ကရင်ဘက်မှာလည်း ပြေးကြပြန်ပီ

KNUတပ်မဟာ(၂)တွင် သုံးရက်အတွင်း စစ်ကောင်စီတပ်စခန်း ၃ခု စွန့်ခွာထွက်ပြေး

People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တောအူး(တောင်ငူ)ခရိုင်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်စခန်း တစ်ခုထပ်မံစွန့်ခွာ ထွက်ပြေးသွား၍ ၃ရက်အတွင်း စစ်စခန်းသုံးခုကို စစ်ကောင်စီက စွန့်ခွာသွားကြောင်း KNU ကထုတ်ပြန်သည်။

တောင်ငူခရိုင်၊ တပ်မဟာ (၂)၊ ထောတထူ(ထန်းတပင်)မြို့နယ်၊ ဒေးလိုကျေးရွာအုပ်စု၊ မူဆာလေးတပ်စခန်းမှ စကခ (၂၀) အောက်ရှိ ခမရ−၅၈၁ တပ်သားများမှာ ယခု ဇန်နဝါရီ ၂ရက်တွင် ၎င်းတို့၏ စခန်းများအား စွန့်ခွာပြီး ထွက်ပြေးသွားကြသည်ဟု ဖော်ပြသည်

အဆိုပါစခန်းသည် ၂၀၁၃မှစတင်တပ်စွဲထား ခြင်းဖြစ်ပြီး သောက်ရေခပ် အမှတ် (၂)ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာလုံခြုံရေး ယူထားသည့် တပ်စခန်းဖြစ်သည်။

အဆိုပါ တပ်စခန်းစွန့်ခွာသွား၍ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၆)မှ အဆိုပါ စခန်းအား ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ ကြောင်း အသိပေးသည်။

တောင်ငူ ခရိုင်အတွင်း ၂၀၂၃ ဒီဇင်ဘာ ၃၁ရက် တွင် ဖလေးဆာလိုတပ်စခန်း၊ ၂၀၂၄ ဇန်နဝါရီ (၂) ရက်တွင် ကလောမီဒဲ တပ်စခန်းကြီးတို့မှ အသီးသီး စွန့်ခွာထွက်ပြေးသွားခဲ့သည်။

ထိုသို့ စစ်စခန်းများ စွန့်ခွာသွားသောကြောင့် မူဆာလေးတပ်စခန်းရှိ စစ်ကောင်စီတပ်များ သည်လည်း မနေရဲတော့ဘဲ ၎င်းတို့၏ တပ်စခန်းများကို စွန့်ခွာထွက်ပြေးသွားရခြင်းဖြစ်သည်ဟု ဆိုသည်။

(တောအူး(တောင်ငူ)ခရိုင်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ တပ်စခန်းများအား KNLAမှ မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

KNUတပ္မဟာ(၂)တြင္ သုံးရက္အတြင္း စစ္ေကာင္စီတပ္စခန္း ၃ခု စြန႔္ခြာထြက္ေျပး

People’s Spring

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) ေတာအူး(ေတာင္ငူ)ခရိုင္အတြင္းရွိ အာဏာသိမ္းစစ္ေကာင္စီတပ္စခန္း တစ္ခုထပ္မံစြန႔္ခြာ ထြက္ေျပးသြား၍ ၃ရက္အတြင္း စစ္စခန္းသုံးခုကို စစ္ေကာင္စီက စြန႔္ခြာသြားေၾကာင္း KNU ကထုတ္ျပန္သည္။

ေတာင္ငူခရိုင္၊ တပ္မဟာ (၂)၊ ေထာတထူ(ထန္းတပင္)ၿမိဳ႕နယ္၊ ေဒးလိုေက်းရြာအုပ္စု၊ မူဆာေလးတပ္စခန္းမွ စကခ (၂၀) ေအာက္ရွိ ခမရ−၅၈၁ တပ္သားမ်ားမွာ ယခု ဇန္နဝါရီ ၂ရက္တြင္ ၎တို႔၏ စခန္းမ်ားအား စြန႔္ခြာၿပီး ထြက္ေျပးသြားၾကသည္ဟု ေဖာ္ျပသည္

အဆိုပါစခန္းသည္ ၂၀၁၃မွစတင္တပ္စြဲထား ျခင္းျဖစ္ၿပီး ေသာက္ေရခပ္ အမွတ္ (၂)ေရအားလၽွပ္စစ္ထုတ္လုပ္ေရး ေရကာတာလုံျခဳံေရး ယူထားသည့္ တပ္စခန္းျဖစ္သည္။

အဆိုပါ တပ္စခန္းစြန႔္ခြာသြား၍ ကရင္ အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (K.N.L.A) တပ္ရင္း (၆)မွ အဆိုပါ စခန္းအား ရွင္းလင္းေရးလုပ္ငန္းမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ မီးရွို႔ဖ်က္ဆီးခဲ့ ေၾကာင္း အသိေပးသည္။

ေတာင္ငူ ခရိုင္အတြင္း ၂၀၂၃ ဒီဇင္ဘာ ၃၁ရက္ တြင္ ဖေလးဆာလိုတပ္စခန္း၊ ၂၀၂၄ ဇန္နဝါရီ (၂) ရက္တြင္ ကေလာမီဒဲ တပ္စခန္းႀကီးတို႔မွ အသီးသီး စြန႔္ခြာထြက္ေျပးသြားခဲ့သည္။

ထိုသို႔ စစ္စခန္းမ်ား စြန႔္ခြာသြားေသာေၾကာင့္ မူဆာေလးတပ္စခန္းရွိ စစ္ေကာင္စီတပ္မ်ား သည္လည္း မေနရဲေတာ့ဘဲ ၎တို႔၏ တပ္စခန္းမ်ားကို စြန႔္ခြာထြက္ေျပးသြားရျခင္းျဖစ္သည္ဟု ဆိုသည္။

(ေတာအူး(ေတာင္ငူ)ခရိုင္အတြင္းရွိ အာဏာသိမ္းစစ္ေကာင္စီ တပ္စခန္းမ်ားအား KNLAမွ မီးရွို႔ဖ်က္ဆီးၿပီးေနာက္ ေတြ႕ရစဥ္။ ဓာတ္ပုံ – KNU)

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *