ရခိုင်ဘက်မှာလည်း ရွှေဘတို့ ချကုန်ပြီ…လနက်တွေ

နှစ်ချီကာ အခိုင်အမာတပ်စွဲထားသည့် ကျောက်တော်ရှိ တောင်ရှည်တောင်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲဝင်အားလုံး AA ထံ လက်နက်ချအညံ့ခံ

ဇန်နဝါရီ ၈ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြိုနယ်၊ တင်းမရွာရှိ တောင်ရှည်တောင် ဗျူဟာကုန်းကြီး တစ်ခုလုံးမှ

စစ်ကောင်စီတပ်ဖွဲဝင်များအားလုံး ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချအညံ့ခံခဲ့ကြောင်း သိရ သည်။

ကျောက်တော်မြို့၏အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး စစ်ရေးအရ ဗျူဟာကျသော ထိုစခန်းသည် ၁၀ ရက်ကျော်ကြာ အပြင်းအထန်ခုခံပြီးနောက် လက်နက်ချခဲ့ခြင်းဖြစ်သည်။

“AA ဘက်က အလံဖြူထောင်ခိုင်းတယ်။ ဒါပေမဲ့ မထောင်ဘူး။ ခုခံတယ်။ ဒါကြောင့် ဒီဘက်ကလည်း စွမ်းစွမ်းတမံနဲ့ အင်အားအပြည့်နဲ့ ချေမှုန်းပစ်တော့ လက်နက်ချကြတယ်” ဟု တင်းမဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ချခဲ့သော ထိုဗျူဟာကုန်းနေရာကို ယနေ့ နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ႏွစ္ခ်ီကာ အခိုင္အမာတပ္စြဲထားသည့္ ေက်ာက္ေတာ္ရွိ ေတာင္ရွည္ေတာင္ဗ်ဴဟာကုန္းမွ စစ္ေကာင္စီတပ္ဖြဲဝင္အားလုံး AA ထံ လက္နက္ခ်အညံ့ခံ

ဇန္နဝါရီ ၈ ရက္

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳနယ္၊ တင္းမရြာရွိ ေတာင္ရွည္ေတာင္ ဗ်ဴဟာကုန္းႀကီး တစ္ခုလုံးမွ

စစ္ေကာင္စီတပ္ဖြဲဝင္မ်ားအားလုံး ရကၡိဳင့္တပ္ေတာ္ (AA) ထံ လက္နက္ခ်အညံ့ခံခဲ့ေၾကာင္း သိရ သည္။

ေက်ာက္ေတာ္ၿမိဳ႕၏အေရွ႕ေျမာက္ဘက္ ၁၂ မိုင္ခန႔္အကြာတြင္ တည္ရွိၿပီး စစ္ေရးအရ ဗ်ဴဟာက်ေသာ ထိုစခန္းသည္ ၁၀ ရက္ေက်ာ္ၾကာ အျပင္းအထန္ခုခံၿပီးေနာက္ လက္နက္ခ်ခဲ့ျခင္းျဖစ္သည္။

“AA ဘက္က အလံျဖဴေထာင္ခိုင္းတယ္။ ဒါေပမဲ့ မေထာင္ဘူး။ ခုခံတယ္။ ဒါေၾကာင့္ ဒီဘက္ကလည္း စြမ္းစြမ္းတမံနဲ႔ အင္အားအျပည့္နဲ႔ ေခ်မႈန္းပစ္ေတာ့ လက္နက္ခ်ၾကတယ္” ဟု တင္းမေဒသခံ အမ်ိဳးသားတစ္ဦးက ေျပာသည္။

လက္နက္ခ်ခဲ့ေသာ ထိုဗ်ဴဟာကုန္းေနရာကို ယေန႔ နံနက္ ၉ နာရီခန႔္တြင္ စစ္ေကာင္စီက ေလေၾကာင္းျဖင့္ ဗုံးၾကဲတိုက္ခိုက္မႈျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *