တပ်တွင်းပွဲတွေက စပြီဗျာ အကောင်ကြီးတွေကို ဆွဲစိထားပြီတဲ့

“လောက်ကိုင် ဒကစ တွင် လက်နက်ချခဲ့ သော ဗိုလ်မှူးချုပ် ခြောက်ဦးကို စစ်ကောင်စီက ဖမ်းဆီး အချုပ်ချထား”

လောက်ကိုင်တွင် လက်နက်ချပြီး လားရှိးပြန်သွားသော လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှ ဗိုလ်မှူးချုပ် ခြောက်ဦး အပါအဝင် အရာရှိတွေကို အကြမ်းဖက် စစ်ကောင်စီက လားရှိး ရဲစခန်းအချုပ်တွင် ဖမ်းဆီး ချုပ်နှောင်ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲနှင့် နီးစပ်တဲ့ သတင်းရင်းမြစ်ထံမှ သိရပါတယ်။

“လောက်ကိုင်က ပြန်ရောက်ကတည်းက လားရှိးအချုပ်ထဲ ထည့်ထားတာ။ ဘာဆက်လုပ်မလဲ‌တော့ မသိဘူး။ ဒါပေမယ့် ဗိုလ်မှူးချုပ် ခြောက်ယောက်စလုံး အကုန်အချုပ်ထဲမှာ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောဆိုပါတယ်။

လောက်ကိုင် ဒကစမှ ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် အပါအဝင် ဗိုလ်မှူးချုပ် ခြောက်ဦး၊ အရာရှိ ၂၂၈ ဦး၊ အခြားအဆင့်ရှိသူ ၁၈၉၅ ဦးတိုဟာ မိသားစုဝင် ၁၆၀၁ ဦးနှင့်အတူ ဇန်နဝါရီ ၄ ရက်နေ့က MNDAA ထံ လက်နက်ချခဲ့ကြတာပါ။

ဇန်နဝါရီလ ၅ ရက်နေ့မှာ ပွိင့် ၂၀၂၂ ( ခေါ်) နမ်ထင်အိန်ရှန်း စခန်းကုန်းမှာ စစ် ကောင်စီ တပ်ဖွဲဝင် ၂၆၆ ဦး ထပ်မံ လက်နက်ချခဲ့တာကြောင့် စစ် ကောင်စီ တပ်သား ၂၄၀၀ ခန့်နှင့် မိသားစုဝင် ၁၆၀၁ ဦး၊ စုစု ပေါင်း ၄၀၀၀ ခန့် လက်နက်ချခဲ့ကြကြောင်း သိရပါတယ်။

မြန်မာ့စစ်တပ် သမိုင်းတွင် စစ်တပ်မှ တစ် နေရာတည်းတွင် စစ်သား ထောင်နှင့်ချီ လက်နက်ချခြင်းဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး ၁၀၂၇ စစ်ဆင် ရေးတွင် စစ် ကြောင်းလိုက်၊ တပ်ရင်းလိုက် စစ်သား ရာနှင့်ချီ လက်နက်ချခဲ့ခြင်းများ ရှိ ခဲ့သော်လည်း ယခုအကြိမ်မှာ အများဆုံး ဖြစ်ပါတယ်။

ဒကစမှ လက်နက်ချသူများကို ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် ၎င်းတိုပြန်လိုရာသို ပြန်နိုင်ရန် MNDAA က စီစဥ် ပေးခဲ့ ပြီး ဇန်နဝါရီ ၄ ရက်နှင့် ၅ ရက်က လက်နက်ချသူများကို MNDAA က ကျိုင်းတုံနှင့် လားရှိးမြိုသို ပိုဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

စစ် ကောင်စီ တပ်ဖွဲဝင်များမှာ ကား၊ ဆိုင်ကယ်တိုဖြင့် လောက်ကိုင်မှ ပြန်ကြ သော်လည်း ဗိုလ်မှူးချုပ် ၆ ဦးမှာ တန့်ယန်းမှ ရဟတ်ယာဥ်ဖြင့် လာရှိးသို သွားခဲ့ခြင်းဖြစ် ကြောင်း၊ ပြန်ရောက်လာသူများထဲမှ အရာရှိများကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးထားပြီး အခြားအဆင့်များကို ရှေ့တန်းသို ပြန်လွှတ်နေကြောင်း သိရှိရပါတယ်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *