နောက်ထပ် လက်ဆောင်တစ်ခု ‘ ကွတ်ခိုင် ‘ သာသာယာယာပဲတဲ့😊

ကွတ်ခိုင်တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ဗျူဟာ (စဗခ) မဟာမိတ်အဖွဲ့ထံ လက်နက်ချ

ဧရာ၀တီတိုင်းမ် ဇန်နဝါရီ ၆ ရက်

ကွတ်ခိုင်တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီ၏ စစ်ဗျူဟာ(စဗခ)သည် ယနေ့ ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက မဟာမိတ်အဖွဲ့များထံ လက်နက်ချခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့ရှိ တိုင်းလက်အောက်ခံ အခြေချစစ်ဗျူဟာ(စဗခ)သည် ယနေ့ နံနက်ပိုင်းက ညီနောင်မဟာမိတ်အဖွဲ့များထံ လက်နက်ချအညံ့ခံခဲ့‌ကြောင်း စစ်ရေးသတင်းရင်းမြစ် များထံက သိရသည်။

“ကွတ်ခိုင် စစ်ဗျူဟာ(စဗခ)အကုန် မဟာမိတ်ဆီမှာ လက်နက်ချသွားတယ်။ အဲဒါရရင် နမ့်ဖတ်ကာလည်း လှုပ်သွားပြီ” ဟု မဟာမိတ်အဖွဲ့ရှိ စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါစစ်ဗျူဟာသည် ကွတ်ခိုင်မြို့တွင် နောက်ဆုံး ကျန်ရှိနေသည့် စစ်ဗျူဟာဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့ကတည်းက မဟာမိတ်အဖွဲ့များနှင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်

ဗျူဟာဖြစ်ပြီး စစ်ကောင်စီကလည်း လေကြောင်းမှ စစ်ကူဖြည့်တင်းခြင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်၍ ဆက်တိုက် ကာကွယ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

စစ်တိုင်းများတွင် တိုင်းမှူး၊ ဒုတိုင်းမှူး၊ တိုင်းစစ်ဦးစီး ပထမတန်း ခုနစ် ယောက်ဖြင့် ဦးစီးထားကာ စဗခ သည် တိုင်းလက်အောက်ရှိ အခြေချစစ်ဗျူဟာဖြစ်ပြီး နယ်မြေ အလိုက် စစ်ဆင်ရေးတာ၀န်ယူရသည်။

စစ်ကောင်စီက ကွတ်ခိုင် စစ်ဗျူဟာကို အပြင်း အထန်ကာကွယ်နေခဲ့ပြီး ကွတ်ခိုင်မြို့ ပြင်ရပ်ကွက်များ နှင့် မြို့တွင်းရှိရပ်ကွက်များကို လေကြောင်းအသုံးပြု၍ ဗုံးများ ကြဲချခြင်း၊ ဒရုန်းဗုံးများဖြင့် အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့ကတည်းက ကွတ်ခိုင်မြို့ရှိ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့ပြီး မြို့အတွင်းပိတ်မိနေသည့် ပြည်သူ များနှင့် စစ်ဘေးရှောင်များကိုလူသားဒိုင်းပြုလုပ်၍ လက်နက်ကြီးများဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ချအညံ့ခံခြင်းနှင့်ပတ်သက်ပြီး မဟာမိတ်အဖွဲ့များမှ တရား၀င်ထုတ်ပြန်ထားခြင်းမရှိသေးဘဲ သိမ်းဆည်းရမိမှုနှင့်ပတ်သက်ပြီး ဧရာ၀တီတိုင်းမ်က အသေးစိတ် ဆက်လက်စုံစမ်းလျက်ရှိသည်။

ပုံစာ- ရှမ်းမြောက်တိုက်ပွဲများတွင် တွေရသည့် ညီနောင် မဟာမိတ် တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

ကြတ္ခိုင္တြင္ ေနာက္ဆုံးက်န္ရွိေနသည့္ စစ္ဗ်ဴဟာ (စဗခ) မဟာမိတ္အဖြဲ႕ထံ လက္နက္ခ်

ဧရာ၀တီတိုင္းမ္ ဇန္နဝါရီ ၆ ရက္

ကြတ္ခိုင္တြင္ ေနာက္ဆုံးက်န္ရွိေနသည့္ စစ္ေကာင္စီ၏ စစ္ဗ်ဴဟာ(စဗခ)သည္ ယေန႔ ဇန္နဝါရီ ၆ ရက္ေန႔ နံနက္ပိုင္းက မဟာမိတ္အဖြဲ႕မ်ားထံ လက္နက္ခ်ခဲ့ေၾကာင္း သိရသည္။

ကြတ္ခိုင္ၿမိဳ႕ရွိ တိုင္းလက္ေအာက္ခံ အေျခခ်စစ္ဗ်ဴဟာ(စဗခ)သည္ ယေန႔ နံနက္ပိုင္းက ညီေနာင္မဟာမိတ္အဖြဲ႕မ်ားထံ လက္နက္ခ်အညံ့ခံခဲ့‌ေၾကာင္း စစ္ေရးသတင္းရင္းျမစ္ မ်ားထံက သိရသည္။

“ကြတ္ခိုင္ စစ္ဗ်ဴဟာ(စဗခ)အကုန္ မဟာမိတ္ဆီမွာ လက္နက္ခ်သြားတယ္။ အဲဒါရရင္ နမ့္ဖတ္ကာလည္း လႈပ္သြားၿပီ” ဟု မဟာမိတ္အဖြဲ႕ရွိ စစ္ေရးသတင္းရင္းျမစ္က ဧရာ၀တီတိုင္းမ္ကို ေျပာသည္။

အဆိုပါစစ္ဗ်ဴဟာသည္ ကြတ္ခိုင္ၿမိဳ႕တြင္ ေနာက္ဆုံး က်န္ရွိေနသည့္ စစ္ဗ်ဴဟာျဖစ္ၿပီး ဇန္နဝါရီ ၁ ရက္ေန႔ကတည္းက မဟာမိတ္အဖြဲ႕မ်ားႏွင့္ အျပင္းအထန္ ထိုးစစ္ဆင္တိုက္ခိုက္ေနသည့္

ဗ်ဴဟာျဖစ္ၿပီး စစ္ေကာင္စီကလည္း ေလေၾကာင္းမွ စစ္ကူျဖည့္တင္းျခင္းႏွင့္ ဗုံးၾကဲတိုက္ခိုက္မႈမ်ားလုပ္ေဆာင္၍ ဆက္တိုက္ ကာကြယ္ တိုက္ခိုက္ ခဲ့ေၾကာင္း သိရသည္။

စစ္တိုင္းမ်ားတြင္ တိုင္းမႉး၊ ဒုတိုင္းမႉး၊ တိုင္းစစ္ဦးစီး ပထမတန္း ခုနစ္ ေယာက္ျဖင့္ ဦးစီးထားကာ စဗခ သည္ တိုင္းလက္ေအာက္ရွိ အေျခခ်စစ္ဗ်ဴဟာျဖစ္ၿပီး နယ္ေၿမ အလိုက္ စစ္ဆင္ေရးတာ၀န္ယူရသည္။

စစ္ေကာင္စီက ကြတ္ခိုင္ စစ္ဗ်ဴဟာကို အျပင္း အထန္ကာကြယ္ေနခဲ့ၿပီး ကြတ္ခိုင္ၿမိဳ႕ ျပင္ရပ္ကြက္မ်ား ႏွင့္ ၿမိဳ႕တြင္းရွိရပ္ကြက္မ်ားကို ေလေၾကာင္းအသုံးျပဳ၍ ဗုံးမ်ား ၾကဲခ်ျခင္း၊ ဒ႐ုန္းဗုံးမ်ားျဖင့္ အသုံးျပဳ၍ တိုက္ခိုက္ခဲ့ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ စစ္ေကာင္စီသည္ ၿပီးခဲ့သည့္ ဇန္နဝါရီ ၃ ရက္ေန႔ကတည္းက ကြတ္ခိုင္ၿမိဳ႕ရွိ အင္တာနက္လိုင္းႏွင့္ ဖုန္းလိုင္းမ်ား ျဖတ္ေတာက္ခဲ့ၿပီး ၿမိဳ႕အတြင္းပိတ္မိေနသည့္ ျပည္သူ မ်ားႏွင့္ စစ္ေဘးေရွာင္မ်ားကိုလူသားဒိုင္းျပဳလုပ္၍ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

စစ္ေကာင္စီတပ္မွ လက္နက္ခ်အညံ့ခံျခင္းႏွင့္ပတ္သက္ၿပီး မဟာမိတ္အဖြဲ႕မ်ားမွ တရား၀င္ထုတ္ျပန္ထားျခင္းမရွိေသးဘဲ သိမ္းဆည္းရမိမႈႏွင့္ပတ္သက္ၿပီး ဧရာ၀တီတိုင္းမ္က အေသးစိတ္ ဆက္လက္စုံစမ္းလ်က္ရွိသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *