ရောင်နီတွေ..သမ်းလာပြီဟေ့😘👏👏👏 ညီနောင်၃ဖွဲ့ကြေညာချက် မိုက်နေရော..ကွာ 🌿

လောက်ကိုင်တွင် ဗိုလ်မှူးချုပ် ၆ ဦးနှင့် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ လက် နက်ချ အလင်းဝင်မှု ဖက်ဆစ် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းဖြစ်ပြီး စစ်အာဏာရှင် နိဂုံးချုပ်မည့်အကြို ရက်ဟု ညီနောင် ၃ ဖွဲ့ ကြေညာ

ဇန်နဝါရီ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် ဗိုလ်မှူးချုပ် ၆ ဦးနှင့် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ လက်နက်ချ အလင်းဝင်မှုသည် ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က တရားဝင်ထုတ်ပြန် ကြေညာသည်။

၁၀၂၇ စစ်ဆင်ရေး၏ ၇၁ ရက်မြောက်နေ့ဖြစ်သော ဇန်နဝါရီလ ၅ ရက်နေ့တွင် ထောင်ချီသောတပ်ဖွဲဝင်များပါဝင်သည့် ဒကစ (လောက်ကိုင်) တစ်ခုလုံးအပါအဝင် ၎င်းပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံးတိုမှ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီ ဖြစ်ကြောင်း၊ ထိုမြင်ကွင်းမှာ “မြန်မာ့တပ်မတော်” ဟုခေါ်သော စစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ်နိဂုံးချုပ်မည့် အကြိုနေ့ရက်များပင်ဖြစ်ကြောင်း ပြောဆိုသည်။

ယမန်နေ့ လက်နက်ချအညံ့ခံကြသောသူများထဲတွင် ဒကစ (လောက်ကိုင်) ကို စစ်ကူပေးရန်ရောက်ရှိလာကြသော မြန်မာနိုင်ငံအနှံရှိ တပ်မ၊ တပ်ရင်းများအစုံထဲမှ တစ်ယောက်မကျန်ပါဝင်ခဲ့ကြောင်း၊ လက်နက်ချအညံ့ခံသူများအားလုံးထဲတွင် အရာရှိ ၂၂၈ ဦးပါဝင်ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၆ ဦးပါဝင်ကာ

ရဲဘော်မှ အခြားအဆင့်ရှိသူ ၁၈၉၅ ဦး ပါဝင်ကြောင်း၊ ထိုအတူ ၎င်းတို့၏ မိသားစုဝင်အားလုံး စုစုပေါင်း ၁၆၀၁ ဦး လည်း ပါဝင်ခဲ့ကြောင်း၊ လက်နက်ချ အလင်းဝင်သူများကို သွားလိုသည့်နေရာနှင့် လုံခြုံသောနေရာသို ပိုဆောင်ထားခဲ့ပြီလည်း ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆက်တွဲအနေဖြင့် ပွိင့် (၂၀၂၂) ဟုလူသိများသော ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း” မှ စစ်ကောင်စီတပ်ဖွဲဝင် ၂၆၆ ဦးတို့က လည်း နောက်ဆုံးအသုတ်အနေဖြင့် လက်နက်ချခဲ့သောကြောင့်

လက်နက်ချအလင်းဝင်သူ စုစုပေါင်းမှာ ၂၃၈၉ ယောက်အထိရှိခဲ့ပြီး ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်ကြောင်း ပြောဆိုသည်။

လက်နက်ချအညံ့ခံသောသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြသောသူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဤကဲ့သို သူများနည်းတူ

မြန်မာနိုင်ငံ၏ အခြားသော မည်သည့်နေရာ မဆို လက်နက်ချအလင်းဝင်လိုသည်ဖြစ်စေ၊ ပြည်သူ့ရင်ခွင်ထဲ ဝင်ရောက်ခိုလှုလိုသည်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း MNDAA က ကြေညာသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *