ဝ တို့ပါ ပါလာပီ အဘရေ့ ပွဲကကြည့်ကောင်းပြီ

ဟိုပန်မြို့မှ စစ်တပ်စခန်းနှင့်ရုံးများကို ညီ​နောင်မဟာမိတ်သုံးဖွဲ့က တိုက်ခိုက်သိမ်းယူပြီးနောက် ဝတပ်ဖွဲ့ထံ လွှဲ​အပ်

မအလ အနာကြီက အရင်ထဲက စပ်နေပါတယ်ဆိုမှ UWSA “ဝ”က ဆားနဲ့ လာပက်လိုက်ပြီဆိုတော့😀မအလခင်ဗျာ ဘယ်လောက်တောင် စပ်နေမလဲလေ

People’s Spring

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့မှ စစ်ကောင်စီတပ်စခန်းအချို့နှင့် စစ်​ကောင်စီရုံးများကို ညီ​နောင်မဟာမိတ်သုံးဖွဲ့က တိုက်ခိုက်သိမ်းယူပြီးနောက် ဝတပ်ဖွဲ့ထံ လွှဲအပ်​ပေး လိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

ဟိုပန်မြို့ရှိ ခလရ ၁၄၅တပ်ရင်း၊စစ်ကောင်စီလက်အောက် ခံ ရဲစခန်း၊ ဆေးရုံအပါအဝင် ဌာနဆိုင်ရာရုံးများကိုမြောက်ပိုင်းညီ​နောင်မဟာမိတ်သုံးဖွဲ့ကယနေ့နံနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်

” စစ်တပ်က အရာရှိကြီးတွေက ခလရ ၁၄၅ထဲမှာ သွားနေတယ်။လက်နက်ချဖို့ ညှိနှိုင်းနေတယ်။ ရုံးဌာနတွေလည်း အကုန်သိမ်းယူထားပြီး ဝ ကို မဟာမိတ်က အပ်လိုက်တယ်။ တမြို့လုံးကို ဝက ထိန်းချုပ်ထားပါတယ်” ဟု မြေပြင်စစ်​ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်

လက်ရှိတွင် ဟိုပန်မြို့ကို ဝတပ်မတော်၊တပ်မဟာ ၃၁၈က ထိန်းချုပ်ထားပြီး မြောက်ပိုင်းမဟာမိတ်ရဲဘော်များနှင့် ဝတပ်ဖွဲ့ဝင်များကို အတူတွဲလျက်တွေ့ရသည်ဟု ဒေသခံများကပြောသည်

ဟိုပန်မြို့သည် ချင်းရွှေဟော်၊ကွမ်းလုံမြို့တို့နှင့် ထိစပ်နေပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကချင်း​ရွှေ​ဟော်နှင့် ကွမ်းလုံမြို့တို့ကို ဆိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီး​နောက် အဆိုပါမြို့နယ်နှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ဌာနဆိုဝန်ထမ်းများ လာရောက် ရှောင်တိမ်းနေသော​ဒေသဖြစ်သည်။

ဝတပ်ဖွဲ့-UWSA နှင့် စစ်တပ်မှာ ကာလရှည်အပစ် အခတ်ရပ်စဲထားပြီးနှစ်ဖက် ငြိမ်းချမ်း​ရေး ယူထားခြင်းဖြစ်သည်



People’s Spring







Author: admin

Leave a Reply

Your email address will not be published. Required fields are marked *