထားခဲ့ရာ ရှင်းလက်ဝမှ ထပ်ထွက်ပြေးသည့် စစ်သားများအကြောင်း မထုတ်ပြန်သေးပေ

ပလက်ဝတွင် စစ်ကောင်စီ ဗျူဟာကုန်း ၃ ခုကို AA က သိမ်းယူထားပြီး ဇန်နဝါရီ ၆ ရက်အထိ စာရင်းများအရ “၁၀၂၇” စစ်ဆင်ရေးစတင်သည့်နေ့မှစ၍

ဇန်နဝါရီ ၆ ရက်အထိ ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ဗျူဟာကုန်း ၄ ခုအပါအဝင် စစ်တပ်စခန်း ၁၄၈ ခုကို သိမ်းပိုက်ရရှိထားသည်။







Author: admin

Leave a Reply

Your email address will not be published. Required fields are marked *