မှူးကြီး တကောင် ရှောပြန်ပီ မြိန်ချက်

မင်းတပ်မြို့ တိုက်ပွဲတွင် စနိုက်ပါ ထိမှန်ခဲ့သော ဗိုလ်မှူး ၁ ဦး သေဆုံး၊ ယင်းမာပင်မြို့ရှိ စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် ဆေးရုံတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ဇန်နဝါရီ ၅

ချင်းပြည်နယ်၊ မင်းတပ်မြို့ တိုက်ပွဲတွင် စနိုက်ပါ ထိမှန်ခဲ့သော ဗိုလ်မှူး ၁ ဦးသေဆုံးသွားကြောင်း Chin Defence Force -Mindat မှ တာဝန်ရှိသူ တစ်ဦးက မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင် မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်၌ အကြမ်းဖက် စစ်တပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တို့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး စနိုက်ပါ ထိမှန်ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးသွားကြောင်း သိရသည်။

“အခု အတည်ပြုနိုင်တာက စနိုက်ပါထိတဲ့ ဗိုလ်မှူး ၁ ဦး သေတယ်လို့ သိရတယ်” ဟု Chin Defence Force -Mindat မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် ဆေးရုံတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက မီဒီယာသို့ ပြောဆိုသည်

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ ၁၂ နာရီထိ ယင်းမာပင်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် ဆေးရုံတို့ကို Chindwin Toe Na Yar တပ်ဖွဲ့က ၆၀ မမ ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်

မင္းတပ္ၿမိဳ႕ တိုက္ပြဲတြင္ စနိုက္ပါ ထိမွန္ခဲ့ေသာ ဗိုလ္မႉး ၁ ဦး ေသဆုံး၊ ယင္းမာပင္ၿမိဳ႕ရွိ စစ္တပ္ တပ္စြဲထားေသာ ရဲစခန္းႏွင့္ ေဆး႐ုံတို႔ကို လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္

ဇန္နဝါရီ ၅

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕ တိုက္ပြဲတြင္ စနိုက္ပါ ထိမွန္ခဲ့ေသာ ဗိုလ္မႉး ၁ ဦးေသဆုံးသြားေၾကာင္း Chin Defence Force -Mindat မွ တာဝန္ရွိသူ တစ္ဦးက မီဒီယာသို႔ ေျပာဆိုသည္။

ဇန္နဝါရီလ ၁ ရက္ေန႔တြင္ မင္းတပ္ၿမိဳ႕၊ အေရွ႕ျပင္ရပ္ကြက္၌ အၾကမ္းဖက္ စစ္တပ္ႏွင့္ ခ်င္းကာကြယ္ေရးတပ္ဖြဲ႕ (မင္းတပ္) တို႔ တိုက္ပြဲျဖစ္ပြားၿပီး အၾကမ္းဖက္ စစ္တပ္ဘက္မွ ဗိုလ္မႉး ၁ ဦး စနိုက္ပါ ထိမွန္ခဲ့ၿပီး လက္ရွိခ်ိန္တြင္ ေသဆုံးသြားေၾကာင္း သိရသည္။

“အခု အတည္ျပဳနိုင္တာက စနိုက္ပါထိတဲ့ ဗိုလ္မႉး ၁ ဦး ေသတယ္လို႔ သိရတယ္” ဟု Chin Defence Force -Mindat မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။
ထို႔ျပင္

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕ရွိ အၾကမ္းဖက္ စစ္တပ္ တပ္စြဲထားေသာ ရဲစခန္းႏွင့္ ေဆး႐ုံတို႔ကို လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း Chindwin Toe Na Yar အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက မီဒီယာသို႔ ေျပာဆိုသည္

ဇန္နဝါရီလ ၄ ရက္ေန႔ နံနက္ ၁၁ နာရီ ၃၀ မိနစ္မွ ၁၂ နာရီထိ ယင္းမာပင္ၿမိဳ႕ရွိ အၾကမ္းဖက္ စစ္တပ္ တပ္စြဲထားေသာ ရဲစခန္းႏွင့္ ေဆး႐ုံတို႔ကို Chindwin Toe Na Yar တပ္ဖြဲ႕က ၆၀ မမ ၊ ၈၀ မမ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္

အဆိုပါ တိုက္ခိုက္မႈအတြင္း အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ား ထိခိုက္ေသဆုံးမႈ အေရအတြက္ကို အတည္မျပဳနိုင္ေသးဘဲ ေတာ္လွန္ေရး ရဲေဘာ္မ်ား အထိအခိုက္မရွိ ျပန္လည္ ဆုတ္ခြာနိုင္ခဲ့ေၾကာင္း သိရွိရသည္

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *